source ; 
ကဲ အခုဆိုရင် 2018ဆိုတဲ့ အချိန်ကာလကို ကျော်လွန်ပြီး 2019ဆိုတဲ့ နှစ်သစ်ကိုရောက်ခဲ့ပြီပေါ့နော်။တစ်နှစ်အတွင်းမှာ ပျော်စရာတွေရောဝမ်းနည်းစရာတွေရော ကြုံတွေ့ဖြတ်သန်းခဲ့ရတာကြောင့် နှစ်သစ်မှာ ပျော်ရွှင်စရာတွေနဲ့ပဲ ကြုံတွေ့စေချင်ကြောင်း အားလုံးလိုလိုဆုတောင်းမိကြမှာပါ။အားလုံးရဲ့ဆုတောင်းတွေ ပြည့်ပါစေလို့လည်း ကျွန်မကဆုတောင်းပေးပါတယ်။
ည၁၂နာရီကျော်ပြီး နောက်တစ်နေ့ကိုကူးပြောင်းသွားတာက မထူးဆန်းပေမယ့် ဒီဇင်ဘာလရဲ့၃၁ရက်နေ့ကတော့ ထူးခြားပါတယ်။တစ်နှစ်လုံးရဲ့စိတ်ပင်ပန်းမှုဒဏ်တွေကို ထိုညရဲ့၁၂နာရီမှာ "Happy New Year "လို့ အော်လိုက်တာနဲ့ ပျောက်ဆုံးသွားမယ်ဆိုပြီး အားလုံးကလက်ခံကြပါတယ်။ကျွန်မကိုယ်တိုင်လည်း အဲ့လိုပဲမှတ်ယူပါတယ်။ကျွန်မငယ်စဉ် "Happy New Year"ဆိုတာ ဘာမှန်းမသိခင်ကတည်းက ဒီဇင်ဘာ၃၁ဆို အရမ်းပျော်ပါတယ်။ဘာလို့ဆို ကျွန်မရဲ့အဒေါ်မိသားစုက ဒီဇင်ဘာ၃၁တိုင်း ခေါက်ဆွဲကြော် ကြာဆံကြော်တွေ ဝယ်ကျွေးပါတယ်။ဒီရက်ဟာ နှစ်တစ်နှစ်ရဲ့နောက်ဆုံးရက်လို့မတွေးမိဘဲ ဒီရက်ဆိုမုန့်တွေစားရပါလားဆိုပြီး မှတ်သားထားပါတယ်။ဒါကြောင့်မို့ အမြဲတမ်း၃၁ရက် ဖြစ်ချင်နေခဲ့မိတယ်။အခုဆိုရင် ပိုလို့တောင်ဒီဇင်ဘာ၃၁ရက်ဖြစ်ချင်နေပါတယ်။ဘာကြောင့်လဲဆိုတော့ အခုဆိုဒီဇင်ဘာ၃၁ရက်ရောက်တိုင်း ရုပ်မြင်သံကြားတွေမှာ ပျော်ရွှင်စရာgameအစီအစဉ်တွေ ဖျော်ဖြေရေးအစီအစဉ်တွေ အများကြီးတင်ဆက်ပြသလာပြီဖြစ်တာကြောင့် ပိုပြီးအမှတ်ရစေမိတယ်။ကျွန်မတို့အိမ်မှာလည်း ဟင်းတွေချက်ကြ သီချင်းတွေဆိုကြနဲ့ ကလေးအစလူကြီးအဆုံး ပျော်ရွှင်ကြတာမို့ ဝမ်းသာပီတိဖြစ်ရပါတယ်။မိသားစုအားလုံး စည်းစည်းလုံးလုံးနဲ့ ပျော်ပျော်ရွှင်ရွှင်နေရတာကြောင့် နှစ်သစ်ကူးညလေးကို အရမ်းသဘောကျပါတယ်။
ဒါပေမယ့် အဆိုးအကောင်းက ဒွန်တွဲနေသလို ပျော်ရွှင်မှုဝမ်းနည်းမှုကလည်း ဒွန်တွဲနေပါတယ်။"Happy New Year"ညကျော်ပြီး နောက်တစ်နေ့မှာကြားရတဲ့သတင်းတွေက စိတ်မကောင်းဖြစ်ရပါတယ်။။အထူးသဖြင့် နှစ်သစ်ကူးကို အကြောင်းပြပြီး အရက်သေစာကို အလွန်အကျူးသောက်စားတာကတော့ မကြိုက်ဆုံးဖြစ်ရပ်ပါပဲ။ကိုယ့်ဘာသာသောက်စားမူးယစ်တာကို happy new yearကိုလွှဲချတာ မကောင်းပါဘူး။အပျော်ကနေအပျက်ဖြစ်အောင် ဖန်တီးတာကြောင့် နှစ်သစ်ကူးညက အကျည်းတန်စေပါတယ်။နှစ်သစ်မှာပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းတာကို သဘောကျပေမယ့် သောက်စားမူးယစ်ရမ်းကားတာကိုတော့ လုံးဝကိုသဘောမကျပါဘူး။
Steemitမိသားစုဝင်များအားလုံးကို ကျေးဇူးအထူးတင်လျက်။
Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Give my love to you all Steemians.
written by :
MSU NO-003
#myanmar
#msu