တကယ်ဆို ကျမရင်ထဲက ချစ်ခြင်းမေတ္တာကို ရှင်မမြင်ပဲ
မိန်းမိရိုင်းကြီးရဲ့ အမုန်းလို့ပဲ ရှင်က ထင်ခဲ့တာကိုး....
ရှိပါစေတော့ မင်းဆဒ္ဒန်ရယ်...
ရှိပါစေတော့...
ဒီဘဝ ဒီမျှနဲ့ပဲ ရှိပါစေတော့လေ...
တကယ်တော့ သုဘဒ္ဒါဆိုတဲ့ နှမတော်က
မောင်ကြီးမင်းဆဒ္ဒန်ကို မုန်းခဲ့တာ မဟုတ်ပါဘူး
အချစ်ကြီးချစ်ခဲ့မိတာပါ မင်းဆဒ္ဒန်ရယ်....