အခက်အခဲ အကြပ်အတည်းတွေက နေ့တိုင်း မြင်တွေ့ခံစားနေရတာဖြစ်လို့ စိတ်တွေကမလန်းဆန်းတော့ပါဘူး စိုးရိမ်စိတ်တွေနဲ့ သောကတွေက စိတ်မှာအမြဲနေရာယူထားပါတယ် အဲ့ဒီလို
လူတိုင်းမှာ စိတ်ဖိစီးမှုဆိုတာ ရှိတတ်မှာဖြစ်ပေမယ့် ကိုယ်တိုင်ခံစားရတော့ နေရတာအဆင်မပြေပါဘူး ကိုယ်ခံစားနေရတဲ့ စိတ်ဖိစီးမှုကို မဖြေလျော့နိုင်ဘူးဆိုရင် အလိုလိုနေရင်ဒေါသထွက်နေသလိုလို စိတ်ဓာတ်ကျသလိုလို နဲ့ စိတ်ဓာတ်ကျရောဂါတောင်ဖြစ်နိုင်တယ်လို့ သူငယ်ချင်းတွေက ပြောလာတော့ စိုးရိမ်လာပါတယ် ဒါကြောင့်ဖြစ်နေတဲ့ စိတ်ကျရောဂါမဖြစ်အောင် စိတ်ဖိစီးမှုကို သက်သာအောင် ဘယ်လိုမျိုးလျှော့ချရမလဲဆိုတာကိုလေ့လာရပါတော့တယ် မလေ့လာလို့ကလည်းမဖြစ်ပါဘူး ဝေဒနာက ကြာရင်မကောင်းဘူးလေ ဖြစ်ပေါ်နေတဲ့စိတ်ဖိစီးမှုတွေထဲက လျှော့ချတဲ့ နည်းလမ်းတစ်ခုကတော့ အနားယူတာပဲဖြစ်ပါတယ်အားလပ်ချိန်လေးတွေကို ဖန်တီးရပါတယ် ကိုယ်စိတ်ထဲမှာ ခံစားနေရတဲ့ အရာတွေကို လုံးဝပစ်ထုတ်လိုက်ပြီး အနားယူမှသာလျှင် စိတ်ဖိစီးမှုတွေ လျှော့ချနိုင်မှာဖြစ်ပါတယ်ဘာမှကို တွေးမနေတက်အောင် အရင်လုပ်ရပါတယ် အနားယူတယ်ဆိုပေမယ့် စိတ်ဖိစီးတဲ့အကြောင်းကိုပဲ တွေးမယ်ဆိုရင် အနားယူတာမဖြစ်ဘဲ ပိုပင်ပန်းရပါတယ်အနားယူတက်မှ အနားရမှာပါ ဒါကြောင့် အနားယူမယ်ဆိုရင် ခံစားနေရတဲ့အရာတွေကို လုံးဝမေ့ပစ်ပြီး အနားယူသင့်ပါတယ်အစပထမတော့ မေ့ရတာ ခက်ပါတယ် နောက်တော့ တဖြည်းဖြည်း ကျင့်သားရလာပါတယ်
နောက်တစ်မျိုးကတော့ အကုန်အကျအနည်းငယ်ရှိနို်ပါတယ် စိတ်ဖိစီးမှုတွေကို သက်သာစေနိုင်တဲ့နည်းလမ်းတွေထဲက တစ်ခုဖြစ်ပါတယ်ကျန်းမာရေးအတွက်ဖြစ်လို့ ကုန်ကျတာကို ကြည့်လို့မရပါဘူး စိတ်ထဲမှာ လေးလံထိုင်းမှိုင်းနေပြီး နေလို့ အဆင်မပြေတော့ဘူးဆိုရင် ခရီးထွက်လိုက်တာက အကောင်းဆုံးပါဘဲ သောကတွေနဲ့ မွန်းကြပ်မှုတွေကနေ လွတ်မြောက်ခွင့်ရလာမှာပါ ခရီးမှာ စိတ်ပင်ပန်းစေမယ့်အရာတွေကို လုံးဝမေ့ထားပြီး အနားယူလိုက်တာအကောင်းဆုံးပါ ခရီးထွက်တော့ လူလည်း စိတ်ကြည်လင်လာတက်ပါတယ် စိတ်ပင်ပန်းတာတွေကို လုံးဝအနားပေးပြီးမှ ပြဿနာကို ပြန်လည်ဖြေရှင်းတာက သင့်ကို ပိုကောင်းတဲ့ အကြံဉာဏ်တွေကိုတောင် ရရှိစေနိုင်ပါတယ်အတွေးသစ်အမြင်သစ်တွေ ပေါ်လာမှာဖြစ်ပါတယ် အခုလို အချိန်တော့ ခရီးထွက်တာက သိပ်အဆင်မပြေပါဘူး ရောဂါတွေဘာတွေ ကူးစက်မှာလဲ စိတ်ပူရပါတယ် အားလုံး ကောင်းမွန်သွားတဲ့အခါတွေဆိုရင်တော့ ခရီးထွက်ပြီးအပန်းဖြေ အနားယူမယ်လို့ စိတ်ကူးထားပါတယ်