ကျနော်အခုတစ်ခါ ပြောပြမယ့်အကြောင်းကတော့ ကျနော်ဖြစ်စေချင်တဲ့ ဆန္ဒ တစ်ခုအကြောင်းပါ....
Online ပေါ်မှာ ပိုက်ဆံရှာနည်းဆိုတဲ့ Gp name လေးတွေ့တော့ ကျနော်ယောင်လည်လည်နဲ့ ဝင်ခဲ့တယ် ထို့အတူပဲ တခြားgroup တွေထဲ ထည်းဝင်ခဲ့တယ်...ကျနော်ယောင်လည်ယောင်လည်နဲ့ Postတွေဖတ်ကြည့်တော့ ပထမဆုံး တွေ့တာ ptc paid to click ဆိုတဲ့ ads click ရင် ရတဲ့နည်း သိခဲ့တယ်..ဒီလိုနဲ့ နောက်ပိုင်းရက်တွေမှာ အကိုဒီပကျော်ရဲ့အကူအညီကြောင့် ကျနော် Ptc လိုမျိုး Invest Sitesတွေ အကြောင်းသိခဲ့ရတယ် ကိုဒီပကျော်ကြောင့်သိခဲ့ရလို့ ကျေးဇူးတင်ပါတယ်....
ဒါနဲ့မကြာပါဘူး Futurenet ဆိုတဲ့ Siteလေး ပေါ်လာပြန်ရော...ဒါပေမယ့် ကျနော် စိတ်ဝင်စားလို့ဝင်ကတည်းက Free ပဲ သဘောကျတာ Futurenet ဆိုတဲ့နေရာလေးက ရင်းနှီးရတဲ့နေရာဖြစ်နေတော့ လူငယ်ပီပီ စူးစမ်းလုပ်ချင်ပေမယ့် မတတ်နိုင်လို့ မာန်လျော့ခဲ့ရတယ်....
ဒီလိုနဲ့မကြာပါဘူး Messenger တစ်ခုမှာ Gpထဲ ပါလာရင်း Ko ThetKoZawရဲ့ အကူအညီကြောင့် Steemit ပေါ်ရောက်လာခဲ့တယ်....
အကိုသက်ကိုဇော်ကို ကျနော့်အကိုအရင်းတစ်ယောက်လိုပါပဲ ...ကူညီခဲ့ပါတယ်..
Steemit ပေါ်မှာ ငွေရှာလို့ရတဲ့အကြောင်း
Invest မလုပ်နိုင်ရင်လည်း Free ရကြောင်း သိတဲ့အခါ အတိုင်းမသိဝမ်းသာခဲ့ရတယ်..
Steemit ဆိုတဲ့ platform ပေါ်မှာ ညီအကိုတွေ ရင်းနီးခဲ့ကြတယ် ရင်းနီးရင်းအချိန်ကြာလာတော့ Steemit Myanmar အတွက် အဖွဲ့အစည်း ထောင်လာပြီ
ဒီထောင်လိုက်တဲ့ အဖွဲ့ Steemit Myanmar အဖွဲ့မှာ ရှိတဲ့ members တိုင်းမှာ တိုးတက်ချင်စိတ်ရှိကြတယ် လမ်းပြကြတယ် ရှင်းပြကြတယ် ကိုယ်စီအလုပ်အကိုင်က တစ်ဖက် Steemit Platform က တစ်ဖက် အခက်အခဲတွေနဲ့ အတူ ညီအကိုတွေ လက်တွဲခေါ်ယူကြတယ်.....
STEEMIT PLATFORMဟာတိုးတက်ဖို့အတွက် လမ်းတစ်လမ်းလို့တောင် ကျနော်ခံယူထားတယ် Postတင်ပိုက်ဆံရ ဒါတင်မဟုတ်ပဲ ကျနော်တို့အတူ ရှေ့ဆက်ပြီး အဖွဲ့အစည်း ခိုင်မာအောင် လုပ်ချင်မိတယ်...သူများအဖွဲ့တွေကို သဘောကျမိတယ် တနေ့ ငါတို့လဲ အာ့ထက်သာအောင် လုပ်မယ်ဆိုတဲ့ စိတ်ဓာတ် ကျနော်တို့ရင်ထဲ အမြဲရှိတယ် .....
ကျနော်တို့ရင်ထဲက ဆန္ဒ တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် သေသေချာချာ စေ့စေ့စပ်စပ် လုပ်ရမယ်....
Steemit platform is a way that lead to be successful.
ကျနော်တို့ဆန္ဒတွေ တူညီတဲ့သူတွေကို Steemit က တွေ့ဆုံအောင်လုပ်ပေးတယ်...
