link
ပျော်စရာကောင်းတဲ့ အချိန်တွေက အလွန်နည်းတာကို သတိထားမိတယ် တစ်ရက်တာအတွင်း ပျော်ရတဲ့အချိန်တွေက အခိုက်အတန့်လေးဘဲလို့ ထင်တယ် အခြားအချိန်တွေမှာ စိုးရိမ်ပူပန်ခြင်း အလိုမကျခြင်း စိတ်ပင်ပန်းနွမ်းနယ်ခြင်း သောကတွေနဲ့ဘဲ အချိန်များစွာ ကုန်နေခဲ့တယ် အဲ့သလို နေထိုင်လာခဲ့တာ အချိန်ကြာလာတော့ လောကကြီးက ကိုယ့်အတွက် ပျော်စရာမကောင်းတော့ဘူးလို့
ထင်လာမိတယ် နေ့တိုင်းကို ပျော်ရွှင်အောင် ဘယ်လိုနေထိုင်သင့်သလဲလို့ လေ့လာရပါတော့တယ်
ဟုတ်ပါတယ် နေ့စဉ်နေ့တိုင်း ပျော်ရွှင်မှုအချိန်တွေ များအောင် ဂရုတစိုက် နေထိုင်ရင် ရနိုင်ပါတယ် ပျော်စရာနဲ့ စိတ်ညစ်စရာဆိုတာက မိမိရင်ထဲကနေဘဲ လာတယ်လို့ ယူဆမိတယ်လေ
ကိုယ့်ရင်ထဲကနေ ပျော်စရာတွေဘဲ အမြဲထွက်ပေါ်လာအောင် ဒါမှ မဟုတ် ပျော်စရာအချိန်တွေကိုဘဲ အများဆုံး ထွက်ပေါ်လာအောင် လုပ်ဆောင်သင့်တာလေးတွေ ရှိလာတယ်
အကောင်းမြင်တဲ့ စိတ်လေးနဲ့ အရာရာကို ရှုမြင်ဖို့မလွယ်ဘူး ဒါပေမယ့် အဲ့သလို ရှုမြင်တက်အောင် စိတ်လေးကို ပြောင်းပြီး အကောင်းမြင်တက်အောင် ကြည့်တက်ရပါမယ် အကောင်းမြင်စိတ်ဟာ လောကကို အများကြီး ပြောင်းလဲပေးနိုင်တယ်လို့ ထင်တယ်
အခြားသူများအပေါ် နားလည်ပေးတက်ခြင်းကလည်း မိမိစိတ်ကို ပျော်ရွှင်အောင် ထားခြင်းပါဘဲ အခြားသူများအပေါ်အပြစ်မြင်နေသမျှ ကိုယ့်စိတ်ကလည်း မပျော်ရွှင်နိုင်ပါဘူး
သူတစ်ပါးအပေါ်နားလည်ပေးတက်ခြင်း ခွင့်လွှတ်ပေးတက်ခြင်းဆိုတာက သူရောကိုယ်ရော နှစ်ဉီးနှစ်ဖက် ပျော်ရွှင်ရနိုင်တယ် စိတ်ချမ်းသာစေနိုင်တယ်လေ
ကိုယ်ဘာတွေ လုပ်မိနေသလဲဆိုတာလည်း အမြဲသတိထားလို့ စောင့်ကြည့်ရမယ် ကိုယ့်စိတ်ရဲ့ အခြေအနေကို သတိလက်လွှတ်ထားလို့မရဘူး စိတ်ဆိုတာ မကောင်းတဲ့ နေရာမှာ အမြဲရောက်နေတက်တယ် ပြန်လည် တည့်မက်ပေးရမယ်လေ
ကိုယ်လုပ်ခဲ့မိတာတွေအတွက်ကိုလည်း စိုးရိမ်ပူပန် သောကတွေနဲ့ ဆက်မတွေးတာကောင်းတယ် အကျိုးမရှိဘူးလို့ထင်တယ် အမှားတွေကနေသင်ခန်းစာယူပြီး ဆက်မမှားအောင် နောက်တစ်ခါ ထပ်မမှားအောင် သင်ယူရမယ် လုပ်ပြီးသားဖြစ်ပြီးသားအရာအတွက် နောင်တရပြီး သောကများနေလို့ အကျိုးမရှိနိုင်ဘူးလေ
အခြားနည်းလမ်းတွေတော့ အများကြီးရှိနိုင်တယ် ဒါတွေကတော့ ကိုယ်နဲ့ အသင့်တော်ဆုံးသော နည်းလမ်းတွေဘဲ အခုချက်ချင်း လုပ်ဆောင်လို့ရနိုင်တာလေးတွေပါ
နေ့စဉ်အချိန်များစွာ ပျော်ရွှင်မှုတွေ ရှိနေအောင် ကြိုးစားကြည့်နေပါတယ်