https://pixabay.com/vectors/guy-couch-sleeping-man-sofa-book-32820/
အိပ်မရတဲ့ ညတွေမှာ ဘာလုပ်နေရင် အကောင်းဆုံးလဲ ဒီလိုမေးလာခဲ့မယ်ဆိုရင်တော့ ဖြေစရာတွေက များပါတယ် အိပ်မပျော်တဲ့ ညတွေမှာဆိုရင် သီချင်းလေးတွေနားထောင်ဖြစ်တဲ့အခါလည်းရှိတယ် ညနက်ပိုင်းဆိုတော့ သီချင်းအေးအေးလေးတွေကို နားထောင်ရင်း ဖီးရတာ အရသာရှိပါတယ် ကော်ဖီပူလေးတစ်ခွက်လောက် ထပ်သောက်ရင်း သီချင်းနားထောင်ရတာကို နှစ်သက်ပါတယ် တစ်ခါတရံဆိုရင်တော့ ဘာမှ ထိခိုက်မှုမရှိပါဘူး မနက်လင်းခါနီးမှ အိပ်ရာဝင်လိုက်တယ် နောက်ရက် နေ့ခင်းလောက်မှ အိပ်ရာကနိုးတယ်လေ
နေ့စဉ်နေ့တိုင်း ညဘက်တွေ အိပ်မပျော်ဘူးဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်လာနိုင်တယ်လေ အသက်ငယ်သူတွေအတွက်တော့ ဆိုးကျိုးက ချက်ချင်းမပေးဘူး အသက်လေးနည်းနည်းလောက် ကြီးလာရင်တော့ အိပ်ရေးမဝတဲ့အခါ ခေါင်းမူတာတွေ မူးလဲတက်တာတွေဖြစ်တက်တယ် တစ်ရက်မှာ အိပ်ချိန် ရှစ်နာရီတော့ အနည်းဆုံးထားသင့်ပါတယ်
ညဘက်တွေမှာ စောစော အိပ်ရာဝင်တက်တဲ့အကျင့်လေးလုပ်ရပါမယ် အင်တာနက်တွေသုံးပြီး အချိန်တွေကို နေ့မှန်းမသိ ညမှန်းမသိ ဖြစ်နေတာက ခုခေတ်မှာ မထူးဆန်းတော့ပါဘူး အချိန်တွေကြာလာရင်တော့ ကျန်းမာရေးတွေ ထိခိုက်ပျက်စီးလာနိုင်ပါတယ် အိပ်ဆေးတွေ သောက်ပြီး အိပ်ပျော်အောင် ကြိုးစားတာတော့ မကောင်းလှပါဘူး
ဖြစ်နိုင်ရင်တော့ ကော်ဖီတွေကို နေ့ခင်းဘက်မှာလျှော့သောက်သင့်တယ် ကျန်းမာရေးအထောက်အကူပြု လေ့ကျင့်ခန်းတွေကို မှန်မှန်လုပ်သင့်တယ် စိတ်သောကများစရာတွေကိုလည်း လျှော့ချသင့်ပါတယ် စိတ်ဖိစီးမှုတွေများရင်လည်း ညဘက်တွေမှာ အိပ်မပျော်စေနိုင်ပါဘူး ညဘက်အိပ်ခါနီးမှာ တရားထိုင်တာ တရားရှုမှတ်တာ ဝင်လေထွက်လေ ရှုမှတ်တာတွေကို လုပ်ပေးသင့်ပါတယ် စိတ်ကို အေးချမ်းတည်ငြိမ်အောင်ထားတက်ဖို့ လိုအပ်ပါတယ်
အကောင်းဆုံးကတော့ စောစောအိပ်ရာဝင်ပြီး စောစောအိပ်ရာထတက်တဲ့အကျင်ပါဘဲ အိပ်စက်ခြင်းက အကောင်းဆုံးအနားယူခြင်းပါဘဲ