ညီအကိုတွေ တမြို့တစ်နယ် တစ်နိုင်ငံခြား ဖြစ်နေပေမယ့် တိုးတက်ချင်တဲ့စိတ်က ကျနော်တို့ရင်ထဲ တနေရာထဲမှာပါ....
ကြိုးစားရင် ဘာမဆိုဖြစ်ပါတယ်...
Steemit မှာ Myanmar ဆိုတာ ဆရာတွေဖြစ်အောင် ပြချင်တယ်...
ကျနော်ခုချိန်မှာ ဘာကောင်မှ မဟုတ်သေးပါ
အိုင်းစတိုင်းက ပြောဖူးတယ်
"ပိုက်ဆံနောက်ကို မလိုက်နဲ့
အောင်မြင်မှူနောက်မလိုက်နဲ့
အလုပ်ကိုပဲ တိုးတက်အောင်လုပ်
အောင်မြင်မှူနဲ့ ပိုက်ဆံဆိုတာ
နောက်က လိုက်လာမှာ အသေအချာပဲ"
.........................................................
ကျနော့်တို့ Leader Henry Aung,
,
,
စသဖြင့် ကျန်တဲ့ ကျနော့်ဆရာပေါင်းများစွာ....
အားလုံးကို တစ်စုတစ်စည်းတည်း ပေါင်းစုပြီး လုပ်မယ်ဆိုရင် သုံးနှစ်ကြာမယ့်အရာက တစ်နှစ်လောက်နဲ့ ဖြစ်သွားနိုင်တယ်.......
BELIEVE YOURS SKILL
ကျနော်တို့သွေး ကျနော်တို့အသိဆုံးပါ...
ကြိုးစားကြလို့ ဒီလိုအခြေအနေ ရောက်လာပြီ
ဆင်ပြောင်ကြီး အမြှီးရောက်မှ တစ် ရတဲ့အဖြစ် မဖြစ်ပါစေနဲ့......
ကျနော်တို့ကြိုးစားတာ အလကားမဟုတ်ပါ
ကျနော်တို့ဦးနှောက်သုံးခဲ့ရတယ် ကျနော်တို့တင်တဲ့postတိုင်းဟာ ကျနော်တို့စိတ်ဓာတ် ကျနော်တို့လူမျိုးတွေရဲ့အနာဂတ်ကို ဖော်ပြနေပါတယ်......
ဦးနှောက်ရှိရှိ အသုံးချပြီး ကိုယ်ပိုင်original Content တွေ ထုတ်ပြကြပါ...
ခင်ဗျားတို့မညံ့ဘူးဆိုတာ ခင်ဗျားတို့ အသိဆုံးပါ..........
ကျနော်ဆိုတာ စာရေးရမှာ အင်မတန် ပျင်းတဲ့သူပါ...
စာဖတ်ရမှာ တွေးရမှာ ပျင်းတဲ့သူပါ...
ကျနော့်ထက်သာတဲ့သူတွေကို ကျနော်သိတယ်
အချိန်ဆိုတာ ရပ်မနေပါ..
ကျနော်တို့အတွက် တန်ဖိုးရှိတဲ့အချိန်တွေကို ကောင်းကောင်းအသုံးချပါ...
ပိုက်ဆံဆိုတာ ပြန်ရှာလို့ရနိုင်တယ်
အချိန်ဆိုတာ ပြန်မရနိုင်တဲ့အရာပါ
ကျနော်တို့ဆက်လျှောက်မယ် ဒီsteemitဆိုတဲ့လမ်းပေါ်မှာ...
တစ်ယောက်လက်တစ်ယောက်တွဲ
ဝိုင်းဝန်းကူညီရင်းနဲ့ ဆက်လျှောက်ကြမယ်..
ဘေးက မကောင်းပြောသူတွေရဲ့စကား
လက်ခံမထားနဲ့ ကျနော်တို့ရှေ့ဆက်ရမယ်..
နာမည်ကျော်တစ်ယောက်ရဲ့ အဆို
"ခွေးဟောင်တိုင်း ခဲ နဲ့ပစ်နေမယ်ဆိုရင်
မင်းလမ်း မင်းရောက်နိုင်မှာ မဟုတ်ဘူး"
ကျနော်တို့ဆက်လျှောက်မယ်ဆိုတဲ့ ရင်ထဲက ဆန္ဒကို အထာကျကျ တိုးတက်အောင်
စည်းကမ်းတွေနဲ့
အကောင်အထည်ဖော်ရအောင်.......