
source; @aggamun
နိုင်ငံရေးလေး ပြောပါရစေ
ကဲ ခေါင်းစဉ်လေးကိုဖတ်ပြီး လန့်မသွားပါနဲ့နော်။တွေးချင်ရာတွေးပြီး ရေးချင်ရာရေးထားတယ်ဆိုပြီးလည်းကျော်မသွားပါနဲ့နော်။အဓိက ဒီအကြောင်းလေးရေးမိတာကတော့ ကို@aggamunရဲ့ contestလေးကိုဖတ်မိရင်းနဲ့ အတွေးပေါက်လာတာပါ။contestမှာ ဘာမေးခွန်းလေးမေးထားလဲဆိုတော့ "နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောထားသလို နောက်အနှစ်နှစ်ဆယ်မှာ မြန်မာနိုင်ငံက စင်င်္ကာပူနိုင်ငံကို ကျော်တတ်နိုင်မလား။မကျော်တတ်နိုင်ဘူးလား။ဘာကြောင့်လဲ"တဲ့။ ဆိုတော့ ဒီမေးခွန်းက တော်တော်ချောင်ပိတ်စေမယ့် မေးခွန်းမျိုးပဲ။ နိုင်ငံတော်အတိုင်ပင်ခံ အခုလိုစကားပြောတည်းက လူထုကြားမှာ တော်တော်ဂယက်ထသွားစေတယ်။positive thinkingသမားတွေနဲ့ negative thinkingသမားတွေ အငြင်းပွားကုန်ကြတာပေါ့။အခုလည်း ကျွန်မထင်မြင်ချက်ကြောင့် အငြင်းပွားမှုတွေထပ်ဖြစ်လာမလား။မဖြစ်လားဘူးလားဆိုတာ ကြည့်ကြတာပေါ့ရှင်။
ဒီမေးခွန်းကို ကျွန်မကိုမေးလာပြီဆိုရင်တော့ ကျွန်မကရဲရဲဝံ့ဝံ့ဖြေလိုက်ပါမယ်။စင်္ကာပူနိုင်ငံကို ကျော်ကိုကျော်တတ်နိုင်မှာပါ။ကျွန်မဘာလို့အခုလိုပြောရတာလည်းဆိုတော့ ပထမဆုံးအနေနဲ့ အခြေခံလူတန်းစားတွေခံစားခဲ့ရတဲ့ သယ်ယူပို့ဆောင်ရေးစနစ်က အခုဆို အရမ်းကိုအဆင်ပြေနေပါတယ်။ငါးပိငါးချဉ်သိပ်သလို ကားစီးရတာကို နေသားကျနေတဲ့ အခြေခံလူတန်းစားတွေအတွက် ယခုလိုaircon busတွေပေါ်လာတာဟာ ဖွံ့ဖြိုးမှုရဲ့ နိဒါန်းပါပဲ။နောက်တစ်ခုကတော့ လမ်းပန်းဆက်သွယ်ရေးတွေကလည်း အဆင်ပြေနေတဲ့အခြေအနေကိုရောက်ရှိနေပါတယ်။ လမ်းပြင်လို့ကားလမ်းပိတ်တဲ့ဒုက္ခကိုမကြည့်ဘဲ နောက်ဆိုကားပေါ်မှာ ဇိမ်ရှိရှိသွားရမယ့်အဖြစ်ကို မြင်အောင်ကြည့်သင့်ပါတယ်။ ယဉ်ကျေးမှုရိုးရာအမွေအနှစ်ကို ထိန်းသိမ်းတတ်လာတာကလည်း နိုင်ငံတစ်နိုင်ငံရဲ့ အဆင့်အတန်းကိုတစ်စိတ်တစ်ပိုင်း ဖော်ပြပေးနေပါတယ်။နောက်တစ်ခုကတော့ နိုင်ငံတစ်ခုရဲ့ အရေးပါလှတဲ့ အုပ်ချုပ်ရေးမှာလည်း အဓိကရင်ဆိုင်နေရသော အကျင့်ပျက်ခြစားမှုဒဏ်က အခုဆိုသိသိသာသာလျော့နည်းလာတာကလည်း ဝမ်းသာစရာပါပဲ။နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးမှုဟာ နိုင်ငံ့ဝန်ထမ်းတွေရဲ့ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ အများဆုံးသက်ဆိုင်နေပါတယ်။ဒါကြောင့်မို့ အခုလို လာဘ်ပေးလာဘ်ယူမှုတွေ ပပျောက်အောင်ဆောင်ရွက်နေတာကလည်း စင်္ကာပူဆိုသောနိုင်ငံကို ကျော်တတ်ဖို့ ခြေတစ်လှမ်းပါပဲ။ဒီ့ထက်များပြားလာတဲ့ ဖွံ့ဖြိုးမှုတွေ ရှိပါတယ်။ကျွန်မသိသလောက်နဲ့ အကျဉ်းချုပ်ဖော်ပြထားတာပါ။အခုလိုသာဆက်လက်ပြီး လုပ်ဆောင်သွားမယ်ဆိုရင်တော့ စင်္ကာပူနိုင်ငံကိုအနှေးနဲ့အမြန်ကျော်ဖြတ်နိုင်မှာပါ။
Steemitမိသားစုဝင်များအားလုံးကို ကျေးဇူးအထူးတင်လျက်။
Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Give my love to you all Steemians.
written by :@hnineikhaing
MSU NO-003