" ရဟန်းသံဃာဘုန်းဘုန်းများနဲ့စကား ပြောတတ် ဖို့ "
•••••••••••••••••••••••••••••••••••••••••••••
(၃)
သားသားမီးမီးတို့ အားလုံးဟာ
ဗုဒ္ဓဘာသာဝင် ပီပီ
ရဟန်းသံဃာများနဲ့မကြာခဏ
တွေ့ကြရ ဆုံကြရ နေကြရမှာ ဖြစ် တယ် ။
ဒါ ကြောင့် ...
ရဟန်းသံဃာဘုန်းဘုန်းများနဲ့ ပြောတတ် ဆိုတတ်
ထူးတတ် နေတတ် အောင်
ဒီယဉ် ကျေးမှု ကဗျာ လေးများကိုလဲ
အရကျက် ပြီး လေ့ကျင့်  ပေးကြရမယ်
အရင် ဦးဆုံး
ဘုန်းဘုန်း ခေါ်ရင် ..."အရှင် ဘုရား"လို့ ထူးရမယ် နော်
"ဘုရား"လို့ လွယ် လွယ် မထူးပါနဲ့ ။
ဘုန်းဘုန်းများက
"သားသား သမီး တို့နာမည် ဘယ် လို ခေါ်လဲ " လို့ မေးပြီးဆိုရင်
ပြန် လျှောက် ထားတဲ့အခါမှာ
သားသားဆိုရင်
"ဘုရားတပည့်  တော် "
နာမည် " ထွန်းထွန်း "ပါဘုရား
သမီးဆိုရင်
" ဘုရား တပည့်  တော် မ ရဲ့နာမည် က စုစုပါဘုရား "
လို့ လျှောက် ထားရမယ် နော်
ဘုန်းဘုန်းများထံ
ခွင့်  တောင်းတဲ့အခါမှာလည်း
"ဘုရားတပည့်  တော် သွားပါရ စေအရှင် ဘုရား"
"ဘုရားတပည့်  တော် ရောက် ပါပြီ အရှင် ဘုရား"
စသည် ဖြင့် ...
"ဘုရားတပည့်  တော်"
လို့ ထည့်  လျှောက် တတ်ရမယ် နော် ။