https://pixabay.com/photos/computer-laptop-technology-keyboard-768608/
စာမရေးဘဲနေလိုက်တာ နှစ်နဲ့ချီအောင် ကြာသွားတယ် စတီးမစ်မှာ တုန်းကတော့ စာတွေရေးပြီး စိတ်ကူးနဲ့ ရူးခဲ့ဘူးပါတယ် အခုဒီဘက်ကို ရောက်လာတော့ အရင်လို စိတ်ကူးနဲ့ ရူးရအောင်လည်း ဘာတွေလုပ်ရမယ် မသိသေးဘူး အရင်လိုဘဲ စာလေးတွေရေးပြီး နေ့စဉ် ပို့စ်လေးတွေတင်သွားရမယ်ထင်တယ်
စာရေးတာတော့ မခက်ပါဘူး စိတ်ထဲရှိတာလေးတွေ စိတ်ကူးလေးတွေ အတွေ့အကြုံလေးတွေကို ချရေးလိုက်ရင်အဆင်ပြေတာဘဲလေ နေ့စဉ်ရေးဖို့အတွက်လည်း အခုက မခက်ဘူး အိမ်မှာဘဲ ဖေ့ဘုတ်သုံးပြီး အချိန်ကုန်နေတာဆိုတော့ အလုပ်မအားတာဘာညာလည်းမရှိတော့ဘူးပေါ့ အားတဲ့အချိန်မှ ရေးမယ်လို့ ပြောစရာတောင်မလိုတော့ဘူး အခုရေး အခုရတယ် ဘာအလုပ်မှကိုမရှိတာ
ရောဂါတွေဖြစ်တာနဲ့ အိမ်မှာဘဲ စားလိုက် အိပ်လိုက်နဲ့ အချိန်တွေ အလကား ကုန်နေတာ
စာလေးရေးပြီး အပျင်းပြေ ပြန်သုံးကြည့်မယ်လို့သတိရတာနဲ့ ဝင်လာကြည့်တာ
အရင်တုန်းကအချိန်တွေလို စာလေးတစ်ပုဒ်လောက်ရေးပြီး ဆယ်ဒေါ်လာလောက် အသာလေးရတာတွေတော့ မရှိတော့ဘူးထင်တယ်
ဘယ်သူက အပ်ဗုတ်ပေးမှာလဲ စောင့်မျှော်ရတာကလည်း စာရေးသူတွေကို စိတ်ပျက်စေတာအမှန်ပါဘဲ
အခုလည်း ရေးသာ ရေးလိုက်ရတယ် သတိရလို့သာရေးလိုက်ရတယ် ဘယ်သူက အပ်ဗုတ်ပေးမည်မသိနိုင်ပါဘူး
ဘယ်သူမှမပေးလည်း ဂွတ်ကြီးကတော့ ပေးမယ်ထင်ပါတယ် တင်သမျှ အားလုံးမပေးတောင် တစ်ရက်တစ်လေတော့ ပေးရင် မဆိုးသေးပါဘူး
ဒီနေ့တော့ ဒီလောက်ပါဘဲ နောက်ရက်များမှ ရောက်တက်ရာရာလေးတွေ ထပ်ရေးပါမယ် သတိရလိုလာကြည့်တာ
လွမ်းလို့လာကြည်တာ လွမ်းစရာလို့ပြောပေမယ် ကိုယ့်မှာလည်း လွမ်းလောက်အောင် ဘာမှ မရှိထားပါဘူးလေ
အရင်က စုထားတာလေးတွေလည်း ရောင်းစားလို့က ကုန်နေပြီ
အခုစာပြန်ရေးပြီး အသစ်ပြန်စုမလို့ပါ