အမြဲတမ်းတော့ မပြုံးတက်ပါဘူး တစ်ခါတရံ့လောက်သာ ပြုံးတယ်ထင်ပါတယ် သတိမထားမိတာကများတယ်လေ
မိန်းကလေးတစ်ယောက်မှာ အပြုံးသည် အရေးကြီးလှပါသည် အပြုံးတစ်ခုနဲ့ကျန်သော
အားနည်းချက်များကို ဖုံးလွှမ်းကွယ်ထားနိုင်စွမ်းရှိပါသည် ပုရိသတို့ရဲ့ အကြိုက်သည် စိန်
ရွှေရတနာ အဝတ်အစား အသုံးအဆောင်တို့ထက် အဘယ်အရာသည်ကား စိတ်ကို ကိုင်း
ညွှတ်စေသနည်းဆိုသည်ကို သိသူအတော်နည်းပါသည် မိန်းကလေးတစ်ယောက်ရဲ့အပြုံး
သည် အရာအားလုံးမဟုတ်သော်လည်း အမှုအတော်များများကို ပြေလည်သွားစေနိုင်သည်
ဟန်ဆောင်ပြုံပင်ဖြစ်စေကာမှု ထိုအပြုအမူသည် အတော်လေးကို တာသွားပါသည်
အပြုံးတစ်ခုနဲ့ အပူအပင်တွေကို ငြိမ်းအေးစေနိုင်သည် ဘဝအမောတွေကို အတန်ငယ်
ပြေလျှော့စေနိုင်သည် ခက်ခဲ မွန်းကြပ်မှုများမှ အပြုံးရဲ့စွမ်းအားဖြင့် လွတ်မြောက်စေ
နိုင်ပါသည် မပြုံးမရယ် အောက်သိုးသိုး မိန်းကလေးတစ်ယောက်ကို ပိုင်ဆိုင်ထားသော
သူသည် စိတ်ချမ်းသာမှု ရနိုင်ရန် ခက်ခဲလေမည် ထိုအရာသည် အဘယ်မျှ အရေးကြီး
သည်ကို နောင်အခါမှသာ သိသော သူတို့သာများပါသည်
အတွင်းစိတ် အဘယ်သို့ရှိနေစေကာမူ အပြင်ပန်း အပြုံးလေးတစ်ခုနဲ့ ကြီးမားသော စိတ်ချမ်းသာမှု
စိတ်ကျေနပ်မှုကို ပေးနိုင်စွမ်းလှသည်ဟု ဆိုကြပါသည်
အပြုံး တစ်ခုရဲ့အစွမ်းသည် ပြောကုန်နိုင်ဖွယ်မရှိပါဘူး လူတိုင်းပြုံးနိုင်သည်ဟုတော့ မပြောနိုင်ပါ
အပြုံးလောက် ကုန်ကျစားရိတ်သက်သာသော အဆောင်ကောင်း အပြုအမူကောင်းကို
လက်ဝယ်ဆောင်ထား ကျင့်သုံးနိုင်သူ အတော်ရှားသေးသည် လူအများသည် စိတ်ထဲရှိ
သည့်အတိုင်း မျက်နှာသွင်ပြင်မှာ ဖေါ်ပြတက်ကြသည် လူအများသည် အမြဲစိတ်ချမ်းသာ
ကျေနပ်နေတက်သော သဘာဝမရှိပါ ဒါကြောင့် အပြုံးတွေသည် အချိန်များများ တွေ့မြင်ရ
လေ့မရှိပါ အပြုံးသည် ပျောက်ကွယ်လုလု ရှိလေသည် ထိုအပြုံးသည် ဒေါသတွေကို ပြေယငိမ်း
စေနိုင်သည် ချစ်ခြင်းကို စတင်စေနိုင်သည် အခက်အခဲများကို ကျော်လွှားစေနိုင်သည်
အပြုံး တစ်ပွင့်သာ ပေးပါ ဒီလောကကြီးကို မင်းအတွက် ကိုယ် သိမ်းပိုက်ပေးနိုင်
ပါသည်ဟု ဆိုလာပါက ဒါဟာအလွန်အကျုး ဆိုဖွဲ့သည်ဟု မထင်လိုက်ပါနဲ့ အမှန်ကို ဆိုလို
ခြင်းသာဖြစ်ပေမည်