Credit:photo
တစ်ချို့လူတွေ
ကိုယ်မခေါ်ပါပဲ နားလည်တယ်ဆိုပြီး
ဘဝထဲဝင်လာကြတယ်
ကိုယ်မနှင်ပါပဲ နားမလည်ဘူးဆိုပြီး
ဘဝထဲကပြန်ထွက်သွားကြပြန်တယ်
ကိုယ်မတောင်းပဲကတိတွေလည်း
ပေးခဲ့ကြတယ်
ကိုယ့်တစ်ယောက်တည်းကိုပဲချစ်တယ်ဆိုပြီး
မေ့ချင်ယောင်ဆောင်နောက်တစ်ယောက်နဲ့
တွဲသွားကြပြန်တယ်
အဲ့စကားတွေပြန်ကြားတိုင်း
ခပ်ယဲ့ယဲ့ကလေးတော့ပြုံးမိသား
နောက်ဆုံးတော့တကယ်ချစ်ခဲ့တဲ့သူပဲ
ဝမ်းနည်းပက်လက်နဲ့
မျက်ရည်နဲ့မျက်ခွက်ဖြစ်ကျန်ခဲ့ရော
မဆိုးပါဘူး.......
ဘဝထဲဝင်လာပြီးပြန်ထွက်သွားတဲ့လူတစ်ချို့ကို
ကျေးဇူးတင်ပါတယ်
ဘယ်သူ့ကိုမှ မက်မက်မောမော
သံယောဇဉ်မထားတတ်အောင်
သူတို့......သင်ပေးသွားတယ်
ကိုယ့်ကိုယ်ကိုချစ်တတ်လာအောင်လည်း
သူတို့.......သင်ပေးသွားတယ်
လူတိုင်းကိုယုံကြည်လို့မရဘူးဆိုတာ
သူတို့.....သင်ပေးသွားတယ်
ဘ၀အတွက်အရေးကြီးတာတွေ
ကိုယ်သူတို့ဆီကနေ သင်ယူခွင့်ရခဲ့လို့
အမှန်တကယ်နှစ်နှစ်ကာကာနဲ့
သူတို့ကို.....ကျေးဇူးတင်တယ်
ဒီလောက်ပါပဲ....
Credit...yan yan chan