မိုဘိုင်းအသုံးပြုမှုအခြေအနေ
ကျွန်တော်တို့မြန်မာနိုင်ငံမှာမိုဘိုင်းအသုံးပြုမှုဟာဆိုရင် ၂၀၁၄ခုနှစ်တွင် မြန်မာနိုင်ငံလူဦးရေ၏ ၂ရာခိုင်နှုန်း အင်တာနက်ရရှိပါတယ်။ ကျေးလတ်နေအိမ်ခြေ၂၈ရာခိုင်နှုန်းဟာ မိုဘိုင်းဖုန်းများကိုဆောင်နေပါပြီ။အသက်၁၅နှစ်နဲ့ ၂၄ကြား လူငယ်အများစုဟာ တွင်တွင်ကျယ်ကျယ်သုံးနေကြပါတယ်။ ထိုသူတို့ကိုင်ဆောင်တဲ့ မိုဘိုင်းကိရိယာဟာ စမက်ဖုန်းတစ်လုံးဖြစ်လာပါတယ်။
ပညာရေးကဘယ်လိုရောင်ပြန်ဟပ်မလဲ...
"မိုဘိုင်းနည်းပညာနှင့်တက်ဘလက်များသည်သင်ယူမှုမှာထိရောက်မှုရှိပြီး အသုံးပြုရလွယ်ကူပါသည်။
မိုဘိုင်းအခြေပြုသင်ကြားရေးတွင် ကျောင်းသားကျောင်းသူများသည် ဆရာဆရာမ သင်ကြားပေးသည်ထက် မိမိဘာသာ နောက်ထပ်လေ့လာသင်ယူစရာများကို ပိုမိုလုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။
ICT သည်သင်ကြားမှုသင်ယူမှုတွင် တိုးတက်စေရုံသာမက ဆရာ၊ဆရာမများသည် မှတ်တမ်းများကောင်းမွန်စွာထိန်းသိမ်းနိုင်ပြီး ကျောင်းသားကျောင်းသာများ၏ တိုးတက်မှုကို စောင့်ကြည့်နိုင်သည်။လေ့ကျင့်သင်ကြားပေးထားသော ဆရာ၊ဆရာမများအချင်းချင်း ICT ဗဟုသုတများ ပြန်လည်မျှဝေခြင်းဖြင့်သင်ကြားမှုတွင် များစွာတိုးတက်စေသည်။
စာသင်ခန်းများတွင် အင်္ဂလိပ်သဒ္ဒါလေ့ကျင့်ခန်းများကို projectorဖြင့်ပြင်ဆင်သင်ကြားပေးခြင်းဖြင့်ကျောင်းသားကျောင်းသူများ၏ စိတ်ဝင်စားမှုပိုမိုရရှိနိုင်သည်။ သိသာမြင်သာလွယ်သော ပုံများ၊ဗွီဒီယိုဖိုင်များဖြင့် သင်ထောက်ကူများပြုလုပ်၍.သင်ကြားခြင်းဖြင့် ပိုမိုထိရောက်နိုင်သည်။
ကြိုးမဲ့အင်တာနက်ချိတ်ဆက်စနစ်ဖြင့် အင်တာနက်သုံးစွဲနိုင်မှုအခြေအနေ.
မန္တလေးတိုင်း၊ရန်ကုန်တိုင်း၊မကွေးတိုင်း စတဲ့ဒေသ(၃)ခုအတွင်းရှိကျေးလတ်၊မြို့ငယ်များမှာရှိတဲ့ အခြေခံကျောင်း(၃၁)ကျောင်းမှာ မိုဘိုင်းကြိုးမဲ့အင်တာနက်ချိတ်ဆက်ပြီး ကျောင်းသင်ရိုးညွှန်းတမ်းများကို ICT နည်းပညာဖြင့်ပေါင်းစပ်သင်ကြားနိုင်အောင် လုပ်ဆောင်နေပါတယ်။ ICTစွမ်းရည်တိုးတက်စေဖို့လည်း ဆရာ၊ဆရရာမ များကို သင်တန်းများအကြိမ်ကြိမ်ပေးပြီး စွမ်းဆောင်ရည်မြှင့်တင်ပေးပါတယ်။
ကျောင်းသားကျောင်းသူများသည် ဆရာ၊ဆရာမများအတည်ပြုထားသော အသိပညာအရင်းအမြစ်များကို မိုဘိုင်းကိရိယာများတွင် အသုံးပြုရလွယ်ကူအောင် စီစဉ်ထားသည်။ ကျွန်တော်တို့မြန်မာကျောင်သားများနှင့် လိုက်လျောညီထွေမှုရှိအောင်ညပြုလုပ်ထားသော အင်္ဂလိပ်စာ၊ ဘဝအတွက်တာကျွမ်းကျင်စရာ အပလီကေးရှင်း(Application)ကို စီစဉ်ပေးထားပါသည်။
ထိုprojectကိုအကောင်ထည်ဖော်ဖို့အတွက် ပညာရေးဝန်ကြီးဌာနမှ အဖွဲ့ဝင်(၂၂)ဦးလေ့ကျင့်ပေးထားပြီးဖြစ်သည်။ထို့နောက် ကျောင်းအုပ်ကြီး(၃၁)ဦး၊ထိုကျောင်းများမှ ဆရာ၊ဆရာမ (၁၅၅)ဦးကို ကျွမ်းကျင်အောင်သင်တန်းများပေးပြီး လေ့ကျင့်သင်ထားပေးထားသည်။
ဆရာကို Laptop (၁၈၆)လုံး နှင့် Tablet(၃၀၀၀)လုံး၊projector(၃)စုံ၊အခြားသော သင်ထောက်ကူပစ္စည်းများဖြင့် စတင်အကောင်အထည်ဖော်ခဲ့သည်။ ယခုအခါ Tabletများ၊ Wifi Router
များ၊ C3 Server အပြင် လိုအပ်သည်များထောက်ပံပေးအပ်ထားသည်။
ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်းပြီး UNESCO ကစာသင်ကျောင်း(၃၁)ကျောင်းမှ ဆရာ၊ဆရာမများနှင့် ကျောင်းအုပ်ကြီးများကို ဘက်စုံလွှမ်းခြုံမှုရှိသော ICT For Education သင်တန်းများပို့ချပေးသည်။
လိုအက်ချက်နှင့်ကိုက်ညီသောလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများနှင့်လိုအပ်သည့်အထောက်အပံ့များပေးထားသည်။ဆရာဆရာမများသည် ICTပညာနှင့် ICT Pedagohy Integration တို့်ကိုလေ့လာသင်ယူပြီးကျောင်းသားများကို သင်ကြားပေးရသည်။
စာသင်ခန်းများတွင် သို့မှတစ်ဆင့် စာသင်ခန်းများအတွင်း ကျောင်းသားကျောင်းသူများ၏ လေ့လာသင်ယူမှုကို ၂၁ရာစုဆီသို့ အောင်မြင်စွာ ခုန်ကျော်သွားနိုင်မည်ဖြစ်ပါသည်။
ပညာရေးတစ်စိတ်တစ်ဒေသကို တင်ပြခြင်းဖြစ်ပါသည်။
လေးစားစွာဖြင့်
(MSC-125)