ချစ်သူလေးနဲ့မျက်လုံးခြင်း ဆုံလိုက်တဲ့ အခိုက်အတန့် တွေတိုင်းက
ငါ့ရင်မှာတော့အကြင်နာမြစ်တစ်စင်းလို ငါ့သွေးကြောထဲကို ဖြတ်စီးသွားတယ်
တကယ်တော့အချိန်ကခဏလေး လင်းလက်သွားတဲ့ လျှပ်စီးရောင်အောက်မှာ
အသည်း ထဲ နှလုံးသားထဲ
ဝိုးတဝါးနဲ့ တွေလိုက်ရတယ် ခံစားမှုတွေက အဆုံးမရှိခဲ့ပါ
ဒါ ချစ်ခြင်းရဲ့ သဘောလားလို့ မေးချင်ခဲ့မိတယ် သူတော့ မသိနိုင်တော့ပါ
သူ့ အကြည့်ရဲ့ ဆွဲငင်အားနဲ့ ငါ့နှလုံးသားမှာ
တွယ်တာရစ်လေသောသံယောဇဉ် ဒီရေတွေတရိပ်ရိပ်တိုး အဆုံးမရှိခဲ့ပါ
အဲ့ဒီအချိန်တွေတိုင်းကနှလုံးသား ဆည် ကျိုးတဲ့နေ့ တွေပါဘဲ အမြဲတမ်းအတွက်တော့ ဆုတောင်းတယ်
ငါ့ နှလုံးသားရဲ့ အဖြူရောင် တံတိုင်းကြီးလည်း ကျိုးပေါက်သွားတယ်လေ
တစ်နေ့ပီးတစ်နေ့ တိုးတိုးလာတဲ့ ချစ်ခြင်း တွေကို ထမ်းပိုးရင်းက အချိန်တွေကို ကုန်လွန်မြန်စေခဲ့တယ်
မင်းကိုယုံကြည်မှုတွေက ထင်မှတ်မထားဘဲ သူ့ အလိုလို ပြိုကျသွားတဲ့တစ်နေ့တော့
ချစ်စကားတွေ မချို မြိန်တော့ပါကွယ်
ငါ့နှလုံးသားတွေ တစစီ