https://unsplash.com/photos/KHRLYsjJJ4I
မနက်ဖြန်မှာ ဘာဖြစ်မလည်းဆိုတာကို ဘယ်သူတွေသိနိုင်မှာလဲ။
မရေရာတဲ့မနက်ဖြန် မသေခြာတဲ့မနက်ဖြန် အစိုးမရသော မနက်ဖြန်
"အော်"မနက်ဖြန်တောင် ဘာဖြစ်မှာလည်းဆိုတာကို မသိတဲ့ဘဝမှာ
မနေ့ကဆိုတဲ့ ကိစ္စတွေကို ဘာတစ်ခုမှ မစဥ်းစားချင်တော့ပါဘူး။
ကိုယ်ပိုင်ဆိုင်နေတာက ဒီနေ့လေးပါ။
အဲ့ဒီ့ ဒီနေ့ဆိုတာထက် ဒီအချိန် ယခုအချိန်လေးပါပဲ။
ခဏနေရင် ဘာဖြစ်မလည်းဆိုတာကိုတောင် မသိရတဲ့အခြေအနေ
တစ်ရက်တစ်ရက် ကိုယ်ဘာကြောင့်အသက်ရှင်နေရသလည်းဆိုတာကိုတောင်
မနက်မိုးလင်းလို့ မျက်စိနှစ်လုံးပွင့်လာရင် ကြည့်မှန်တစ်ချပ်ရဲ့ ရှေ့မှာ ရပ်ပြီး ကိုယ့်ကိုကိုယ် ပြန်မေးကြည့်နေရတာကလည်း နေ့စဥ်နဲ့အမျှပါပဲလေ။
ဒီလိုပဲ အရှေ့အရပ်ကနေထွက်လာတာကို အိမ်ရှေ့တံခါးလေးဖွင့်ပြီး နေလုံးကြီးကို မော့ကြည့်လိုက် အတွေးထဲမှာ ဦးတည်ရာမရှိ ကင်းမဲ့လို့ပေါ့။
ဒီလိုပဲ ညနေတစ်ခါ နေဝင်သွားပြန်ပြီဆိုပြီး မှောင်မည်းနေတဲ့ မိုးကောင်းကင်ကြီးကိုကြည့်ပြီး "အော်"မှောင်နေတယ်ဆိုပေမယ့် ကောင်းကင်မှာ ကြယ်လေးတစ်ပွင့်ကတော့ ထွန်းလင်းလို့နေပါသေးလားဆိုပြီး တွေးရင်နဲ့ တံခါးလေးကို ပြန်ပိတ် အိပ်ရာထဲဝင်ခဲ့တာကလည်း တစ်ရက်ပြီး တစ်ရက်ပါလားပေါ့။
ဘာကိုမှ ဆုတ်ကိုင်ထားလို့မရတဲ့ အခြေအနေမျိုးမှာ မျှော်လင့်ချက်ဆိုတာလေးတစ်ခုကို ယုံကြည်မှုအသွင်ပြောင်းလဲယုံမှတစ်ပါး ဘာများတက်နိုင်ဦးမှာလဲပေါ့။
အဲ့ဒီ့ မျှော်လင့်ချက်ဆိုတာကလည်း ယုံကြည်မှုတွေရှိလာနိုင်ဖို့အတွက် ထိုင်နေလို့တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။
ဲဘာမှလုပ်လို့မရတော့တဲ့ အခြေနေမျိုးမှာ ဘာမှလုပ်စရာ ရှာလို့မရရင် စိတ်ဓာတ် စစ်ဆင်ရေးတွေ မဖြစ်မနေလုပ်ကို လုပ်ရပါလိမ့်မယ်။
အဲ စစ်ဆင်ရေးဆိုလို့ အခြားတော့မတွေးလိုက်ကြပါနဲ့။
မိမိရဲ့ကိုယ်ခန္ဒာကို ကျန်းမာအောင် နဲ့ မိမိရဲ့ စိတ်ကို ကြံခိုင်အောင် လေ့ကျင်ထားရမယ်ဆိုတာကို ဆိုလိုရင်းဖြစ်ပါတယ်။
ဘယ်လောက်ထိ လေ့ကျင့်ရမလည်းဆိုရင် ပြင်းပြင်းထန်ထန်ကို လေ့ကျင့်ထားရမှာပါ။
ဘာကြောင့်လေ့ကျင်ရမှာလဲဆိုရင် ကျန်းမာမှ ကြံ့ခိုင်မှာပါ။
ကျန်းမာကြ့ံခိုင်မှ မနက်ဖြန်ဆိုတဲ့ နောက်ရက်နေ့ပေါင်းများစွာ၌ ဘာဖြစ်မှာလည်းဆိုတာကို မသိသေးတဲ့ အခက်အခဲအားလုံးကို ရင်ဆိုင်ဖြေရှင်းကျော်လွှားသွားနိုင်မှာပါလို့ ရေးသားရင် နိဂုံးချုပ်လိုက်ပါရစေခင်ဗျာ.............
နိဂုံးကမချုပ်လို့ကိုမရတော့ဘူး။
တွေးချင်တာတွေးပြီး ရေးချင်တာတွေးရေးချနေရင် အပိုင်းအပိုင်းတွေက ဆက်ရန်တွေဖြစ်သွားတော့မယ်။
ဒါပါပဲ