တစ်ခါက မိန်းမ တစ်ယောက်က ၈နှစ်အရွယ် ကလေးကို ဘေးမှာထားပြီး သူငယ်ချင်းများနှင့် ဖဲကစားနေလေသည်။ ထိုအချိန်တွေ ကလေးက "မေမေသား ဗိုက်ဆာတယ်" လို့ ပြောတယ်။ ဒါပေမယ့် မေမေက "ခနနေအုံး" လို့ ပြော၍ ဆက်ကစား လေသည်။ ခနနေသောအခါ ကလေးက "မေမေဗိုက်ဆာတယ်" ဟု ထပ်မံ၍ပြောလေသည်။ ထိုအခါတွင်လည်း အမေက "နေအုံး" လို့ပြော၍ ဆက်ကစားနေပြန်လေသည်။ ထို့နောက်ကလေးက ထပ်မံရပြောသော အခါတွင်လည်း အမေက မျက်ကွယ်ပြု၍ ဆက်ကစားလေသည်။
ကလေးလည်း စိတ်ညစ်၍ အိမ်အပြင်သို့ ထွက်သွားလေသည်။ ကလေးသည် အိမ်ရှေ့တွင် ထိုင်၍ တစ်ယောက်တည်း ဆော့နေလေသည်။ ထိုအချိန်တွင် ကလေးများကို ဖမ်း၍ လုပ်စားနေ ကြသော လူ၂ယောက်က ရှိနေသည်။ ထိုလူ၂ ယောက်သည် ကလေးအားမြင်သည်နှင့်တပြိုင်နက် အချင်းချင်း အချိန်းအချက်လုပ်၍ ကလေးနားသို့ သွားပြီးလျှင် ကလေးအားဖမ်း၍ ဆိုင်ကယ်ပေါ်တင်ပြေး ကြသည်။
ကလေးအမေသည် ဖဲကစား၍ ကျေနပ်သွားသော အခါမှ ကလေးကို သတိရလေသည်။ ထိုအချိန်တွင် ကလေးသည် မရှိတော့ပါ။ ထိုအချိန်ကျမှ ကလေးကို အပူတပြင်း လိုက်ရှာလေသည်။ သို့သော် မတွေ့။ ကလေးအဖေအား အသိပေး၍ နေရာအနှံ့တွင်လိုက်ရှာ ကြလေသည်။ နေရာတိုင်းတွင် ကလေးဓာတ်ပုံဖြင့် ကလေးပျောက် လက်ကမ်းစာစောင်များကိုပြပြီး ကလေးကို ရှာကြသည်။ ဓာတ်တိုင်းများ၊ ပိတ်ထားသော လူမနေသော အိမ်ပေါက်များတွင်လည်း ကလေးပုံ လက်ကမ်းစာစောင်များ ကပ်၍ရှာကြသည်။ သို့သော် ကလေးဖမ်းများက ဖမ်းခေါ်သွားပြီ ဖြစ်သောကြောင့် လုံးဝရှာ မတွေ့ တော့ပါ။
ကလေးတစ်ယောက်သည် လမ်းမတစ်ခုတွင် တောင်းစားနေလေသည်။ ကလေးတောင်း စားနေသောကို မြင်သော အသက်၂၀ ဝန်းကျင် လူ၂ယောက်က သနား၍ပိုက်ဆံထည့်လိုက်လေသည်။
ထိုလူ၂ယောက်၏ကားသည် ကလေးတောင်းစား နေသောနေရာနှင့် မနီးမဝေတွင် ရပ်ထားသည်။ ထိုကြောင့် ကလေးကို ပိုက်ဆံထည့်ပြီးသည်နှင့် ထိုလူ၂ယောက်က ကားဆီသို့ သွားလေသည်။ ထို့နောက် အသက် ၂၇နှစ် ဝန်းကျင်ရှိသော သူတစ်ယောက်က လမ်းထောင်တစ်နေရာမှ ထွက်လာပြီး ထိုကလေးဆီမှ ပိုက်ဆံကို ယူလေသည်။ ထိုမြင်ကွင်းကို ပိုက်ဆံထည့်သော သူ၂ယောက်ကို မြင်လိုက်သည်နှင့်တပြိုင်နက် ၂၇နှစ်ဝန်းကျင်ရှိသော သူအား ဘာလုပ်တာလဲ ဟုမေးသည်။ ထို့နောက်တွင် ကလေးက သူ့သားပါဟုပြောလေသည်။ ထို့နောက် ၂၇နှစ်ဝန်းကျင်ရှိသောသူသည် ပြေးမည့်ဟန်ပြုသည်ကို ဝိုင်းဝန်းဖမ်းဆီ ထားကြသည်။
ကလေးပျောက်ရှာနေကြသော မိဘဆီသို့ ဖုန်းဝင်လာသည်။ ထို့နောက်တွင် ကလေးမိဘသည် အမြန်ဆုံး ကလေးရှိရာသို့ ရောက်လာကြသည်။ သူတို့သည် သူတို့သားလေးကို တွေ့ပါသော်လည်း ကလေးမှာ လက်နှစ်ဖက်ကလည်းမရှိ စကားပြောစရာ လျှာလည်း မရှိတော့ပေ။ ကလေးကို ပြန်တွေ့ ပါသော်လည်း မိဘများမှာ ယူကျုံးမရဖြစ်ကြရလေသည်။