သူဌေး တော်တော်များများက ဟိုတစ်ဘက်မှာ လစာပိုရလို့ အလုပ်ပြောင်းသွားကြတယ်၊ ဒီအလုပ် ပေါ်သစ္စာမရှိ ဘူးလို့ ကောက်ချက်ချလေ့ ရှိသော်လည်း၊ တကယ်လေတာ့၊ စာနည်းတဲ့ ကိစ္စတစ်ခုတည်းကြောင့် မဟုတ်ပါ။ ၀န်ထမ်းအလုပ်ကို၀င်ဖို့ အင်တာဗျူးကတည်းက သူရတဲ့လစာကို သူကျေနပ်လို့၀င်ခဲ့တာပါ။
google
၁။ ကုမ္ပဏီနှင့် ၀န်ထမ်း Value = တန်ဘိုးမတူသောကြောင့် ထွက်ကြတယ်။
(က) ကုမ္ပဏီက အမှန်အကန် ၀န်ထမ်းက အကြံအဖန် (သို့မဟုတ်) ကုမ္ပဏီက အကြံအဖန်၊ ၀န်ထမ်းက အမှန်အကန်ဆိုရင် ကုမ္ပဏီနဲ့ ၀န်ထမ်း Value = တန်ဘိုး၊ မတူညီပါ။
(ခ) ကုမ္ပဏီအကြီးက ပြောင်းလာတဲ့ ၀န်ထမ်းသည် ကုမ္ပဏီ အသေးမှာ Value = တန်ဘိုး၊ မတူညီပါ။
(ဂ) စည်းစနစ်ကျတဲ့ လုပ်ငန်းတစ်ခုမှာ နှစ်ရှည်လများ လုပ်လာတဲ့ ၀န်ထမ်းသည်၊ စည်းစံနစ်မကျသော လုပ်ငန်းအတွက် Value = တန်ဘိုး၊ မတူညီပါ။
၂။ သဟဇာတ မဖြစ်လို့ထွက်ကြတယ်။
လုပ်ငန်းခွင်မှာ အထက်နဲ့လည်း သဟဇာတမဖြစ်၊ အောက်နဲ့လည်း သဟဇာတမဖြစ်ခြင်း။
သဟဇာတ မဖြစ်ဘူးဆိုတာ အရင်ရှိနေတဲ့ ၀န်ထမ်းတွေရဲ့ Nature နဲ့ နောက်ရောက်တဲ့ ၀န်ထမ်းရဲ့ Nature ခြင်း မတူခြင်း။
၃။ တာ၀န်နှင့် လုပ်အား မမှျ ရင်လည်း ထွက်တယ်။
(က) ၀န်ထမ်း တာ၀န်ယူနိုင်တဲ့ အပိုင်းကအများကြီး၊ သူတာ၀န်ယူရတာက အရင်အလုပ်ရဲ့ ၁၀ ရာနှုန်းတောင် မရှိခြင်း။
(ခ) တာ၀န်ယူနိုင်တဲ့ အပိုင်းကနည်းနည်း ပေးထားတဲ့ တာ၀န်က အဆမတန် များနေခြင်း။
၄။ ၀န်ထမ်း၏ ရာထူး၊ အဆင့်နှင့် လျော်ညီသော လုပ်ပိုင်ခွင့် မရှိရင်လည်း ထွက်မှာပါပဲ။
(က) သက်ဆိုင်ရာ အဆင့် အလိုက် လုပ်ပိုင်ခွင့်မပေးပဲ Expanse အသေးလေးတွေ ကအစ တစ်ဦး တစ်ယောက်ရဲ့ ချုပ်ကိုင်မှု အောက်ရောက်နေခြင်း။
(ခ) ဆံုးဖြတ်ချက် သေးသေးလေးတွေ ကအစ ဗဟိုချုပ်ကိုင်မှု များနေခြင်း။
(ဂ) ၀န်ထမ်းအဆင့် အားလံုး အတူတူပါပဲဟု ဆိုလာခြင်း။
(ဃ) အဆင့် နိမ့်တဲ့ ၀န်ထမ်းက ရာထူး၊ အဆင့်မြင့်တဲ့ ၀န်ထမ်းထက် လုပ်ပိုင်ခွင့်နဲ့ ဆံုဖြတ်ပိုင်ခွင့် ပိုများနေခြင်း။
google
၅။ လုပ်ငန်းရှင်က၊ လူယံုမွေးရင်လည်းထွက်မှာဘဲ။
(က) လုပ်စားတာက ကွန်ဒို တည်ဆောက်ရေး။ မွေးထားတာက၊ ထောက်ပြုတ်၊ ရဲ၊ စသံုးလံုး၊ လဘာချာ၊ ပန္နုပ်များ ဖြစ်နေခြင်း။
(ခ) လူယံုက အာဏာကို သဘောကျ လာကာ၊ သူ့အာဏာကို ထိပါးလာမယ့်၊ လူတော် တွေကို၊ အလုပ်က နှုတ်ထွက်အောင် လုပ်ဆောင်ခြင်း။
၆။ အုပ်ချုပ်မှု ညံ့ဖျင်းရင်လည်း ထွက်မှာဘဲ။
(က) လုပ်ငန်းခွင်တွင် အလုပ်လုပ်လို့ မရအောင် အသံုးမဝင်သော၊ စည်းမျဥ်း စည်းကမ်းတွေ ထုတ်ပြန်ခြင်း။
(ခ) အလုပ်သမားပြောသမျှ အလုပ်ရှင်က ယံုကြည်နေခြင်း။