https://unsplash.com/photos/vVmbSvBtOPM
ဟို့ .......ရှေ့အခါက တိုင်းပြည်တစ်ခု၌ ကြင်နာတက်သော လူတစ်ယောက်နဲ့ အကြင်နာကင်းမဲ့သော လူတစ်ယောက်ဆိုပြီး ထိုလူနှစ်ယောက်ရှိခဲ့ဖူးတယ်။
ထိုသူတို့တွင် ကိုယ်ဆီပိုင်ဆိုင်ထားသော ကုလာအုပ် တစ်ကောင်ဆီ ရှိကြတယ်။
အဲ့ဒီခေတ်က ကုလာအုပ်တွေပဲ ရှိသေးတဲ့ခေတ်ပေါ့ဗျာ။
ညှာတာတက်သောလူက သူ၏ ကုလာအုပ်ကို ဂရုတစိုက်နဲ့ ရင်ဝယ်သားတစ်ယောက်လို ကျွေးမွေးစောင့်လျှောက်ပြီး အမြဲအရိပ်တကြည့်ကြည့်နဲ့ ကြည့်ရှုဂရုစိုက်တက်ပါတယ်။
အကြင်နာကင်းမဲ့တဲ့လူကတော့ သူ၏ကုလာအုပ်ကို ရက်ရက်စက်စက် ရိုက်နှပ်တက်ပြီး ခိုင်းစရာရှိလျှင် အော်ငေါက် ဆဲဆိုပြီး ရက်စက်စွာ ခိုင်စေတက်ပြီး အစားအစာကိုလည်း ဝလင်းအောင် မကျွေးပဲ မညှာမတာ ရှိတယ်ပေါ့ဗျာ။
တစ်နေ့သောအခါ ထိုသူနှစ်ယောက် နေထိုင်နေသော တိုင်းပြည်ကို အခြားသော တိုင်းပြည်က ရန်သူများက လာရောက် ကျုးကျော်တိုက်ခိုက်ခြင်း ခံရပါတယ်။
ထိုအချိန်မှာ တိုင်းပြည်ကို အုပ်ချုပ်နေသော ဘုရင်မင်းမြတ်က အခြားသော သူ၏ စစ်သည်များနှင့် ကုလာအုပ်ပိုင်ရှင်နှစ်ယောက်အား စစ်တိုက်ထွက်ရန် အမိန့်ပေးလိုက်ပါတယ်။
ကုလာအုပ်ပိုင်ရှင်နှစ်ဦးဟာ စစ်သည်တော်များနှင့်အတူ ကိုယ်ဆီပိုင်ဆိုင်သော ကုလာအုပ်ကို စီးနင်းပြီး စစ်တိုက်ရန် စစ်မြေပြင်သို့ ထွက်လာခဲ့ပါတယ်။
သူတို့နှစ်ဦးဟာ စစ်မြေပြင်သို့ ရောက်သောအခါ ရန်သူဘက်က အင်အားသာလွန်သောကြောင့် ကုလာအုပ်ပိုင်ရှင် နှစ်ဦးဟာ စစ်ပွဲ၌ အရေးနိမ့်ပြီး ကိုးယိုကားယားဖြစ်ကာ စစ်တိုက်နေရင်း သူတို့စီီးနင်းနေသော ကုလာအုပ်ပေါ်ကနေ အောက်သို့ ပြုတ်ကျသွားပါတော့တယ်။
ထိုသို့ ပြုတ်ကျသွားသောအချိန်မှာ ညှာတာတက်သော လူတစ်ယောက်၏ ကုလာအုပ်က ပိုင်ရှင်ဖြစ်သူအား ခါး၌ ပတ်ထားသော ခါးပတ်ကို ပါးစပ်ဖြင့် ကိုက်ပြီး နားနေရာ စစ်စခန်းရှိတဲ့နေရာသို့ အပြေးနှင်လာခဲ့ပါတယ်။
အကြင်နာကင်းမဲ့သော လူတစ်ယောက်၏ ကုလာအုပ်ကတော့ သူ၏ကိုယ်ပေါ်မှ ပြုတ်ကျသွားသော ပိုင်ရှင်ကို ကြည့်ပြီး သူ့အား ကြိမ်းမောင် ဆဲဆို၍ ရိုက်နှပ်တော့မှာပဲဟု ထင်မှတ်၍ ပိုင်ရှင်ကိုကြောက်လန့်စိတ်ဖြင့် ပြုတ်ကျသွားသော သူ၏သခင်အား မကယ်တင်တော့ပဲ တစ်ကောင်ထဲ ကိုယ်လွတ်ရုန်းကာ စစ်စခန်းရှိရာသို့ အပြေးနှင်သွားလေသည်။
ထိုအချိန်မှာပဲ အခြားတိုင်းပြည်က ရန်သူလက်ချက်ကြောင့် အကြင်နာကင်းမဲ့သော လူတစ်ယောက်ဟာ အသက်သေဆုံးသွားပါတော့သည်။
ဇတ်ကြောင်းလေးကတော့ ဒါပါပဲခင်ဗျာ