အခမဲ့ ပြည့်တန်ဆာရုံနဲ့တူလာသော မြန်မာပြည်အွန်လိုင်းမှ မြန်မာမိန်းကလေးအများအပြား ***
=°=°=°=°=°=°=°=°=°=°=°=°=°=
Credit;photo
မြန်မာနိုင်ငံဆိုတာ ယဉ်ကျေးမှူ့အရာမှာ ကမ္ဘာကအသိအမှတ်ပြုထားရတာ.....
မြန်မာအမျိုးသမီးတို့ရဲ့ ဂုဏ်ကျက်သရေ.....
မြန်မာ့အိနြေ္ဒ ၊ မြန်မာ့ယဉ်ကျေးမှူ့ဟန်ပန်တွေက မြန်မာအမျိုးသမီး တော်တော်များများကြောင့် ပျက်ဆီးခဲ့ရတယ်(မြန်မာ့ယဉ်ကျေးမှူ့နဲ့ အညီနေထိုင်တဲ့ မိန်းကလေးအချို့ တော့ရှိပါတယ်)
အရင်တုန်းက ဟောလိဝုဒ်ဇာတ်ကားရိုက်ဖို့
မြန်မာမင်းသမီးကို ငှါးတဲ့အခါ ဇာတ်ကားတစ်ခုလုံးမှာ
မြန်မာဝတ်စုံပဲဝတ်ပြသွားပြီး မြန်မာ့ဂုဏ်ကျက်သရေကို
ကမ္ဘာ့အလယ်မှာ ချပြသွားခဲ့တဲ့အဖြစ်တွေ.....
ဒါတွေဟာ မြန်မာ့ယဉ်ကျေးမှူ့ကိုထိန်းသိမ်းပြသွားတာတွေ....
ယနေ့ခေတ်မှာတော့....
Facebook မှာ like တစ်ခု ရဖို့အရေး.....
ရှိသမျှပစ္စည်းတွေ အကုန်ဖော်ပြနေကြတဲ့
မြန်မာမိန်းကလေးတွေများလာတယ်......
သူတို့ပိုစ့်တွေရဲ့ comment တွေကြည့်လိုက်ရင် အယုတ္တအနတ္တစုံလင်နေအောင်ဆဲဆိုနေကြတဲ့
အဆဲ comment တွေကို အဟုတ်မှတ်ပြီးသာယာနေတယ်...
ခေတ်ဆန်ပြီးရှိသမျှဖော်ပြနေမှ ဝိုင်းပြစ်မှားခံနေရတဲ့
Facebook နာမည်ကြီးတစ်ယောက်ဖြစ်ချင်နေတာလား....
ဒီလိုမိန်းကလေးမျိုးတွေက အပြင်သွားလာတဲ့အခါ
ပတ်ဝန်းကျင်မှာရော လုံခြုံမှု့ရှိလိမ့်မယ်ထင်ပါသလား....
ကွယ်ရာကလေ ပစ်မှားဖို့ပြစ်မှားဖို့ချောင်းနေတဲ့ ပုရိဿယောကျာ်သားတွေ ဒုနဲ့ဒေး ရှိနေတယ်.....
မြန်မာဆန်ဆန် ရိုးရိုးယဉ်ယဉ်လေးနေတဲ့
မိန်းကလေးတစ်ယောက်နဲ့ ရှိသမျှအကုန်ဖော်
ခပ်ဟော့ဟော့နေတဲ့ မိန်းကလေးတစ်ယောက်
ဘယ်ဟာကပိုပြီးကျက်သရေရှိတယ်ထင်ပါသလဲ....?
ကိုယ့်ရဲ့ဒီလိုနေတဲ့ပုံစံဟာ အိမ်ကကိုယ့်မိဘတွေပါ
ဂုဏ်ကျက်သရေမညှိးနွမ်းစေဘူးလို့ထင်သလား...?
