https://unsplash.com/photos/49uySSA678U
ဒီချိန်မှာ ငါဘာလုပ်သင့်သလဲ။
လုပ်သင့်လုပ်ထိုက်တာတွေကို ပိုပြီးအလေးအနက် ထားရမယ်။
ဒီအချိန်မှာ လူတွေအားလုံးဟာ နာကျင်မှုတွေကို ခံစားနေကြတယ်။
ဒီလိုနာကျင်မှုတွေကို တွေးတောပြီး ခံစားနေမယ် ဆွေးနေမယ်ဆိုရင် လုပ်သင့်လုပ်ထိုက်တာတွေကို တွေးနိုင်တော့မှာမဟုတ်ဘူး။
နာကျင်မှုတွေကို တွေးမိလေတိုင်း ဘာဆက်လုပ်သင့်သလဲ။
ဘာတွေကို အဓိက အလေးအနက်ထားသင့်သလဲ။
ကိုယ့်ရဲ့ အတွေးစိတ်တွေကို တစ်ခုခုလုပ်ဖို့အတွက် နာကျင်မှုတွေအစား ပြောင်းလဲပြီး ကြိုးစားကြည့်ရလိမ့်မယ်။
အဓိက ကတော့ စဥ်းစားနေဖို့ တွေးတောနေဖို့ပါပဲ။
တွေးတောပါ တွေဝေဖို့မဟုတ်ပါ။
နာကျင်စရာဆိုတာကလည်း မတွေးပေမယ့် ကိုယ့်ရဲ့အတွေးတွေထဲ အလိုလိုဝင်လာတက်ပါတယ်။
အဲ့ဒီလိုအတွေးတွေဝင်လာပြီဆိုရင် ငါဘာလုပ်သင့်သလဲ ဘာလုပ်လိုက်ရင်အဆင်ပြေနိုင်မလဲ ချက်ခြင်းထလုပ်ကြည့်လိုက်ပါ။
အဲ့ဒီအချိန်မှာ နာကျင်နေတဲ့အတွေးက လုံးဝပျောက်ကွယ်မသွားပေမယ့် အချိန်တစ်ခုအတွင်းမှာတော့ နာကျင်စရာ အကြောင်းတွေဟာ ခဏသာဖြစ်ဖြစ်သက်သာသွားမှာပါ။