https://pixabay.com/photos/smiley-love-laugh-sneakers-funny-1876322/
အိမ်ထဲမှာနေ အိမ်ပြင်မထွက်နဲ့ အိမ်ပြင်ထွက်ရင် ရောဂါကူးလိမ့်မယ် အိမ်ထဲကလူလဲ အပြင်ကို မသွားနဲ့ အိမ်ပြင်ကလူလည်း အိမ်ထဲကို မလာနဲ့ ဒါဆိုရင် ရောဂါ ကူးစက်နိုင်ချေက လုံးဝမရှိတော့ဘူး အပြင်ကိုလုံးဝမထွက်ကြဘူးဆိုရင်တော့ ရောဂါက မကူးနိုင်ဘူး အပြင်ထွက်မိရင်တော့ ဘယ်က ဘယ်လို ကူးလာမှန်းမသိဘဲ တစ်အိမ်လုံးက လူတွေ တစ်ယောက်ပြီးတစ်ယောက် ပြန်ကူးကုန်တာပါဘဲ အဲ့သလိုမဖြစ်အောင်လို့ အပြင်လောကနဲ့ အဆက်အသွယ်ဖြတ်ရပါလိမ့်မယ်
စားသောက်ရေးအတွက်တော့ ကြိုတင် ဝယ်ယူထားရပါတယ် တစ်လစာလောက်တော့ ဝယ်ထားနိုင်ရင် အဆင်ပြေပါတယ် ဟိုဟာလေးလိုလိုက် ထွက်ဝယ်လိုက် ဒီဟာလေး လိုလိုက် ထွက်ဝယ်လိုက်ဆိုရင်လည်း အိမ်မှာ နေတာဟာ ဘာမှမထူးပါဘူး အလုပ်ပျက်တာဘဲရှိပါလိမ့်မယ်
ဖြစ်နိုင်ရင် အိမ်အပြင်ကို လုံးဝ မထွက်ဘဲ အိမ်ထဲမှာ အိမ်သားအားလုံး ဆယ့်ငါးရက် တစ်လလောက် နေလိုက်တာ အကောင်းဆုံးပါ
ကူးစက်ရောဂါက အတောင်ပံမပါဘူးလို့ပြောပါတယ် လေထဲကနေ အိမ်ထဲကို ဝင်မလာနိုင်ပါဘူး လူလူချင်းဘဲ ပိုးက သယ်ဆောင် ကူးစက်တာဖြစ်လို့ လူတွေနဲ့ အဆက်အဆံ အထိအတွေ့မရှိရင် လုံးဝ မကူးစက်နိုင်ပါဘူး လူထူထပ်တဲ့နေရာတွေမသွားဘူး အိမ်သူ အိမ်သားတွေကလွဲပြီး အပြင်လူတွေနဲ့ မထိတွေ့ဘူး ဒါဆိုရင်တော့ လုံးဝမကူးစက်နိုင်ပါဘူး
အခုပိုးကူးစက်နုန်းက သိပ်ကိုမြန်ဆန်လွန်းပါတယ် သတင်းတွေကြားနေရတာ သိပ်မကောင်းပါဘူး ဒီနေ့ ရောဂါပိုးစစ်လို့တွေ့တယ် နေမကောင်းဘူး ဆေးရုံတက်တယ် နောက်ရက်မနက်ကျတော့ ဆုံးသွားပြီတဲ့ ကျန်းမာရေး အလွန်ကောင်းတဲ့သူတွေလည်း အဲ့သလို ရုတ်တရက်သေဆုံးတက်ပါတယ်
ရောဂါကို ခုခံနိုင်စွမ်းက တစ်ယောက်နဲ့ တစ်ယောက်မတူညီကြပါဘူး အချို့က ရောဂါကို ခုခံနိုင်စွမ်းရှိတယ် အနံ့လေးပျောက်တာနဲ့ အရသာလေးပျောက်တာလောက်ဘဲဖြစ်တယ် ပြန်လည် ကျန်းမာနေကောင်းလာနိုင်တယ်
အိမ်မှာ နာတာရှည် ရောဂါအခံ့ရှိသူနဲ့ သက်ကြီးရွယ်အိုတွေရှိရင် ပိုလို့ ဂရုစိုက်ရပါလိမ့်မယ် အသက်ငယ်ရွယ်သူ ကျန်းမာသူတွေဘဲဆိုပြီး ပေါ့ပေါ့ဆဆ မနေသင့်ပါဘူး
ရောဂါက လူတန်းစားမရွေး အရွယ်မရွေး ကူးစက်ပါတယ် အသက်ဆုံးရှံ့းနိုင်ပါတယ်
ကာကွယ်ဆေးတွေလည်း မထိုးနိုင်သေးတော့ အိမ်မှာနေတာဟာ အကောင်းဆုံးကာကွယ်ခြင်းပါဘဲ
လူသားအားလုံး ရောဂါကင်းဝေးနိုင်ကြပါစေလို့ ဆုတောင်းနေရပါတယ်
ကိုရိုနာ ဘိုင်းရက်စ် ရောဂါ အမြန်ဆုံး ကွယ်ပျောက်နိုင်ပါစေ
သာယာလှပသောနေ့ရက်လေးတွေကို ပြန်လည် ရရှိချင်မိပါတယ်