https://unsplash.com/photos/58oIK3sQD8k
ဟို့.....ရှေ့ရှေ့တုန်းက ကုန်သည်တစ်ယောက်တွင် မြင်းတစ်ကောင်ရှိလေသည်။
ထိုမြင်းသည် ပျင်းလည်း ပျင်းရိသည်။
ဒါပေမယ့် ကုန်သည်က အစာကျွေးချိန်ရောက်လျှင်တော့ ကောင်းပေ့ဆိုတဲ့ အစာမျိုးကိုမှ ရွေးစားတက်လေ့ရှိသည်။
ကုန်သည်က အလုပ်ခိုင်းလျှင် လေးပင်သောပစ္စည်းများကို မသယ်ပိုးချင်ပေ။
တစ်နေ့မှာတော့ ကုန်သည်ဖြစ်သူဟာ မြို့တက်ပြီး ဆားရောင်းဖို့အတွက် သူ၏မြင်းပေါ်သို့ ဆားအိတ်များတင်းေပးနေလေသည်။
ကုန်သည်ကခိုင်းတော့လည်း မြင်းမှာ ဘာမှပြန်မပြောနိုင် ခိုင်းတဲ့အတိုင်း လုပ်ရပေတော့မည်။
ဒါပေမယ့်လည်း မြင်းမှာက အကြံဆိုးကြီးနဲ့ပေါ့ဗျာ။
မြို့တက်ပြီး ဆားမပို့ရအောင် ကြံစည်လေသည်။
ဒီလိုနဲ့ ကုန်သည်ဖြစ်သူနဲ့ မြင်းတို့ဟာ ဆားများကို သယ်ဆောင်ရင်း မြို့သို့သွားရာ ရွာလမ်းလေးအတိုင်း ထွက်လာခဲ့ကြတာပေါ့ဗျာ။
ရွာရဲ့အပြင်ဘက်ကိုရောက်တော့ ချောင်းငယ်လေးတစ်ခုကို ဖြတ်ရတော့မယ်ပေါ့ဗျာ။
မြင်းဟာ ဆားအိတ်တွေနဲ့အတူ ချောင်းငယ်လေးကို ဖြတ်ကူးနေတဲ့အချိန်မှာပဲ ကြိုတင်ကြံစည်ထားသည့်အတိုင်း ချော်လဲသည့်ဟန်ပြင်လိုက်တာပေါ့ဗျာ။
ထိုအချိန်မှာ ဆားအိတ်တွေနဲ့အတူ မြင်းဟာ ရေထဲမှာ လဲကျသွားတော့ပါတယ်။
ဆားအိတ်တွေဟာ ရေစိုကုန်တော့ ဆက်ပြီး ခရီးဆက်မယ်ဆိုရင်လည်း အိမ်ကနေ ထွက်လာသည့်အလေးချိန်လောက် မလေးပင်တော့ပဲ ဆားများဟာ အရည်ပျော်လို့ တဖြေးဖြေးနဲ့ ပေါ့ပါးစွာ သွားရမယ့်ပေါ့ဗျာ။
ဒါက မြင်းရဲ့ ကြိုတင်ကြံစည်ထားတဲ့ အတွေးပါ။
ဒါနဲ့ပဲ ကုန်သည်ဖြစ်သူဟာ ရေစိုနေသော ဆားအိတ်များကို မြင်း၏ ကျောပေါ် ပြန်တင်ရင်း အိမ်သို့ပြန်လာခဲ့ပါတယ်။
မြင်းကတော့ အိမ်ပြန်ရတော့မယ်ဆိုတော့ စိတ်ထဲမှာ ကျေနပ်နေတာပေါ့ဗျာ။
အိမ်ကိုပြန်ရောက်တော့ ကုန်သည်ဟာ ရေစိုနေသောဆားများကို အောက်သို့ချပြီး ဂိုဒေါင်ထဲက နောက်ထက်ဆားအိတ်တွေကို မြင်းပေါ်ပြန်တင်ပြီး မြို့ကိုသွားမယ့် ရွာလမ်းလေးအတိုင်း ချောင်ငယ်လေးဆီသို ထွက်လာခဲ့ပါတယ်။
မြင်းကလည်း အထက်ပါနည်းလမ်းအတိုင်း ချောင်းငယ်သို့ရောက်တော့ ချောင်းငယ်လေးကို ဖြတ်ရင်း ချော်လဲချင်ဟန်ပြု ထို့နောက် ရေထဲသို့ ဆားအိတ်တွေနဲ့အတူ လဲကျ ကုန်သည်က ဆားအိတ်တွေကိုပြန်တင် ပြီးတော့ အိမ်သို့ပြန်လာပြီး နောက်ထက် ဆားအိတ်အသစ်ကို မြင်ပေါ်ပြန်တင် ပြန်ထွက်လာ..................
