အချိန်တွေအားနေပါတယ် အားတဲ့အချိန်တွေကို အကျိုးရှိအောင် ကျန်းမာရေးအတွက် စာလေးတွေ လိုက်ဖက်ရင်းနဲ့ ဒါလေး သဘောကျလို့ ရေးလိုက်ရပါတယ်
လူတွေရဲ့ ပါးစပ်မှာ အနံ့ဆိုးစွဲကပ်လာရင် လူမှုပါတ်ဝန်းကျင်မျာ အတော်လေးကို အဆင်မပြေဖြစ်စေပါတယ် ကိုယ်တိုင်ကတော့ အနံ့ ရင်နေလို့ မသိသလို ဘာမှမဖြစ်သလို ရှိသော်လည်း အခြားသူများအတွက် အတော် ဆိုးဝါးပါတယ် အနံ့ဆိုးထွက်နေသူနဲ့ စကားပြောချင်သူ မရှိပါဘူး အားနာလို့သာ သည်းခံပြီး စကားပြောကြရပါတယ် ကိုယ်တိုင်လည်း ဒီလို အနံ့ဆိုးတွေထွက်နေတာကို စိတ်ဆင်းရဲရပါတယ် ယုံကြည်မှုတွေလည်းပျောက်ဆုံးရပါတယ် အနံ့တွေနံနေရင် လူကြားထဲလဲ စကားပြောရတာ အဆင်မပြေနိုင်ပါဘူး
စိတ်မညစ်ပါနဲ့ ဒါတွေကို ကြိုတင်ကာကွယ်နိုင်ပါတယ် ဘယ်လိုလုပ်ရမလဲဆိုရင်တော့
အနံ့ပြင်းသော အစားအစာတွေကို လုံးဝမစားပါနဲ့ သွားမကြာခဏတိုက်ပါ ခံတွင်းကို အမြဲသန့်ရှင်းအောင် ဂရုစိုက်ပါ အစားစားပြီးတိုင်း ပလုတ်ကျင်းပါ ပီကေဝါးပါ
နောက်တစ်ခုကတော့ ရေနွေးကြမ်းသောက်ပေးပါ ရေနွေးကြမ်းကအနံ့ဆိုးတွေကိုနိုင်နင်းပါတယ် မကြာခဏရေနွေးကြမ်းသောက်ခြင်းအားဖြင့် နံ့ဆိုးကို ကာကွယ်နိုင်ပါတယ် ရေနွေးကြမ်းကို ပူပူလေးသောက်ပေးပါ ပလုတ်ကျင်းပေးပါ
သံပညာသီးလေးကို လေးစိတ် ခြမ်းပီး ရေနွေးအဖြူတစ်ခွက်ထဲကိုထည့်ပါ ဒါကိုလည်း မကြာခဏသောက်ပေးပါ ရှောက်ရည်သောက်လည်းရပါတယ် အက်စစ်ဓါတ်ပါတဲ့အတွက်
အနံ့ဆိုးကို ဖြစ်ပေါ်စေတဲ့ ဘက်တီးရီးယား ပိုးမွှားများကိုလည်း သေစေနိုင်လို့ အလွန်ကောင်းမွန်သင့်တော်ပါတယ် တစ်ရက်တစ်ကြိမ်လောက်သောက်ပေးပါ
အစားအသောက်တွေ စားပြီးတိုင်း နေကြာစေ့စားပေးပါ နေကြာစေ့ စားပြီးရင်လညး် သွားတိုက်ပေးပါ ဒါဆိုရင် အနံ့ဆိုးတွေကို အတော်လေးတားဆီးကာကွယ်နိုင်ပါလိမ့်မယ်
ရေကိုလည်း မကြာခဏသောက်ပေးပါ ရေကခံတွင်းသန့်ရှင်းရေးအတွက်အကောင်းဆုံး ဖြစ်စေပါတယ်
အနံ့ဆိုးများ ကင်းဝေးပြီး ကျန်းမာပျော်ရွှင်သော အချိန်များကို ပိုင်ဆိုင်နိုင်ကြပါစေ
နောက်ကိုလည်း အခုလို ကျန်းမာရေး နဲ့ သက်ဆိုင်တာလေးတွေ ရှာဖွေ ရေးပါဉီးမယ်
ကျန်းမာရေးအတိုအထွာ မှတ်စုလေးတွေ ရေးမှတ်ထားပြီး လိုအပ်တဲ့အခါပြန်ရှာသုံးလို့လည်း ရနိုင်ပါတယ်