https://unsplash.com/photos/HNx4QLRgy2k
စာမရေးဖြစ်တာလဲ ကိုးရက် ဆယ်ရက်လောက်ပင်ရှိတော့မယ်ထင်ပါတယ်။
စာပြန်ရေးပါမည်ဆိုတဲ့ ခေါင်းစဥ်ကိုတော့ ခဏခဏမတက်တော့ပါဘူး။
ဘာကြောင့်လဲဆိုတော့ ခကြာခဏဆိုသလို စာမရေးဖြစ်တာတွေကများလာခဲ့လို့ပါ။
ကျွန်နော်တို့ဆီမှာ ယခုရက်ပိုင်း ရာသီဥတုကမကောင်းပါဘူး။
ကျွန်နော်ပြောချင်နေတာက မိုးတွေဆက်တိုက်ရွာနေတာကိုပါ။
မိုးရွာတာ တိတ်သွားတော့လည်း ခဏပါပဲ။
မိုးတိတ်ပြီး မကြာပါဘူး မိုးကပြန်ရွာချတော့တာပါ။
ဒီနေ့လည်းမိုးကရွာပါသေးတယ်။
ယခုစာရေးနေတဲ့အချိန်မှာတော့ မိုးမရွာပါဘူး
ကောင်ကင်မှာကြယ်ကလေးတွေ လင်းနေပါတယ်။
မိုးသားပြင်ပေါ်မှာ ကြယ်ကလေးတွေနဲ့အတူ တိမ်မည်းတွေကတော့ အနည်းငယ်ရှိနေသေးပါတယ်။
မနက်ဖန် နေပူမလား မိုးအုပ်မလားဆိုတာကိုတော့ ခန့်မှန်းလို့တော့မရနိုင်သေးပါဘူး။
ရာသီဥတုက အနည်းငယ်အေးနေတယ်လေ။
နောက်ပြီး ယခုလိုမိုးကရွာ မိုးကအုပ်တော့ အင်တာနက်လိုင်းက အလွန်ကို ဆိုးရွားလွန်းလှပါတယ်။
အင်တာနက်လိုင်းတွေက မိုးရွာတော့ လိုင်းမကောင်းပါဘူး။
ကျွန်နော်သုံးနေတာက mptကဒ်ပါ။
mptက အရင်ကတဲက လိုင်းကမကောင်းပါဘူး။
မိုးကဆက်တိုက် နေ့စဥ်ရွာနေခြင်းကြောင့် လိုင်းသုံးရတာအဆင်မပြေပါဘူး။
အက်ပီဂေးရှင်းထဲဝင်ရင် တော်တော်နဲ့ ဖွင့်လို့မရတဲ့အခြေပါ။
ဂိမ်းဆော့မယ်ဆိုရင်လည်း ဂိမ်းထဲဝင်ရောက်ကစားဖို့ မလွယ်ပါဘူး။
သူများရေးထားတဲ့စာတွေဖတ်ဖို့ လိုက်ကြည့်ဖို့မလွယ်ပါဘူး။
ကိုယ့်ရဲ့blogထဲဝင်ကြည့်ဖို့တောင် အရမ်းကိုခက်ခဲလွန်းနေပါတယ်။
နေပူတဲ့အချိန်ဆိုရင်တော့ မဆိုးပါဘူး အဆင်ပြေပါတယ်။
တခါတလေမှာ အင်တာနက်လိုင်းကောင်းမယ့်အချိန်ကို မှတ်ထားပြီး လိုင်းသုံးနေရပါတယ်။
ယခုလည်း အင်တာနက်လိုင်းမကောင်းတော့ ဘာမှလုပ်လို့မရ မရတော့ စာရေးမယ် စာရေးလို့ပြီးသွားရင် ပို့စ်တင်ကြည့်မယ်ဆိုပြီး ယခုလို ဘာမှလုပ်လို့မရနိုင်တဲ့ အချိန်မှာ စာရေးပြီးပို့စ်တင်လိုက်ခြင်းဖြစ်ပါတယ်ဟု ရေးသားတင်ပြလိုက်ပါတယ်ခင်ဗျာ။