Credit:Photo
မျက်ရည်တွေ ကျနေတယ်မောင်ရယ်
ကျနေတဲ့မျက်ရည်တွေသာမိုးစက်တွေဖြစ်နေရင်
ပင်လယ်ကြီးလိုလှိုင်းလေထန်အောင်ဖန်ဆင်းပြီး
မောင့်အပါးအပြေးရောက်လာချင်ပါရဲ့ သို့သော်
ကျမဆိုတဲ့လှိုင်းလုံးလေးက
မောင် ဆိုတဲ့ကမ်းစပ်လေးကိုရိုက်ခတ်ဖို့
လှိုင်းကြီးတွေကိုအံ့တု ကမ်းစပ်ကိုအပြေးလာခဲ့ပေမယ့်
ကျမကဘယ်နှစ်ကြိမ်မြောက် လှိုင်းကလေးဖြစ်မလည်းမောင်
ကျမသိပါရဲ့ဝင်လာပြီးပြန်လည်ထွက်ခွာပေးရမှာကို
ဒါပေမယ့်ပေါ့မောင်ရယ် မောင့်အနားခနတာအပြေးလာတဲ့
လှိုင်းလေးက ပင်ပန်းရကြိုးနပ်ပါပြီ ဘာလို့လည်းဆိုတော့
အချစ်ဆိုတာ ရယူခြင်းလည်းမဟုတ်ပေးစပ်ခြင်းလည်းမဟုတ်
အချစ်ဆိုတာက သူချစ်တဲ့သူကိုကိုယ့်ရင်ထဲမှာထည့်ပြီးချစ်နေဖို့ပဲ
ဆိုတာကို သိရှိသွားလို့ပါမောင်