နာမည်ကြီးတရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Xiaomi ဟာ သူရဲ့ ထုတ်ကုန်သစ်အဖြစ်တဲ့ Mi TV4 ကို မိတ်ဆက်ပေးခဲ့ပါတယ်။
Xiaomi ဟာ smart phone ဈေးကွက်မှာလည်း နေရာရလာပြီး နောက်ထပ် သူရဲ့ အီလက်ထရောနစ် ပစ္စည်းတွေကို အာဆီယံဈေးကွက်ကိုထိုးဖောက်ဖို့ ကြိုးစားလာပြန်ပါပြီ။
Mi TV4 ရဲ့အထူဟာဆိုရင် ၄.၉ မီလီမီတာဖြစ်သာရှိတာဖြစ်တဲ့အတွက် ပါးလွှာတယ်လို့ပြောလို့ရပါတယ်။ Resolution ကလည်း (3840 x 2160 pixels) ဖြစ်တာကြောင့် ရုပ်ထွက်ကလည်း အထူး ကြည်လင် ပြတ်သားပါတယ်။
Quard-Core 64 bit TV Processor ဖြစ်တာကြောင့် လုပ်ငန်းဆောင်တာတွေကိုလည်း ကောင်းမွန်အောင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။
အသံပိုင်းဆိုင်ရာအနေနဲ့လည်း 3D အသံစနစ်ပါဝင်တာကြောင့် ရုပ်ရှင်ရုံမှာရုပ်ရှင်ကြည့်နေရသလို ခံစားမှုကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။
WiFi စနစ်လည်းပါဝင်တာကြောင့် TV အင်တာနက်ချိတ်ဆက်အ သုံးပြုနိုင်ပါတယ်။ ကုမ္ပဏီစတင်တာ သိပ်မကြာသေးတဲ့ Xiaomi အနေနဲ့ နောက်ထပ်ရော ဘယ်လို ခေတ်မီဆန်းပြားပြီး စိတ်ဝင်စားဖွယ် အီလက်ထရောနစ်ပစ္စည်းတွေ မိတ်ဆက်ပေးဦးမလဲဆိုတာကိုတော့ ရင်ခုန်စွာနဲ့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။
Images are taken from google.
images credit to source.