Credit:photo
သူငယ်ချင်းနှစ်ယောက်သည် သဲကန္တာရထဲ လမ်းလျှောက်သွားနေကြတယ်။ ခရီးသွားစဉ် တစ်နေရာအရောက်တွင် သူတို့ နှစ်ယောက် စကားများငြင်းခုံခဲ့ကြပြီး တစ်ယောက်က ပါးကို ရိုက်လိုက်တယ်။
ပါးရိုက်ခဲ့ရတဲ့တစ်ယောက် နာကျင်သွားပြီး ဘာမှမပြောပဲ သဲပေါ်မှာ ရေးလိုက်တယ်
ဒီနေ့  ငါ့ရဲ့အခင်ရဆုံး သူငယ်ချင်း ငါ့ပါးကို ရိုက်တယ်”
ဒါနဲ့ သူတို့ နှစ်ယောက် လမ်းဆက်လျှောက်ကာ အိုအေစစ် တစ်ခုကိုတွေ့ ခဲ့ပြီး ရေဆင်းချိုးဖို့  ဆုံးဖြတ်ခဲ့ကြတယ်။ (ရေချိုးစဉ်) ပါးရိုက်ခဲ့ရတဲ့တစ်ယောက်က ရွံ့ ထဲတွင် ငြိတွယ်ကာ နစ်မြုပ်စပြုလာတယ်။ ဒါပေမယ့် သူငယ်ချင်းက သူ့ ကို ကယ်တင်နိုင်ခဲ့တယ်။
ရေနစ်လုနီးပါးအဖြစ်မှ လွတ်မြောက်အပြီးတွင် သူက (ပါးရိုက်ခဲ့ရတဲ့တစ်ယောက်က) ကျောက်တုံးတစ်ခုပေါ်မှာ ရေးလိုက်တယ် -
“ဒီနေ့  ငါ့ရဲ့အခင်ရဆုံး သူငယ်ချင်း ငါ့အသက်ကို ကယ်တင်ခဲ့တယ်”
“ငါမင်းကို ပါးရိုက်မိတုန်းက မင်းက သဲပေါ်မှာ ရေးတယ်၊ အခုကြတော့ ကျောက်တုံးပေါ်မှာ ရေးတယ်၊ ဘာဖြစ်လို့ လဲ”
“တစ်ယောက်ယောက်က ငါတို့ အပေါ် နာကျင်အောင်လုပ်ခဲ့ရင် ငါတို့ အနေနဲ့  သဲပေါ်မှာပဲ ရေးသင့်တယ်၊ ဒါမှ ခွင့်လွှတ်ခြင်းဆိုတဲ့ လေက အလွယ်တကူ ပယ်ဖျက်သွားနိုင်မှာ။ ဒါပေမယ့် တစ်ယောက်ယောက် ငါတို့ အပေါ် ကောင်းတာလုပ်ပေးရင်တော့ ကျောက်တုံးပေါ်မှာ ထုဆစ်ထားရမယ်၊ ဒါမှ ဘယ်လေမှ မပယ်ဖျက်နိုင်မှာ”
သင့်ရဲ့နာကျင်မှုတွေကို သဲပေါ်မှာရေးပြီး ကောင်းကျိုးတွေကို ကျောက်တုံးပေါ်မှာ
ထွင်းထုဖို့ လေ့လာမှတ်သားပါ။
လူဆိုတာ အမြဲတမ်းခွင့်လွတ်ပေးဖို့ ဆိုတာ
မဖြစ်နိုင်ပါဘူး
ဒါပေမဲ့ အတက်နိုင်ဆုံး ခွင်လွတ်ပေးနိုင်သမျ
စိတ်အေးချမ်းမှုကို ရစေမှာပါ
တချို့ တချို့ကိစ္စတွေ မှာတော့
ခွင်လွတ်မရနိုင်တာတွေ တော့ရှိပါတယ်
ရှောင်နိုင်ရင်တော့အကောင်းဆုံးပါဘဲ
English - Myanmar Translation
Mg Bo Kyaw
စာပေစုဘူး