https://unsplash.com/photos/rUc9hVE-L-E
ယခုလိုကာလမျိုးမှာ အိပ်တာတောင် ကိုယ်အိပ်ချင်သလို အိပ်လို့မရပါဘူး။
အိပ်ချင်မှလည်း အိပ်ကြမယ်။အိပ်ချင်တဲ့အချိန်မှ အိပ်ကြမယ်။အိပ်ချင်သလို အိပ်ကြမယ်။
ဘာကွ ငါ့မျက်စိနဲ့ငါအိပ်တာ ငါအိပ်ချင်သလိုငါအိပ်မှာပေါ့ကွာ။
ငါမအိပ်ပဲနေလို့ ဘယ့်သူ့ကို ဒုက္ခပေးနေလို့လဲ။
ဟုတ်ပါတယ်။ကိုယ်မအိပ်လို့ ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူးဆိုပေမယ့်လည်း ကိုယ့်ကိုကိုယ် ပြန်ဒုက္ခပေးနေတယ်။
အဲ့ဒီလိုမအိပ်တဲ့အတွက်ကြောင့် ကျန်မာရေးထိခိုက်လာနိုင်တယ်။
အိပ်ရေးပျက်တော့ စိတ်ကမကြည်မလင်ဖြစ်လာမယ်။
စိတ်ခံစားမှုတွေ စိတ်မွန်းကြပ်မှုတွေဖြစ်လာမယ်။
အားနည်းလာမယ်။နေထိုင်မကောင်းဖြစ်ပြီး ဖျားလာမယ် နာလာမယ်ပေါ့ဗျာ။
အဲ့ဒီနောက်မှာ နောက်ဆက်တွဲဖြစ်လာမယ့် အရာတွေက တန်းစီနေလို့ပါပဲ။
ကောင်းပေ့ဆိုတဲ့ အစားသောက်တွေကို ဘယ်လောက်စားစား တစ်ရက်မှာ လူတစ်ယောက်ရဲ့ အိပ်ချိန်ဟာ ခြောက်နာရီမှ ရှစ်နာရီအထိ ရှိနေသင့်ပါတယ်။
အဲ့ဒီလိုပြောလိုက်လို့ အိပ်ချင်တဲ့အချိန်မှအိပ်ပြီး တစ်ရက်ကို ခြောက်နာရီ နဲ့ ရှစ်နာရီ အိပ်ရင်ပြီးရောဆိုပြီးလည်း အိပ်ချင်သလို အိပ်လို့မရပါဘူး။
နောက်တစ်ခုက ညမအိပ်ပဲ နေ့ခင်းတနေကုန် တနေခမ်းအိပ်ချင်သလို အိပ်လို့လည်းမဖြစ်ပါဘူး။
စောစောမအိပ်တက်ရင်လည်း ညဆယ်တစ်နာရီ လောက်ဆိုအိပ်ရာဝင်ပြီး မနက်ကို အလွန်ဆုံး ခုနှစ်နာရီ ရှစ်နာရီလောက်ဆို အိပ်ရာကထပေါ့။
အဲ့ဒီလိုအချိန်လေးကို သတ်မှတ်ထားပြီးအိပ်ရာဝင် အိပ်ရာထနိုင်ကြမယ်ဆိုရင် နေကောင်းကျန်းမာလို့ နေ့စဥ်နေ့တိုင်းရဲ့ တစ်ရက်သာ ဖြတ်သန်းမှုတိုင်းမှာ စိတ်ကြည်လင်လို့ လူကလည်း လန်းဆန်းတက်ကြွနေမှာပါ။
ကဲ အတွေးတစ်ခန်းရပ်နားလို့ ဒီမှာတင် ရေးလက်စကို ရပ်နားလိုက်ပါဦးမယ်။