အလုပ်အကိုင်သိပ်မဖြစ်တော့ အိမ်မှာဘဲ အနေများပါတယ် အိမ်မှာနေပြန်တော့လည်း တစ်ရက်ပြီးတစ်ရက် အချိန်ကုန်လာတယ် ဘာမှအကျိုးရှိအောင် မလုပ်ဖြစ်ပါဘူး ဒီနေ့မှာတော့ အိမ်ဘေးက စိုက်ခင်းလေးထဲဆင်းလို့ ဟင်းနုနွယ်ပင်လေးတွေ စိုက်ပျိုးဖြစ်ပါတယ် ဟင်းနုနွယ်က သွေးအားကို တိုးစေပြီး ကျန်းမာရေးအတွက် အများကြီး အထောက်အပံ့ဖြစ်စေပါတယ် သွေးပေါင်ကျနေသူများအတွက် ထိရောက်မှုမြန်ဆန်တဲ့ ဆေးဟင်းတစ်ခွက်လည်း ဖြစ်ပါတယ် သွေးပေါင်ကျနေချိန်မှာ ဟင်းနုနွယ် ရွက် တွေကို လက်လက်ဆက်ဆက် ခူးပြီး ကြက်သွန်ဖြူလေး ဆီသက်လို့ မကျက်တကျက်လေး ကြော်ပြီး ထမင်းပူပူလေးနဲ့ စားလိုက်ရင် သွေးပေါင်ချက်ချင်းတက်လာပါတယ် သွေးပေါင်ကျလို့ မူဝေသလိုခံစားရရင် အဲ့သလိုလေး လုပ်စားလိုက်တာပါဘဲ
ခုနောက်ပိုင်း အိပ်ရေးပျက်တာတွေများတော့ သွေးပေါင်က ခဏခဏ ကျနေတက်တယ်လေ
ဟင်းနုနွယ်ပင်တွေက အလေ့ကျပေါက်ပင်လေးတွေဖြစ်ပါတယ် သေချာ စနစ်တကျစိုက်ပျိုး ရင်တော့ ပိုမိုဖြစ်ထွန်းပါတယ် မိုးတွင်းကာလဆိုရင်တော့ အပင်တွေ ရှင်သန်ကြီးထွားမှု မြန်ဆန်ပါတယ် ဆောင်းကာလမှာလည်း စိုက်ပျိုး ရှင်သန်နိုင်ပါတယ်
ဆောင်းကာလဆိုရင်တော့ အပင်လေးတွေကို ရေလောင်းပေးဖို့လိုအပ်ပါတယ်
ပေါင်းမြတ်တွေကိုလည်း နှိမ်နင်းပေးဖို့လိုအပ်ပါတယ် ပေါင်းမြတ်တွေရှိနေရင် အပင် ရှင်သန်ကြီးထွားဖို့အတွက် နှောင့်နှေးစေနိုင်လို့ပါ
အချိန်အားဖြင့်လည်း ရက်ပေါင်းသုံးဆယ်ဝန်းကျင်လောက်သာ ကြာတဲ့အတွက် စိုက်ပျိုးပြီး အလျှင်အမြန်စားသုံးနိုင်ပါတယ် အိမ်မှာနေရင်း ဟင်းတစ်ခွက်အတွက်တော့ ပူစရာမလိုတော့ပါဘူး
သွေးပေါင်ကျတက်သူတွေအတွက်တော့ အိမ်မှာ စိုက်ပျိုး ထားသင့်ပါတယ် အလွယ်တကူ အသုံးပြုနိုင်တာဖြစ်လို့ အများကြီး အကျိုးကျေးဇူးများလှပါတယ်