ပြောင်းလဲရမယ့်စိတ်ဓာတ်တွေ။
မြန်မာပြည်မှာ စီးပွားရေးလာလုပ်နေတဲ့ ဂျပန်လူမျိုးတစ်ယောက်ရဲ့ အမြင်ပါ။
မနေ့က သူငယ်ချင်းဆီသွားရင်း မြန်မာပြည်မှာ သွင်းကုန်ထုတ်ကုန် ကုမ္ပဏီလဲလုပ်၊ စာသင်ကျောင်းလဲ လာဖွင့်ထားတဲ့ ဂျပန်နဲ့တွေ့တယ်။
google
သူ့ဆီက သတင်းလေးနဲ့ မြန်မာပြည်၊ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးအပေါ် အမြင်လေးမေးခဲ့ပါတယ်။
သူပြောတဲ့အချက်ထဲက ကောင်းတာကတော့
မြန်မာများက ယံုလွယ်ပါတယ်တဲ့
လူတစ်ဖက်သားအပေါ် ချက်ချင်းခွင့်လွှတ်တတ်ပါတယ်တဲ့။ နိင်ငံခြားသားဧည့်သည်ဆိုရင် ပိုတောင်ခွင့်လွှတ်ကြ၊ အောက်ကျို ့ကြ၊ အထင်ကြီးကြ၊ အားနာတတ်ကြပါသတဲ့။
စိတ်ထားများရိုးသားပါတယ်တဲ့
မကောင်းကွက်ကတော့ သူအလုပ်လုပ်တာမှာ ကြံုတွေ့နေရတဲ့ အခက်အခဲများပါ
မြန်မာပြည်မှာ ဘဲွ့ရပေမဲ့ အလုပ်ကျွမ်းကျင်သူမရှိ
အလုပ်ကျွမ်းကျင်သူဆိုတာ အလုပ်တတ်ကျွမ်းတာပြောတာမဟုတ်ပဲ ကိုယ့်ဖာသာလုပ်ရမဲ့အလုပ်ကို ကိုယ့်ဖာသာ မစီစဥ်တတ်တာ၊ ကျောင်းများက မသင်ပေးလိုက်တာ၊ အများနဲ့ပူးပေါင်း သင်းဖဲွ့ပီးမလုပ်တတ်တာ၊ အပျော်ကိစ္စတော့ ပေါင်းတတ်ပီး အလုပ်ကို ပူးပေါင်းလုပ်ဖို ့မတတ်ကြ ပါတဲ့ ။ လုပ်ငန်းခွင်မှာ အချင်းချင်း ပူးပေါငး် မလုပ်တတ်ပါတဲ့။
လုပ်ခိုင်းလဲ အဆင်မပြေတာတွေပဲတွေ့နေရပီး အထက်ကအောက်ကိုအထင်သေး၊အောက်က အထက်ကို ကလန့်လုပ်တာ ခဏခဏ တွေ့ရပါသတဲ့။
လုပ်ငန်းခွင်မှာအဆင်မပြေ လို ့အလုပ်ထွက်သူများ ကို လူ ၁၀၀ မှာ ၈၀ တွေ ့ရပါသတဲ့
နောက် မြန်မာပြည်မှာ ဘဲွ ့ရတာနဲ့ အလွန်ဘ၀င်တွေ မြင့်ပါသတဲ့။
ပြီးတော့ ဘာမှမတတ်တာ
တွေ၊ ကိုယ့်ကိုယ်ကိုတောင် ်မထိန်းသိမ်းတတ်သေးတာ၊ မပြောတတ်မဆိုတတ်တာ တွေ့ရပါသတဲ့။
သူ့စာသင်ကျောင်းမှာ ဆရာငှားထားတာမှာ ဆရာများသည် လစာလဲ သူတို ့တောင်းတာရပါရက်နဲ့ အလုပ်ကို တာ၀န်မကျေတာ၊ အလွယ်တကူ ခွင့်ယူတာ ပြောလို့လဲမရပါတဲ့။
ပြောလိုက်ရင် အလုပ်ကို တန်ဖိုးမထား အလွယ်တကူ အလုပ်ထွက်သွားပါသတဲ့။
အလုပ်တစ်ခုကို အလွယ်တကူ၀င်ထွက်လုပ်တာ သူတို ့က အံသြကြပါတယ်။
အလုပ်တစ်ခု မှာရေရှည်လုပ်မှ နေရာရတာပါ။ ငွေတစ်ခုတည်း ကြောင့်အလုပ်ထွက်တာမဟုတ်ပဲ ဘာမဟုတ်တဲ့ကိစ္စနဲ့လဲ ထွက်ကြတာပါတဲ့။ အလုပ်ကို တန်ဖိုးထားသူ တော်တော်နဲနေပါတယ်တဲ့
