စိတ်ထဲမှာ ရုတ်တရက်ပေါ်လာတဲ့ အတွေးတစ်ခုကတော့ အပေါင်းအသင်းဆိုတာ အရေးကြီးပါလားဆိုတာပါဘဲ လူရယ်လို့ြဖစ်လာရင်တော့ အပေါင်းအသင်းဆိုတာကလည်း လွဲရှောင်လို့မရတဲ့ အဖြစ်ပါဘဲ ကိုယ်တစ်ယောက်တည်းအမြဲ နေလို့မှမရတာ တစ်ကြိမ်မဟုတ်တစ်ကြိမ်တော့ အများနဲ့ ပေါင်းသင်းဆက်ဆ့ကြရတယ်လေ ဒီတော့လည်း အပေါင်းအသင်းဆိုတာက ရှိလာရမှာပါဘဲ ရှိကိုရှိရမှာပါဘဲ အပေါင်းအသင်းကြောင့် လုပ်ငနး်ဆောင်တာတွေ အဆင်ပြေသွားနိုင်တာတွေ ရှိသလိုဘဲ အပေါင်းအသင်း ကြောင့်သာဘဲ အဆင်မပြေ ရတဲ့ အခြေအနေတွေရှိလာရပြန်ပါတယ်
Link
လူမိုက်နဲ့ မပေါင်းဖေါ်ရဘူးလို့ လူကြီးသူမတွေ ဆုံးမကြပါတယ် လူမိုက်နဲ့ ပေါင်းဖေါ်မိတဲ့အတွက် ပျက်စီးရတဲ့ သာဓကတွေလည်း မ ရေမတွက်နိုင်အောင်ရှိနေပါတယ ် လူမိုက်နဲ့ တစ်ကြိမ်တစ်ခါပေါင်းဖော်မိရုံနဲ့ ဘ၀တစ်ခုလုံး ဆင်းရဲဗျာပါဒကြုံ တွေ့ ကြရတာတော့ တကယ် မတန်ဘူးထင်ပါတယ် လူမိုက်ကြောင့် အကျိုးကျေးဇူးရှိသူတွေလည်း ရှိနိုင်ပါတယ် ချွင်းချက်ပေါ့ အများအားြဖင့်တော့ လူမိုက်နဲ့ပေါင်းဖေါ်မိလို့ ကိုယ်က အစမပြုရပါဘဲ အကုသိုလ်က ကိုယ့်ကို ရိုက်ခက်လာတဲ့ အ ခြေအနေတွေ ြဖစ်လာတာ ြမင်တွေ့ ခံစားလိုက်ရပါတယ်
လူမိုက်ကို ကင်းအောင်နေရမယ်လို့ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတောမှာ အရင်ဆုံး ဖေါ်ပြပါရှိတာ တွေ့ရပါလိမ့်မယ် လူမိုက်နဲ့ လုံးဝ မပါတ်သက်ရဘူးလို့လည်း ဆိုလိုဟန်တူပါရဲ့ တစ်ကြိမ်တစ်ခါတောင် မပါတ်သက်သင့်ဘူးလို့ ယတိပြတ် ညျွန်းဆိုထားတာတွေ့ရမှာပါ လူမိုက်ဆိုတာက ဘယ်သောအခါမှ ကောင်းကျိုးပြုနိုင်မယ်မဟုတ်ဘူးလို့ အတိအကျ ဆုံးမထားတာပါ လူမိုက်တစ်ယောက်ကြောင့် လူအများ သောကများရတက်ပါတယ် ကိုယ်ကမပါတ်သက်မိတာတောင် ပူလောင်မှုတွေ ခံစားရတက်ပြန်ပါသေးတယ်