ဒီလိုနဲ့ အကြိမ်ပေါင်းများစွာ ဖြစ်နေပြီဆိုတော့ကာ ကုန်သည်ဟာ စဥ်းစားပြီး ဒီလိုတွေဘာကြောင့်ဖြစ်နေရသလဲဆိုတာ သဘောပေါက်သွားတော့တာပေါ့ဗျာ။
အပျင်းထူတဲ့မြင်းလည်က တမင်တကာ လုပ်နေပြီဆိုတာကို ကုန်သည်ကသဘောပေါက်သွားခဲ့ပါတယ်။
ဒါနဲ့ပဲ အိမ်ပြန်လာပြီးနောက် နေဝင်လို့ မိုးချုပ်သွားခဲ့ပါတယ်။
နောက်တစ်နေ့မနက် ကုန်သည်ဖြစ်သူဟာ မြို့ကိုသွားဖို့အတွက် ပြင်ဆင်နေပါတယ်။
ဒီတစ်ကြိမ်တော့ မြို့ကို ဆားအိတ်တွေမပို့တော့ဘူး။
ဝါဂွမ်းအိတ်တွေကို မြင်း၏ကျောပေါ်တင်ပြီး မြို့ကိုသွားမယ့် ရွာလမ်းလေးအတိုင်း ချောင်းငယ်လေးဆီသို့ ထွက်လာခဲ့တာပေါ့ဗျာ။
မြင်းကဘယ်လောက်ထိအောင် ပျင်းရိသလဲဆိုရင် ဝါဂွမ်းအိတ်တွေနဲ့ကို ခရီးထွက်ချင်ပုံမရဘူး။
ယခင်ဆားအိတ်တွေတင်ပြီး သွားတုန်းကနည်းလမ်းအတိုင်း ချောင်းငယ်လေးကို ဖြတ်ကူးနေရင်း ချော်လဲချင်ဟန်ပြုလိုက်တော့ ဝါဂွမ်းအိတ်တွေနဲ့အတူ ရေထဲလဲကျသွားတော့တာပေါ့ဗျာ။
ကုန်သည်က ထိုအချိန်မှာ ကြိတ်ပြုံးလေးပြုံးပြီး ဒီတစ်ကြိမ်တော့ အိမ်သို့မပြန်တော့ဘူးဟု ပြောပြီး ရေစိုနေသော ဝါဂွမ်းအိတ်တွေကို မြင်း၏ကျောပေါ်ပြန်တင်ကာ မြို့သို့ ဆက်လက်ခရီးဆက်လာခဲ့ပါတော့လေသတည်း..........။
ကောင်းမွန်စွာနဲ့ ကျွေးမွေးစောင့်လျှောက်ပေးနေတဲ့ ကုန်သည်အပေါ်၌ မြင်းလည်ကျခဲ့သမျှ ဒီတစ်ကြိမ်တော့ ကုန်သည်၏ ပညာပေးချင်းကို မြင်းဟာ လက်တွေ့ခံစားလိုက်ရပါတယ်ခင်ဗျာ။