ဒီ တပတ် FPL ရက်သတ္တပတ် ကတော့ မန်စီးတီး တို့ရဲ့ ရက်သတ္တပတ် ဖြစ်ခဲ့ပါတယ်။ ပြိုင်ဘက်အသင်းကို ၁၈ မိနစ် အတွင်း ၅ဂိုး သွင်းပြီး ခြေစွမ်းပြ ခဲ့ပါပြီ။ ပွဲ အပြီးမှာတော့ ၈ ဂိုး ဂိုးမရှိ နဲ့ အောင်ပွဲ ခံနိုင်ခဲ့ပါတယ်။ ထို့ အတူပဲ FPL အမှတ် တွေလည်း သူတို့ တစ်သင်းလုံး နီးပါး သိမ်းကြုံး ယူသွား ပါတော့တယ်။
ကျွန်တော် ကတော့ အရင် တပတ် ကထက် အမှတ် တက်လာပါတယ်။ ဂိုးသမားက အရံထားတဲ့ ကစားသမား က အမှတ် ပိုရ နေပါတယ်။ ဒါက လည်း နောက် တပတ် နှစ်ပတ် လောက် စောင့်ကြည့်ပြီး ပြုပြင် ရဦးမှာပါ။ ကံကောင်းတာက မန်ယူ ကစားသမား တွေကို မရွေးမိတာပါ။ ကျွန်တော် က မန်ယူ fan ပါ၊ ဒါပေမယ့် တတ်နိုင်ပါဘူး အမှတ်တွေက နာထားတော့ ဆုံးဖြတ်ချက် တွေ မမှားဖို့ အရေးကြီးပါတယ်။
အသင်းမှာလည်း ခြေစွမ်းကျပြီး transfer fee မြင့်နေတဲ့ ကစားသမား အချို့လည်း မြင်လာရပါပြီ။ ဒါတွေကို fee နည်းနည်း နဲ့ အမှတ်များများ ရှာပေးမယ့် ကစားသမား တွေနဲ့ လဲလှယ် ရပါမယ်။ Wk.10 လောက် ပြီးသွားရင်တော့ ဘယ်ကစား သမားက ဘယ်လို ဆိုတာ ခန့်မှန်း နိုင်လောက်ပါပြီ။ အားလုံး Good Luck ပါ။
ဒီ တပတ္ FPL ရက္သတၱပတ္ ကေတာ့ မန္စီးတီး တို႔ရဲ႕ ရက္သတၱပတ္ ျဖစ္ခဲ့ပါတယ္။ ၿပိဳင္ဘက္အသင္းကို ၁၈ မိနစ္ အတြင္း ၅ဂိုး သြင္းၿပီး ေျခစြမ္းျပ ခဲ့ပါၿပီ။ ပြဲ အၿပီးမွာေတာ့ ၈ ဂိုး ဂိုးမရွိ နဲ႕ ေအာင္ပြဲ ခံနိုင္ခဲ့ပါတယ္။ ထို႔ အတူပဲ FPL အမွတ္ ေတြလည္း သူတို႔ တစ္သင္းလုံး နီးပါး သိမ္းႀကဳံး ယူသြား ပါေတာ့တယ္။
ကြၽန္ေတာ္ ကေတာ့ အရင္ တပတ္ ကထက္ အမွတ္ တက္လာပါတယ္။ ဂိုးသမားက အရံထားတဲ့ ကစားသမား က အမွတ္ ပိုရ ေနပါတယ္။ ဒါက လည္း ေနာက္ တပတ္ ႏွစ္ပတ္ ေလာက္ ေစာင့္ၾကည့္ၿပီး ျပဳျပင္ ရဦးမွာပါ။ ကံေကာင္းတာက မန္ယူ ကစားသမား ေတြကို မေ႐ြးမိတာပါ။ ကြၽန္ေတာ္ က မန္ယူ fan ပါ၊ ဒါေပမယ့္ တတ္နိုင္ပါဘူး အမွတ္ေတြက နာထားေတာ့ ဆုံးျဖတ္ခ်က္ ေတြ မမွားဖို႔ အေရးႀကီးပါတယ္။
အသင္းမွာလည္း ေျခစြမ္းက်ၿပီး transfer fee ျမင့္ေနတဲ့ ကစားသမား အခ်ိဳ႕လည္း ျမင္လာရပါၿပီ။ ဒါေတြကို fee နည္းနည္း နဲ႕ အမွတ္မ်ားမ်ား ရွာေပးမယ့္ ကစားသမား ေတြနဲ႕ လဲလွယ္ ရပါမယ္။ Wk.10 ေလာက္ ၿပီးသြားရင္ေတာ့ ဘယ္ကစား သမားက ဘယ္လို ဆိုတာ ခန႔္မွန္း နိုင္ေလာက္ပါၿပီ။ အားလုံး Good Luck ပါ။