https://unsplash.com/photos/z6ukzOkscAE
တစ်ခါတုန်းက တောကြီးတစ်ခုထဲ၌ အလွန်အင်မတန်ချစ်ကြသည့် သူငယ်ချင်းနှစ်ယောက်ရှိပါတယ်။
ထိုသူငယ်ချင်းနှစ်ယောက်သည် ထိုတောကြီးထဲ၌ အတူတူနေထိုင် လာခဲ့ကြသည်မှာ နှစ်ပေါင်းအတော်ကြာခဲ့ပါပြီ။
တောကဘယ်လောက်ထိနက်သလဲဆိုတော့ လူနဲ့တူတာဆိုလို့ ထိုသူငယ်ချင်းနှစ်ယောက်သာရှိသည်။
ထိုတောကြီး၌ မည်သူတစ်ဦးတစ်ယောက်ကိုမှမတွေ့ရှိရပါ။
တစ်နေ့တော့ သူငယ်ချင်းနှစ်ယောက်ဟာ တောလိုက်ထွက်ရန် တိုင်ပင်ပြီး အမဲပစ်ဖို့အတွက် လိုအပ်သည်များကို ယူဆောင်၍ ထွက်လာခဲ့ကြသည်။
သူငယ်ချင်းနှစ်ယောက်ထွက်လာခဲ့သည်မှာ အချိန်အတော်ကြာလှပြီ တောကောင်တစ်ကောင်တလေလောက်ကိုမှ မတွေ့ရှိရသဖြင့် သူငယ်ချင်းနှစ်ယောက်ထဲက တစ်ယောက်ဖြစ်သူက ငါတို့ထွက်လာတာ ကြာလှပြီ တောကောင်လည်းမတွေ့ရှိ မောပန်းနေသဖြင့် ခဏလောက်အနားယူရအောင်ဟု တစ်ယောက်က ပြောလေသည်။
ထို့နောက် သူတို့သူငယ်ချင်းနှစ်ယောက်သည် ခဏအနားယူနေစဥ်မှာပဲ တစ်ယောက်က တောဝက်တွေ့ရင်ပစ်ဖို့ဆိုပြီး ယူဆောင်လာခဲ့တဲ့ လှံရှည်တစ်ချောင်းဖြင့် မြေကြီးကို တူးဆွနေရင်း အမှတ်မထင်ပဲ ရေများ မြေကြီးထဲက ပမ်းထွက်လာလေသည်။
ထိုအချိန်မှာ သူငယ်ချင်းနှစ်ယောက်ဟာ အံ့သြစွာဖြင့် ကြည့်နေရင်း အတွေးတစ်ခုဝင်ရောက်လာခဲ့လေသည်။
ငါတို့နှစ်ယောက် ဒီနေရာလေးမှာ ပြောင်းရွှေ့ပြီးနေကြရအောင်ဆိုပြီး နှစ်ဦးသားသဘောတူညီစွာဖြင့် လက်ခံအတည်ပြုခဲ့ကြလေသည်။
ထိုနောက်သူငယ်ချင်းနှစ်ယောက်ဟာ သူတို့နေထိုင်နေရာလေးကို ပွာစိုးခိုးဟု အမည်ပေးကာ သတ်မှတ်လိုက်လေသည်။