score
ကိုယ်ချင်းစာတရားဆိုတာကတော့ ကိုယ်တိုင် ခံစားရသလို သူလဲခံစားနေတာကို ထပ်တူပြုပေးတာပါ ခံစားချက်ဆိုတာလည်း ဒီလိုပါဘဲ ကိုယ်ချင်းစာတရားလေးနဲ့ စဉ်းစားပေးရပါတယ် သူ့ရင်ထဲ ဘယ်သို့ရှိမယ်ဆိုတာကို သိနိုင်ဖို့က ကိုယ်တိုင်သူ့လိုခံစားကြည့်ပေးမှဘဲ ရနိုင်ပါလိမ့်မယ်
ကိုယ်ချင်းစာပါတယ်လို့ ပါစပ်က ပြောလို့လွယ်ပေမယ့် တကယ့်ကို ခံစားပေးဖို့ အချိန်လေးတစ်ခုပေးဖို့တောင် လူတွေက ခက်ခဲနေတက်ကြပါတယ်
နိုင်ငံတစ်ခုမှာ အေးချမ်းနေပေမယ့် အခြားနိုင်ငံတစ်ခုမှာ ပူပင်သောကတွေ ကြုံကြရတဲ့အခါ ကိုယ်ချင်းစာစိတ်နဲ့ အကူအညီတွေ ပေးအပ်ထောက်ပံ့ပေးကြပါတယ်
ဒါကလည်း ကိုယ်ချင်းစာစိတ် စာနာစိတ်ကို ဖေါ်ပြပေးတာပါဘဲ
အခွင့်အရေး တစ်ခုကိုတွေ့မြင်ပါလျှက်နဲ့ ကိုယ်က ဒီအခွင့်အရေးကိုယူလိုက်ရင် တစ်ခြားသူမှာ ထိခိုက်နစ်နာသွားနိုင်သလားဆိုတာကို ထည့်တွက် စဉ်းစားပေးရမှာပါ
လူသားအားလုံးဟာ တစ်ယောက်ကိုတစ်ယောက် အားကိုးပြီး မှီတင်းနေထိုင်ကြရတာပါ ကိုယ်တစ်ယောက်တည်းရပ်တည်လို့မရနိုင်ပါဘူး အားနည်းသူကို အားပေးရမှာပါ ကူညီရမှာပါ အားကြီးနေသူတွေစိုးမိုးတဲ့လောကမှာ အားငယ်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးလာရပါတယ် အစားအသောက် အနေအထိုင်ကအစ ငွေကြေးတက်နိုင်သူတွေက စိုးမိုးချည်လှယ်တက်ကြပါတယ်
လူတစ်ချို့က ဇိမ်ခံနေနိုင်ကြချိန်မှာ လူတစ်ချို့ကတော့ ဝင်ငွေနည်းပါးစွာနဲ့ ဘဝကို ဖြတ်သန်းနေကြရတယ် အစားအသောက်တစ်ကြိမ်စားရဖို့ကိုတောင် ခက်ခဲနေတက်ပါတယ်
ရှိသူတွေ က မရှိသူတွေကို ပေးကမး် ထောက်ပံ့ပေးသင့်ပါတယ်
လူတွေဟာ အခွင့်အရေး တန်းတူရသင့်ပါတယ် သူအစားအသောက်တစ်ခါစားရင် ကိုယ်လည်း အစားအသောက် တစ်ခါ စားရသင့် ပါတယ်
သာယာလှပသော အေးချမ်းသော လောကတစ်ခုကို တည်ဆောက်ဖို့ ဆန္ဒရှိတယ်ဆိုရင်တော့ စာနာနားလည် စိတ် ကိုယ်ချင်းစာ စိတ်လေးကို ဖြေးဖြေးချင်း မွေးမြူ ရတော့မှာပါ စိတ်လိုက်မာန်ပါ ပြုမူတက်တာတွေကို ထိန်းချုပ်ရတော့မှာပါ အသိစိတ်လေးနဲ့ အမြဲ သတိကပ်လို စာနာစိတ်လေးနဲ့ ရှင်သန်လိုက်တာက အလွန်ကို တန်ဖိုးရှိစေမှာပါဘဲ
စာနာနားလည်နိုင်ဖို့ အတော်ကြီးကို ကြိုးစားရပါဉီးမယ် ကိုယ်ချင်းစာတက်ဖို့လည်း ကြိုးစားနေပါတယ်