ဒီလိုခပ်ဟော့ဟော့ ရှိသမျှအကုန်ဖော်ပြ
နေတဲ့မိန်းကလေးတိုင်းဟာ...
မိကောင်းဖခင်သားသမီး မဟုတ်ဘူးလို့မပြောလိုပေမယ့်.....
ဆိုဆုံးမမှူ့ရှိတဲ့မိဘတိုင်းရဲ့ သားသမီးတိုင်းဟာ ဒီလိုမဟူတ်ဘူးဆိုတာတော့သေချာပါတယ်.....
ကိုယ်တစ်ယောက်အတွက်ကြောင့် မြန်မာ့ဂုဏ်ကျက်သရေ
မတက်ချင်နေပါစေ......
ဂုဏ်ကျက်သရေတော့ မညိုးနွမ်းပါစေနဲ့..
အခုခေတ်က ယောကျာ်းလေးတွေက လုံလုံခြုံခြုံ
ဝတ်နေပြီး .....
မိန်းကလေးတွေက ရှိသမျှအကုန်ဖော်ပြီး
မျက်စိအဟာရ ကျွေးတဲ့ခေတ်...
အခြားနိုင်ငံက မင်းသား ၊ အဆိုတော်လာရင် မိန်းကလေးတွေက
ထိပ်ဆုံးကသွားပြီး သဲသဲလှူပ် ငမ်းငမ်းတက်ဖြစ်နေပြီး.....
ယောကျာ်းလေးတွေက ကမ္ဘာကျော်အမျိုးသမီးလာတာတောင် မသိသလိုအေးဆေးနေတဲ့
ကျုပ်တို့မြန်မာနိုင်ငံခေတ်....
(မဟုတ်ဘူးမငြင်းနဲ့ EXO အဖွဲ့လာတုန်းက လေဆိပ်မှာ အရှက်မရှိ အုံလိုက်ကျင်းလိုက် သွားငိုပြတဲ့ မိန်းကလေးထုကြီးနဲ့ ကမ္ဘာကျော် DJ Soda လာတာတောင်ဘာအသံမှမထွက်တဲ့ယောက်ျားလေးတွေ အဖြစ်ကိုကြည့်သိသာတယ်)
ခေတ်နဲ့အညီနေတာ မပြောလိုပေမယ့် ဟော့လွန်းလာရင်
မကောင်းပါဘူး.....
ဒီလိုပိုစ့်ကိုရေးရလို့ "သူတို့ပစ္စည်းနဲ့သူတို့ဖော်တာ မင်းနဲ့ဘာဆိုင်သလဲ..?"
မေးမည့်သူများအတွက် တစ်ခါထဲဖြေပေးမယ်....
ဒါဟာ မြန်မာပြည်....
ကျွန်တော်ကမြန်မာနိုင်ငံသား...
ကျွန်တော့်နိုင်ငံ မြန်မာ့ယဉ်ကျေးမှူ့အတွက် ကျွန်တော်ပြောဆိုဝေဖန်ခွင့်ရှိတယ်......
သေချာတယ်....
ကျွန်တော်တို့မြန်မာပြည်ရဲ့ ယဉ်ကျေးမှူ့ဟာ
အဲ့လိုမိန်းကလေးတွေကြောင့် နောက်ဆယ်စုနှစ်တစ်ခုစာဆိုရင် ယဉ်ကျေးမှူ့ဟာ လက်ချိုးရေလို့ရနေလောက်ပြီ.....
မိန်းကလေးတွေကို ပြောချင်တာကတော့ ကိုယ့်ရဲ့အနေအထိုင်၊ အပြုအမူတွေကြောင့် အိမ်ကမိဘ....
မြန်မာပြည်ရဲ့ယဉ်ကျေးမှူ့၊ မြန်မာအမျိုးသမီးတို့ရဲ့ အိနြေ္ဒဆိုတာတွေကို မထိပါးစေဖို့ဆင်ခြင်ကြစေလိုပါတယ်....
#မူရင်း_Credit