https://unsplash.com/photos/qWpZvL1ovMk
အတွေးဆိုတာက တစ်စက္ကန့်မှာ မရေတွက်နိုင်သော ကိန်းဂဏန်းများဖြင့် ပြောင်းလဲတက်သည့် ဂုဏ်သတ္တိ အစွမ်းရှိတယ်တဲ့ဗျာ။
အဲ့ဒါကြောင့် ထင်ပါတယ်။
ကိုယ်တွေးလိုက်တဲ့ အတွေးများစွာကို အိမ်မက်အဖြစ် ပြောင်းလဲခဲ့ကြတယ်။
ထို့ကြောင့်လဲ ကိုယ်တွေးခဲ့တဲ့အတွေးတွေကို အိမ်မက်အဖြစ် တည်ဆောက်ခဲ့ကြတာပေါ့။
အတွေးဆိုတာက စိတ်ကဖြစ်ပေါ်လာတာပါ။
အိမ်မက်ဆိုတာက စိတ်ကတွေးတဲ့အတွေးကို ဦးနှောက်ကမှတ်သားပြီး ဖြစ်ချင်တဲ့ ကိစ္စအဝဝကို စိတ်ကူးယဥ်လိုက်တယ်လို့ပဲ အလွယ်တကူ မှတ်ယူလိုက်မယ်ဗျာ။
အဲ့ဒါကို အိမ်မက်လို့ ထက်ပြီး ဖွင့်ဆိုလိုက်မယ်။
ကိုယ်က စိတ်ကူးနဲ့တွေးလိုက်တဲ့ အရာတစ်ခုခုကို အိမ်မက်အဖြစ် ပြောင်းလဲလိုက်တယ်။
ပြောင်းလဲလိုက်တဲ့ အိမ်မက်တစ်ခုကို စိတ်ကူးယဥ်ဖို့သက်သက်အတွက်သာ ထားလိုက်တယ်ဆိုရင် အဲ့ဒါကို စိတ်ကူးယဥ်အိမ်မက်လို့ ထပ်မံဖွင့်ဆိုလိုက်မယ်။
ခေတ်စကားအရပြောရရင် လေပေါ်မှာ တိုက်အိမ်ဆောက်တယ်လို့ အဓိပ္ပါယ်ဖွင့်ဆိုလို့ရတယ်။
သိပ္ပံခေတ်ဆိုတော လေပေါ်မှာ တိုက်အိမ်ဆောက်လို့မရနိုင်ဘူးဆိုတာ လူသားတိုင်းသိကြတယ်။
ဒါပေမယ့်လည်း တိုက်အိမ်ကိုလေပေါ်မှာ တည်ဆောက်လို့မရပေမယ့် ကိုယ့်ရဲ့အတွေးတစ်ခုကိုတော့ စိတ်ကူးယဥ်အိမ်မက်ကနေတဆင့် အဲ့ဒီအိမ်မက်ကို လူသားတိုင်း အကောင်အထည်ဖော်ဆောင်နိုင်တဲ့ အခွင့်အရေးကိုတော့ လောကကြီးက ဆုလဒ်ဆောင်အဖြစ် ပေးအပ်ထားပါတယ်။
ထို့ကြောင့် နိဂုံးချုပ်သည့်အနေဖြင့် ဆက်လက်ဖော်ပြရမယ်ဆိုရင်
မျှော်လင့်ချက်ဆိုတာ လူသားတိုင်းမှာ မဖြစ်မနေထားရှိရမယ့် အခြေခံအုတ်မြစ်တစ်ချပ်လိုပါပဲ။
ကိုယ်တွေးလိုက်တဲ့ အတွေးတစ်ခုခုကို အိမ်မက်တစ်ခုအဖြစ်ပြောင်းလဲပြီး အဲ့ဒီအိမ်မက်ကို အကောင်အထည်မဖော်နိုင်သေးသော အချိန်အခါနဲ့ တိုက်ဆိုင်နေမယ် အခြေအနေတစ်ခုခုကြောင့် ထိုအိမ်မက်ကို အကောင်အထည်မဖော်ဆောင်နိုင်သေးသော်လည်း မျှော်လင့်ချက်ကိုတော့ မဖြစ်မနေ ထားရှိရပါလိမ့်မယ်။
အဲ့ဒီမျှော်လင့်ချက်ကို ဘယ်အချိန်ထိ ထားရှိရမှာလည်းလို့ မမေးသော်လည်း ဖြေလိုက်မယ်။
ကိုယ့်ရဲ့ဘဝ နောက်ဆုံးသော ထွက်သတ်အချိန်ထိ အဲ့ဒီမျှော်လင့်ချက်ကို မဖြစ်မနေထားရှိရပါလိမ့်မယ်။
အဲ့ဒီလိုသာ စိတ်ကလေးကို ထားရှိကြမယ်ဆိုရင် နောက်ဆုံးထွက်သက်အခြေအနေနဲ့ ကြုံနေရမယ်ဆိုရင်တောင် ကိုယ့်ရဲ့ မျှော်လင့်ချက်တစ်ခုက ဆက်လက်ရှင်သန်နိုင်ဖို့အတွက် ထွက်ပေါက်တစ်ခု ပြောင်းလဲပေးနိုင်ပါလိမ့်မယ်။
ကဲ စိတ်ကူပေါက်ရာတွေသာ ရေးချနေရင် ရေးလို့ပြီးမယ်မထင်ဘူးဗျာ။
ဒီလောက်ပဲရေးတော့မယ်။