https://unsplash.com/photos/4Bs9kSDJsdc
ကွန်နော်တို့ ရပ်ကွက်ထဲမှာ မစပ်စုဆိုသည့် လူတစ်ယောက်ရှိတယ်။
သူမဟာ နမ်မည်နဲ့လိုက်အောင်ကို စပ်စပ်စုစုလုပ်တက်တဲ့အကျင့်လေးရှိတယ်။
နေရာတကာကို စပ်စပ်စုစုလုပ်လိုက်ရမှ နေသာထိုင်သာရှိတက်သည့် သူမရဲ့အကျင့်စရိုက်ပါပဲလေ။
သူမဟာ မိုးလင်လာပြီဆိုတာနဲ့ ရက်ကွပ်ထဲမှာရှိတဲ့ အိမ်များသို့ တစ်အိမ်ဝင် တစ်အိမ်ထွက် နောက်ထက်တစ်အိမ်ကို ဝင်ရောက်လို့ အရေမရ အဖက်မရတဲ့စကားများကို ရေပက်ရင်မဝင်လောက်အောင်ကို ရပ်ကွပ်ထဲမှာရှိသည့် သတင်းစကား အတင်းစကား အဖျင်းစကားများကို သူများနားထောင်ချင်သည်ဖြစ်စေ နားမထောင်ချင်သည်ဖြစ်စေ ထိုစကားများအား သူမ၏ပါးစပ်က ပြောလိုက်ရလျှင်ကို စိတ်ကျေနပ်နေတာပါပဲလေ။
ဘယ်အချိန်လောက်ထိကို တစ်အိမ်ဝင် တစ်အိမ်ထွက်ပြီး သတင်းစကား အတင်းစကား အဖျင်းစကားများကို ပြောသလဲဆိုရင် သူမဗိုက်စာလာတဲ့အချိန်ထိကိုပါပဲ။
ဗိုက်စာမှသာ သူမနေထိုင်သည့်အိမ်ကို ပြန်ပါတော့တယ်။
ထမင်းစာပြီးသွားရင် အိမ်မှ အေးအေးဆေးဆေးနေမယ်မထင်နဲ့ နီးစပ်ရာ အနီးအနားမှာရှိသော နေအိမ်များကိုသွား၍ မနက်ပိုင်းက ရပ်ကွက်ထဲ၌ရှိသော နေအိမ်များသို့ တစ်အိမ်ဝင် တစ်အိမ်ထွက် တစ်အိမ်ဝင်၍ ပြောဆိုခဲ့သော သတင်း စကား အတင်းစကား အဖျင်းစကားများကို သူမနေထိုင်သည့် အနီအနားရှိသော လူနေအိမ်များသို့သွားကာ ဖောက်သည်ချတော့တာပါပဲဗျာ။
(ကျွန်နော်ပြောချင်တာက မနက်ပိုင်းက ရပ်ကွက်ထဲသို့သွားပြီးပြောဆိုခဲ့သောစကား သူမသိသမျှ သူမမြင်တွေ့ခဲ့သမျှ သူမကြားခဲ့ရသမျှကို သူမနေထိုင်သည့်နေအိမ်နဲ့ အနီးအနားကအိမ်များကို ပြန်လည်ပြောပြခြင်းကို ဆိုလိုတာပါဗျာ။)
မှတ်ချက်
အကြောင်းစုံကိုတော့ (အပိုင်း၂ )မှာဆက်လက်ရေးသားတင်ပြသွားပါမယ်ခင်ဗျာ