စိတ်ကူးယဥ်ခြင်းတွေနဲ့ အရူးထနေတယ်
လက်တလော လွမ်းနေတာများဟာ
ဒီလိုည၌ စိမ်းလန်းလေမြက်ခင်း
ဖိုးလမင်းရဲ့ အရောင်က
ေနာက်လာမယ့်အရာတွေကို ကွယ်ဝှတ်ထားတယ်
အဆင်မပြေမှုတွေနဲ့
စနစ်တကျလွှဲချော်မှုများဟာ
ငါ့ရင်ခုန်သံကို ရပ်တန့်ခွင့်ရမယ်ဆိုရင်
ဘယ်လျှောက်ရမှန်း မသိသေးတဲ့
နောက်တနေ့ မာယာလမ်းပေါ်မှာ
ငါ့ ဦးတည်ရာ လမ်း
ငါ့ ကိုယ်တိုင်း ဖောက်နေဆဲပေါ့။ ။
လေညင်းအဆွေးနဲ့လည်း မဆေးကြောချင်
စိမ်းဖန့်ဖန့် လရောင်ကလည်း
အရင်လောက် ညှို့အားမပြင်းတော့
တစ်ယောက်တည်း ရွက်လွှင့်ရတဲ့
မနက်ဖြန် လမ်းမတွေဟာ
ပျင်းရိ ငြီးငွေ့စရာတွေချည်းဘဲ။