https://unsplash.com/photos/7SRymDKKDus
သိမ်ငယ်တဲ့ စိတ်ဆိုတာ လူမျိုးမရွေး အလွှာမရွေးမှာ ရှိတက်ကြပါတယ်။
အဓိက ဖြစ်တည်ရာအစကတော့ လူတွေက ကိုယ့်ကိုဂရုမစိုက်တဲ့ အပြုအမှုတွေကနေ စတင်ဖြစ်ပေါ်လာတာပါ။
လူတွေက ကိုယ့်ကိုဂရုမစိုက်တော့ အားငယ်စိတ်က အလိုလိုဖြစ်ပေါ်လာပါတယ်။
အဲ့ဒီ အားငယ်စိတ် သိမ်ငယ်စိတ်တွေကို ပြောင်းလဲနိုင်ဖို့ဆိုရင်တော့ ကိုယ်ကိုဂရုမစိုက်အလေးအနက်မထားပေးကြတဲ့ လူတွေကို အရင်ဆုံး စိတ်ထဲကနေပြီး ကျေးဇူးတင်လိုက်ပါ။
ဘာကြောင့် ကိုယ့်ကို ဂရုမစိုက်ကြတဲ့သူတွေကို ကျေးဇူးတင်ခိုင်းရသလဲဆိုရင်တော့
ကိုယ့်ကို အရေးတယူ ဂရုစိုက် အလေးအနက်ထားတဲ့သူတွေသာ ရှိနေမယ်ဆိုရင် တစ်ခုခုအကူညီလိုတိုင်း တစ်ခုခုလိုအပ်လာတိုင်း နောက်ဆုံး သေးသေးမွှားမွှားကိစ္စလေးတွေကအစပေါ့ဗျာ။
လူတကားရဲ့ အကူအညီမပါပဲ မလုပ်တက်မကိုင်တက် နေရာတကာမှာ လူတွေရဲ့အကူအညီမပါပဲ ဘယ်ကစပြီး ဘာလုပ်ရမယ်မသိ အရေးကြီးတဲ့ကိစ္စကြီးပေါ်တော့ ဘာမှမသိ ဘာမှမတက်လေတော့ ခြေမကိုင်မိ လက်မကိုင်မိ ပျာယာခက်တော့တာပါပဲ။
ကိုယ်စွမ်းကိုယ်စဆိုတာကလည်း မိမိကိုယ်တိုင်း ထုတ်သုံးမှ အစွမ်းအစထွက်လာတက်တဲ့သဘော ရှေ့လူကြီးတွေပြောပြောနေကြတဲ့ တန်ခိုးဆိုတာ အရည်အချင်းနဲ့ ကိုယ်စွမ်းကိုယ်စကိုပြောတာပေါ့ဗျာ။
ကဲ ကိုယ့်ကို ဂရုမစိုက်တဲ့သူတွေကို ဘာကြောင့်ကျေးဇူးတင်ရမလဲဆိုရင်တော့
ကိုယ့်ကို ဘယ်သူကမှ ဂရုမစိုက်တော့ ဘာတစ်ခုမှကို အကူညီသွားတောင်းလို့မရတော့ဘူး။
အဲ့ဒီအချိန်မှာ ကိုယ့်ရဲ့အခတ်အခဲကို ကိုယ်ကိုတိုင် ဖြေရှင်းနိုင်မှဖြစ်တော့မယ်။
ကိုယ်တွေ့ကြုံနေရတဲ့ အခက်အခဲကို ကိုယ်ကိုတိုင် ရုန်းကန်းမှဖြစ်တော့မယ်။
ဘယ်သူ့ကိုမှ အားကိုးလို့မရနိုင်ဘူးဆိုတဲ့ အသိလေးကရှိနေလေတော့ တွေ့ကြုံလာရတဲ့အခက်အခက်ကို ကိုယ်တိုင်ရင်ဆိုင်ရပြီဆိုတော့ ထိုအခက်အခဲကို ရင်ဆိုင်ရဲလာမယ်။
ဖြေရှင်းတက်လာမယ်။
ဲရုန်းကန်တက်လာမယ်။
အဲ့ဒါကြောင့် ငါမင်းကို မကူညီနိုင်ဘူးကွာလို ပြောလွှတ်လိုက်တဲ့ လူတွေကို စိတ်မတိုပါနဲ့ ။
ဒေါသမထွက်ပါနဲ့။
ထိုသူတို့အား ကျေးဇူးတင်လိုက်ပါလို့ ပြောလိုက်ချင်ပါတယ်။
ကိုယ့်ကို ဂရုမစိုက်တဲ့သူတွေကြောင့်
ကိုယ့်ကို အကူညီမပေးကြတဲ့သူတွေကြောင့်သာ အခက်အခဲမှန်သမျှ ရင်ဆိုင်တက်လာတယ်။
အဲ့ဒီအခက်အခဲအပေါ်မှာ အတွေ့အကြုံတွေရရှိလာတယ်။
လူမြင်တိုင်း အကူညီတောင်းချင်တဲ့စိတ်တွေ အားကိုချင်တဲ့စိတ်တွေ ပျောက်လာပါလိမ့်မယ်။
တစ်ချိန်တုန်းက ကိုယ်မဖြစ်နိုင်ဘူးလို့ တွေးထားတာတွေ ထင်မှတ်ထားတာတွေဟာ ကိုယ့်ရဲ့ အတွေ့အကြုံကနေတဆင့် ဖြစ်မြောက်အောင်မြင်လာလိမ့်မယ်။
နောက်ဆုံးမှာ လူတွေအပေါ် မျှော်လင့်တက်သောစိတ်တွေဟာ နည်းတာထက်နည်းလာပါလိမ့်မယ်။
လူတွေအပေါ်၌ မျှော်လင့်တက်တက်စိတ်တွေ နည်းလာပြီဆိုရင်တော့ စိတ်ဆင်းရဲခြင်းတွေကလည်း နည်းသွားတော့တာပေါ့ဗျာ။
လူတွေနေထိုင်တဲ့ ဒီလောကကြီးမှာ ကိုယ့်လောက်မှ ယုံကြည်ရမယ့်သူ အားကိုးရမယ့်သူဆိုတာ နတ္ထိ မရှိပါဘူး။
မိမိကိုယ်ကိုသာ အားကိုပါ။
မိမိရဲ့ စိတ်ကို မိမိကိုယ်တိုင် ကူညီပါ။
ဒါဆိုရင် မကြာမှီ လာမည် အနှေးနဲ့အမြန် အရာရာအားလုံးဟာ အဆင်ပြေလာပါလိမ့်မည်ဟု ရေးသားရင်း နိဂုံး အဆုံးသတ်လိုက်ပါရစေခင်ဗျာ.........