@့်ကောလိပ်များတွင်
..ပယ်ရမည်ထင်သည့် အရာများ.😁..
(၁) Assignment နဲ့ သင်ပြမှုပုံစံ
ဘာလုပ်နေမှာလဲ ကြည့်ပြီးတော့ရေးတာကို
အမှတ်ပေးနေတာ..စာရွက်ကုန်တာနဲ့လက်
ညောင်းတာပဲ အဖက်တင်တယ်...
?ကျောင်းသားတွေကို စာဖတ်စေချင်လို့လား
ဒါမှမဟုတ် အမှတ်အလကားရအောင်လို့လား
အဲဒါတွေရေးခိုင်းနေတာ..
အခုခေတ်မှာမလိုတော့ဘူးလေ
သိချင်တဲ့အရာသာ မေးလိုက်
ဖုန်းတစ်လုံးကိုင်ပြီး ဖြေလို့ရနေp..
စာဖတ်စေချင်လို့ပေးတာဆိုရင်..
ဘယ်ဟာအကြောင်းဖတ်ခဲ့ဟေ့
ဘယ်နေ့မေးမယ်ဆိုပြီး မေးလိုက်ပေါ့
ပြီးရင် အမှတ်ပေးလိုက်လေ ပြီးတာပဲ..
အခုဟာက ရေးရတာဘာသာကနည်းတာ
မဟုတ်ဘူး ..ဆရာရေးဆိုလို့သာ ကူးရေးလိုက်ရတာ ဘာတစ်ခုမှ မသိလိုက်တဲ့သူက ခပ်များများ......
သင်ပြမှုပုံစံရေးထားတာက တစ်မျိုး သင်ကြား
တော့ ကလေးတွေမူတည်ပြီးတော့ ကြည့်သင်
သွားရတာပဲ ...မလိုအပ်ဘူးလေ..
-(၂). စကားပြေနှင့် ကဗျာ
စကားပြေရေးတတ်စေချင်လို့ ထည့်သင်တာလား အဲ့ဒါဆိုရင်လည်း စကားပြေရေးနည်း
တွေကို အတန်းငယ်ကတည်းက
သင်ပေးလိုက်ပါလား..
ဒါမှမဟုတ်
ဗဟုသုတနဲ့အသိဥာဏ်ပညာတွေ
တိုးပွားအောင် လို့လား?
.$အဲ့ဒါဆိုင်လည်း ဘာလို့ကျက်ပြီး ဖြေခိုင်း
နေရတာလဲ ..အခုဟာက
ုစကားပြေသာပြောတာ
နားလည်ဖို့တောင် အချို့  အပုဒ်တွေ
မနည်းဖတ်နေရတယ်..
#ကဗျာရေးတတ်စေချင်တာလား
ဒါဆိုလည်း ကဗျာရေးနည်းသင်ပေးလိုက်လေ
အခုဟာက
သူများရေးပြီးသား ကဗျာတွေကို ကျက်ပြီးဖြေ
နေရတယ်ဆိုတာက သဘာဝမကျဘူးဗျ..
-(၃)Chemistry and Physics
ဒါတွေသင်ပြီး ဘယ်နားသွားအသုံးချရမှာလဲ
ကိုယ့် မြန်မာစာနဲ့ရေးထားတဲ့ ဘာသာတွေ
တောင် နားလည်ဖို့မလွယ်တာ သိရက်နဲ့
ဘာလို့ Englishလို chemနဲ့phy တွေကို
သင်နေရတာလဲ....
..
ဘွဲ့မရ၊ဆယ်တန်းမအောင်တဲ့ကလေးတွေ
တောင် လေယာဉ်ပျံတီထွင်နိုင်သော်လည်း
ကျု ပ်တို့လို ဒီဘာသာရပ်တွေကို
ကျက်ပြီးအောင်လာတဲ့သူ (၁၀၀)မှာ
(၁၀)ယောက်တောင် လက်တွေ့အသုံးချ
နိုင်ခဲ့လို့လား..
