အိမ်ရှေ့က ခြံလေးထဲမှာ စိမ်းစိမ်းစိုစိုလေးနဲ့ သီးပင်စားပင်လေးတွေ စုံလင်လှပါတယ် မြေလွတ်မြေရိုင်းလေးကို ရှင်းလင်းပြီး စိတ်ရှည်ရှည်စိုက်ပျိုးလာခဲ့တာ အခုဆိုရင်တော့ အသီးအနှံအပင်လေးတွေက ရှင်သန်လို့ စားသုံးရန်အသင့်ရှိနေခဲ့ပါပြီ အိမ်မှာ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားခြင်းဖြင့် အိမ်အသုံးစားရိတ်ကို အများကြီးလျှော့ချနိုင်ပါတယ် ဈေးထဲမှာ ဝယ်ယူစားသုံးလျှင် ငွေကုန်ပြီး အသီးအနှံတွေက လက်ဆက်မှု သိပ်မရှိပါဘူး ကိုယ့် အိမ်ခြံထဲမှာဆိုရင်တော့ အလိုရှိတဲ့အချိန် လက်လက်ဆက်ဆက် ခူးယူစားသုံးနိုင်တာဖြစ်လို့ အများကြီးကို စိတ်ချမ်းသာ အဆင်ပြေစေပါတယ်
ဒီနေ့ပြောပြချင်တာကတော့ ရှမ်းနံနံပင်လေး အကြောင်းပါဘဲ ရှမ်းနံနံပင်လေးကိုလည်း စိုက်ပျိုးထားတာ စားသုံးရန် အသင့်ဖြစ်နေပါပြီ ရှမ်းနံနံကို ငါးဟင်းလို အညှီနံ့ပျောက်စေရန် အတွက် အသုံးပြုနိုင်သလို အထောင်းတွေထဲမှာလည်း ထည့်လျှင် အလွန်မွှေးပြီး စားသုံးလို့ ကောင်းလှပါတယ် သူ့အရွက်နဲ့ အမြစ်ကို အသုံးပြုနိုင်ပါတယ် သူကတော့ ကျန်းမာရေး အကျိုးကျေးဇူးတွေ အဟာရတန်ဖိုးတွေများစွာပါဝင်ပါတယ်
ရှမ်းနံနံက ရောဂါပိုးတွေကို ဝင်မလာနိုင်အောင် ကာကွယ်နိုင်တယ်လို့ဆိုထားပါတယ်
အထူးသဖြင့် အခုလို ကူးစက်ရောဂါတွေ အဖြစ်များနေချိန်မှာ စားသုံးသင့်ပါတယ် ကူးစက်ရောဂါတွေကို တားဆီးကာကွယ်နိုင်စွမ်း မြင့်မားပါတယ် ကူးစက်ရောဂါတိုက်ဖျက်ရေး အတွက် အများကြီး အသုံးဝင်ပါတယ်ရောဂါပိုးများကို သေစေနိုင်တယ်လို့သိရပါတယ် အထူးကောင်းမွန်တာကတော့ အသက်ရှုလမ်းကြောင်းရောဂါပိုးတွေကိုသေစေပါတယ် ခံတွင်းအနံ့မကောင်းခြင်းကိုလည်းသက်သာစေပါတယ်ခံတွင်းနဲ့ပါတ်သက်တဲ့ရောဂါတွေအတွက် စားသုံးပေးသင်တဲ့ အရွက်ဖြစ်ပါတယ်
တစ်ချို့ကတော့ ဒီအပင်လေးကို ကျောက်ကပ်ဆေးတဲ့အပင်လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ် သူကကျောက်ကပ်နဲ့ဆီးလမ်းကြောင်းအတွက်လည်း အထောက်အကူများစွာပေးပါတယ်မကြာခဏဆိုသလို စားသုံးပေးသင့်ပါတယ်
အိမ်မှာတော့ မကြာခဏဆိုသလိုဘဲ ရှမ်းနံနံပင်လေးကို ဟင်းချက်တဲ့အခါတိုင်း ပါဝင်အောင် စီမံချက်ပြုတ် စားသောက်ဖြစ်ပါတယ် သူ့ရဲ့အနံ့လေးကိုလည်း ကြိုက်နှစ်သက်မိပါတယ်