http://shutterstock.7eer.net/c/426523/42119/1305?u=http%3A%2F%2Fwww.shutterstock.com%2Fpic.mhtml%3Fid%3D793194826&sharedId=STOCKSNAP_SEARCH-AUTHENTIC_API&subId1=/search/Forget+it
အချစ်ကြောင့် ဖြစ်ပေါ်နေတဲ့ စိတ်ခံစားမှုနှင့် ချက်ချင်းဆိုသလို ဖြစ်ပေါ်လာတဲ့ ရင်ခုန်ခြင်းတွေက အစစ်အမှန် မဟုတ်တာတော့ သေချာနေပါတယ်။
မိမိအတွက် မည်မျှ စိတ်ချ ယုံကြည်
အားကိုလို့ရမလဲဆိုတာကိုလည်း စဥ်းစားတွက်ချက်နိုင်ရပါလိမ့်မယ်။
မိမိက လူတစ်ယောက်ရဲ့ တန်ဖိုးကိုတော့ အလွယ်တကူ ဟင်းရွက်တွေလို ခပ်ပေါးပေါးနဲ့ ပေးလိုက်လို့တော့ မဖြစ်ဘူး။
မိမိဘက်က အလေးအနက် တန်ဖိုးထားသလောက် တဖက်ကလည်း ကိုယ်တန်ဖိုးထားသလို ထပ်တူကျတဲ့ စိတ်ကလေးရှိနိုင်ပါ့မလား။
မိမိဘက်က တဖက်သတ် ပေးဆပ်မှုတွေသာရှိပြီး သူ့ဘက်က တာဝန်တွေ ဝတ္တရားတွေ ပျက်ကွက်လာရင် ဝမ်းနည်းနေလို့ အပိုပါပဲ။
တစ်ခါတစ်ရံမှာ စွန့်လွှတ်ခြင်း အနစ်နာခံလိုက်ခြင်းက အရာအားလုံးအတွက် အကောင်းမွန်ဆုံးသော ချစ်ခြင်းတွေပါပဲ။
မျှော်လင့်ချက်ဆိုတာ လူသားတိုင်းမှာ ရှိကြတာပေါ့။
မျှော်လင့်ချက်တွေသာမရှိတော့ရင် မနက်ဖန်ဆိုတာကလည်း နိတ္ထိဖြစ်သွားတော့မှာပေါ့။
နာကျင်စရာတွေ ကြေကွဲမှုတွေအတွက် အကောင်းဆုံးသောအဖြေဟာ စိတ်ပျက် အားငယ်စရာတွေကို မေ့ပစ်လိုက်ခြင်းပါပဲလေ....................