https://www.freepik.com/free-photo/valentine-card-gift_1016047.htm#page=1&query=love&position=1
အချစ်ရဲ့အဓိပ္ပါယ်ကို ဖွင်ဆိုပြပါဆိုရင် ပေးဆပ်ခြင်း(သို့) ရယူခြင်း ဆိုသည့် ဒီနှစ်ချက်ထဲက တစ်ချက်ကို ဖြေကြလိမ့်မယ်။ဒါမှမဟုတ် နှစ်ခုထဲကတစ်ခုမှန်မယ်ဆိုပြီး ရယူပြီးရင်ပေးဆပ်ရမယ် လို့လည်း ဖြေရင်ဖြေကြလိမ့်မယ်ပေါ့။
တကယ်တမ်းတော့ အချစ်ဆိုသည်မှာ လက်ဆုပ်ထဲကိုရောက်ရှိလာတဲ့ သဲပွင့်လေးတွေလိုပါပဲလေ။ဘယ်လောက်ပဲတင်းကြပ်အောင်ဆုပ်ထားပါစေ လက်ထဲကနေ အပြင်ကို ထွက်ကျသွားတာပါပဲ။
မယုံရင် သဲပွင့်တွေကို လက်ထဲထည့်ပြီး တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကြည့်ပါ။
လူ့ဂွစာလို စိုနေတဲ့သဲဆိုရင်တော့ ရရင်လည်း ရနိုင်မှာပေါ့နော်။
အချစ်ရဲ့ သဘာဝကိုက လွတ်လပ်တာကို ကြိုက်နှစ်သက်တဲ့သဘော သူကို ချုပ်နှေင်တာ တင်းကြပ်တာတွေကို ပြုမှုလို့မရနိုင်ဘူး။
သူ့ရဲ့သဘောလေးကိုက တင်းကြပ်လွန်းလာရင် ချုပ်နှောင်လွန်းလာရင် ရုန်းထွက်ချင်သည့်သဘောလေးရှိနေတယ်။
ကောင်လေးကကောင်မလေးကို ချစ်တယ် ကောင်မလေးက ကောင်လေးကိုချစ်တယ် လူတစ်ယောက်က အခြားလူတစ်ယောက်ကို ချစ်တယ်ဆိုတာဟာ အကြောင်းမဲ့တော့ ဖြစ်လာတာမဟုတ်ဘူး။
ကိုယ့်ဘဝရဲ့ ရုန်းကန်လှုပ်ရှားခြင်းရဲ့ မွန်းကြပ်နေမှုတွေ ကောင်းခြင်းဆိုးခြင်းတွေကို မျှဝေခံစား ပေးစေချင်လို့ပါပဲ။
https://www.freepik.com/free-vector/hand-drawn-heart-collection_3681011.htm#query=love&position=3
ငါကမင်းကို ချစ်နေပါတယ်လို့ တစ်ယောက်က တစ်ယောက်သောသူကို ပြောနေလိမ့်မယ်။
ဒီလိုစကားသံချိုချိုလေးကို ကြားလိုက်ရတဲ့ တစ်ယောက်သောသူကလည်း ပီတိစိတ်နှလုံး ပြုံးရွှင်သွားလိမ့်မယ်။
တကယ့် စစ်မှန်ဆုံးတရားက ငါကမင်းကိုချစ်တာမဟုတ်ပါဘူး ငါ့ကိုယ်နဲ့ငါ့စိတ်အတွက် ငါ့ကိုယ်ငါချစ်နေတာပါလေ။
ဒါကို လိမ်တဲ့သူကလိမ်တယ် အလိမ်ခံလိုက်ရတဲ့သူကလည်း သိသိကြီးနဲ့ကို အလိမ်ညာခံနေကြတုန်းပါပဲ။
အချို့ကပြောကြသေးတယ် ဒီကမ္ဘာမှာ မင်းမရှိလို့မဖြစ်ဘူး မင်းမရှိရင် ငါသေလိမ့်မယ်တဲ့
တကယ် သူပြောချင်တဲ့ ဆိုလိုရင်းက ငါ့ကမ္ဘာလေးထဲဆိုလိုတာထက် ငါ့ရဲ့အနီး ငါ့ရဲ့အနားမှာ မင်မရှိရင်မဖြစ်ဘူး
ငါ့အနီးအနား မင်းမရှိရင် ဘာဖြစ်မလဲ
ငါမပျော်ရွှင်တော့ဘူး
မင်းရှိလျင်တော့ ငါပျော်ရွှင်မယ်ဆိုတဲ့သဘော
အနှစ်ချုပ်လိုရင်းတိုရှင်းလေးကတော့ ငါကမင်းကိုချစ်တာ အရာရာဟာ ငါဆိုတဲ့ အတ္တအတွက်ပါပဲလို့ရေးသားရင်းဖြင့်..........