ပြီးခဲ့တဲ့ တပတ်က ပိုစ့်မှာ ကျွန်တော် ပြောခဲ့သလို ပါပဲ။ အခု ဒီ လူစာရင်း က ကျွန်တော် Wild card အခွင့်အရေး ကို အသုံးချပြီး ခြေစွမ်း တည်ငြိမ်မှု ရှိနိုင်မယ့် ကစားသမား များကို ပေးထားတဲ့ ငွေကြေးနဲ့ ကိုက်ညီအောင် ရွေးချယ်လိုက်ပါတယ်။ အကောင်းဆုံး တွေ ချည်းလိုချင် ပေမယ့် တန်ကြေးက မြင့်နေတော့ မတတ်နိုင်ဘူးလေ။ ဒီဂီယာလေး တောင် ဂိမ်းက သတ်မှတ် ထားတဲ့ ပိုက်ဆံ မလောက်တော့ လို့ ဖြုတ်ထား ခဲ့ရ ပါတယ်။
ကစားကွက် ကတော့ ၃ ၄ ၃ ကို ရွေးချယ် ထားပါတယ်။ ရှေ့တန်း နဲ့ အလယ်တန်း ကစားသမား ကောင်း ကို ဦးစားပေး ရွေးချယ်ထား လို့ အခုလို ကစားကွက် သုံးလိုက်တာပါ။ ရှေ့တန်း နဲ့ အလယ်တန်း မှာ ငွေ ကောင်းကောင်း သုံးလိုက်တော့ နောက်တန်းက ငွေနည်းနည်း နဲ့ အမှတ် များများ ရှာပေးတဲ့ သူကိုသာ ရွေးချယ် ရပါတော့ တယ်။
လက်ရှိ လူစာရင်းနဲ့ အမှတ်တွေ ရသလောက် စုဆောင်းရတော့မှာ ပါပဲ။ ကိုယ်ဘယ်လောက်ထိ လုပ်နိုင်သလဲ ပေါ့။ နောင်နှစ်မှ သာ ထိပ်ပိုင်း ကို တက်လှမ်းဖို့ မျှော်မှန်း ရမှာပါ။ ခုတော့ ကိုယ် ရွေးချယ် ထားတဲ့ ကစား သမား လေးတွေ ဂိုးများများ သွင်း ခြေစွမ်း များများ ပြ ပါစေပေါ့ ဗျာ။ ဘာဖြစ်ဖြစ်ပါ ကျွန်တော်တို့ မြန်မာ league မှာတော့ ကျွန်တော်က နံပါတ် ၂ ပါ။ 😛😛😛 ဝင်ပြိုင်တဲ့ သူက လည်း ၂ ယောက်ထဲပဲ ရှိတာလေ။
Written by 