..
အဲ့ဒိ ဓာတု organicအခန်းတွေကို
ခင်ဗျားတို့ဘာသာကျက်ပြီး ကိုယ်တိုင်သာဖြေ
ကြည့်လေ.. ...မရူးသွားရင်ပြောပေါ့ ..ဟွန့်
-(၄)ဆရာဖြစ်သင်တန်း တက်နေတဲ့သူတွေက
စာပေဘာသာတွေကို မသင်ပေးသင့်ဘူး..
ထိုသို့ သင်ပေးခြင်းဖြင့် သင်ပြနည်းနှင့်ဖွင့်ဖြိုး
ရေးဘာသာများအပေါ် အလေးပေးမှုအား
နည်းသွားခြင်း၊ သင်တန်းသားများရဲ့
ကိုယ်ပိုင်လေ့လာသင်ခွင့်အချိန်များ
လျော့နည်းရခြင်း၊ဆရာများအတွက်
် တာဝန်ချိန်များလာခြင်းစတဲ့မကောင်းကျိုး
တွေကို...ဖြစ်စေတယ်ဗျ..
.(မှတ်ချက်။ သင်ပါလား သင်တန်းသားတွေ
(ကလေးတွေ)ခွန်အားဖြစ်စေမယ့် ဘာသာတွေ၊ စီပွားရေးအခြေခံတွေ၊ကျန်းမာအသိပညာ
တွေ၊စာရိတ္တနဲ့ပြည်သူ့နီတိတွေ အခုတော့
အကျိုးမရှိတာတွေကိုသင်တယ၊် ကျက်ခိုင်းတယ်၊ ဖြေခိုင်းတယ် စာမေးပွဲကျရင် ချခဲ့တယ်..
အခုဆို ကလေးတွေအိမ်စာ နဲနဲပဲပေးပြီး
စာသင်ချိန် နဲပါးလှတဲ့ ဖင်လန်နိုင်ငံက
ပညာရေးထိပ်ဆုံးရောက်ပြီး အဆမတန်အိမ်စာပေး၊ ကျူ ရှင်ပြေးနေရတဲ့ မြန်မာနိုင်ငံပညာ
ရေးကတော့ ဒေဝဒတ်နားရောက်နေပြီ။)
(ခက်တယ်ဗျ
အခုခေတ်မိဘတွေကလည်း..
ကိုယ့်သားသမီး စာကျက်လို့စာတော်ပြီး
ဘွဲ့ရတာကိုမှ လိုချင်နေကြတယ်...)
အောက်က(၁၈)ဘာသာကတော့ ပညာရေးကောလိပ်
ကျောင်းမှ သင်တန်းသား/သူများ ရေးဖြေ၊
လက်တွေ့ လုပ်ပြီးသင်ရတဲ့ဘာသာတွေပါ။
(မြန်မာသင်ပြနည်း၊E သင်၊သချာင်္သင်၊သမိုင်းသင်၊သိပ္ပံသင်၊ပထဝီသင်၊စိတ်ပညာ၊သဘောတရား၊
မြန်မာစာပေ၊Eစာပေ၊သချာင်္စာပေ၊ဓာတု၊ရူပ
ကာယ၊ဂီတ၊ပန်းချီ ၊ စိုက်ပျိုးရေး၊စက်မှု/အိမ်တွင်းမှု)
အားလုံပဲ ဒုက္ခခပ်သိမ်းကင်းဝေး၍
ချမ်းသာခြင်းနှင့် ပြည့်ဆုံကြပါစေ..
😬👇👇🙅
စက်ရုပ်မဟုတ်တဲ့ လူသားများကိုယ်စား..
#ကျော်ထင်အနော်ရထာ ဘိုကောင်း
.(ပညာရေးကောလိပ် ဒုတိယနှစ်
ကျောင်းသား..)