နောက်လုပ်ငန်းခွင်မှာ ကိုယ်ရေးကိုယ်တာလုပ်ကြတာ၊ ရည်းစားနဲ့ဖုန်းပြောတာ၊ မလိုအပ်ပဲ မိတ်ဆွေသူငယ်ချင်းများနဲ့ စကားအကြာကြီးပြောတာ၊ အလုပ်လုပ်ရင်း မဆီမဆိုင်စကားတွေကို အချင်းချင်းပြောကြတာတွေကို ရှက်စရာလို ့မသိကြတာပါတဲ့။
ဒါကိုတားရင်လဲ အလုပ်ထွက်ကြပါတယ်တဲ့။ သူအလွန်အံသြရပါတယ်တဲ့။
ဂျပန်မှာအလုပ်ချိန်မှာ အလုပ်ကိစ္စနဲ ့ အပြင်သွားရင်တောင် အလုပ်နဲ့မဆိုင်တဲ့စကားကို လူမသိလဲ မပြောကြပါတဲ့။ ရည်းစားမိတ်ဆွေသူငယ်ချင်းများကလဲ အလုပ်ချိန်ဆိုတာသိကြပါတယ်တဲ့။ ကိုယ်အားနေတာတောင် တစ်ဖက်ကအလုပ်ချိန် အလုပ်မှာမို ့ ဖံုးမဆက်ကြပါတဲ့။
အလွန်အရေးကြီး သာရေးနာရေးမှ ဆက်ပါတယ်တဲ့
နောက်အလုပ်မှာ သန့်ရှင်းရေးလုပ်ခိုင်းတာကို ဘဲွ့ရမို ့မလုပ်နိုင်ဘူးဆိုပီး ပြောကြပါတယ်တဲ။ ကျောင်းများက သန့်ရှင်းရေးလုပ်တာ၊ ကိုယ်နေတဲ့နေရာ ကိုယ့်ဖာသာသန့်ရှင်းရေးလုပ်ဖို ့မသင်ခဲ့ပေးခဲ့ဘူးထင်ပါတယ်တဲ့။
သူ ့မှတ်ချက်ပါ
ဆရာဖြစ်ပြီး ကိုယ်တတ်ခဲ့တဲ့ အိမ်သာတော်နောက် လူ၀င်ရင ် သန့်နေအောင်ပြန်လုပ်ပေးဖို ့ အသိမရှိကြပါတဲ့။
ဂျပန်မှာက တော့ မန်နေဂျာလဲ အိမ်သာသန့်ရှင်းရေးရှိပါတယ်။
ကိုယ်သံုးရင် က်ိုယ်လဲ အလှည့်ကျပေါ့။ သိပ်ကြီးတဲ့အလုပ်တွေမှာတော့ သန့်ရှင်းရေးသီးသန့်ထားပါတယ်။
google
နောက်တစ်ခုက လစာ
ကိုယ့်အလုပ်အခြေအနေနဲ့ ဖြစ်သင့်တာထက် ပိုပိုလိုချင်လာကြတာပါတဲ့။
အလုပ်ကို ဘယ်လိုလုပ်ရမယ်၊ အလုပ်နဲ့ပါတ်သတ်တာကို ကျွမ်းကျင်အောင်လုပ်မယ်၊ ဒီအလုပ်မှာ ၀င်ငွေပိုလာအောင် လုပ်ပေးမယ်ဆိုတာတို့ကို အရင်မကြိုးစားပဲ လစာကိုပဲ ဦးစားပေးသူများနေတယ်တဲ့။
တစ်ခြားက လစာလေး နဲနဲပိုတယ် သတင်းကြားရင် ကိုယ့်အလုပ်နဲ့မဆိုင် ကိုယ်တတ်ကျွမ်းထာားတာနဲ့လဲမပါတ်သတ်ပဲ ပြောင်းတာပဲတဲ့။
တရုတ်ပြည်မှာ လုပ်တဲ့လုပ်ခ ထက်ပိုလာရင်တော့ ဘယ်သူမှဒီကိုလာမှာမဟုတ်ပါတဲ့
မြန်မာပြည်ကတော့ ဂျပန်ထက် နေလို့ ကောင်းပါတယ်တဲ့။
ခေတ်နဲ့ညီတဲ့ မီးတို ့ လမ်း တို ့ နဲ့ ဥပဒေ တိတိကျကျ သတ်မှတ် ပီး လိုက်နာအောင် ကွပ်ကဲအုပ်ချုပ်နိုင်ရင် အင်မတန် နေပျော်ပါတယ်တဲ့