ဟင်နရီဖို့ဒ်က တစ်ခါက ပြောဖူးတယ်။ "ခင်ဗျားရဲ့ ဝန်ထမ်း
တွေကို မသင်ပေးပဲ၊ မလေ့ကျင့်ပေးပဲ အလုပ်မှာ ထားတာက
ခင်ဗျားရဲ့ ဝန်ထမ်းတွေကို သင်ပေးပြီး၊လေ့ကျင့်ပေးပြီးမှ သူတို့
ခင်ဗျားကို စွန့်ခွာသွားတာထက်ဆိုးတယ်" လို့ဆိုခဲ့ပါတယ်။
ရှင်းအောင် ပြောရရင် အလုပ်ရှင် အချို့က လက်အောက်
ငယ်သားကို သိပ်ပြီး မသင်ပေးချင်ကြပါဘူး။
Google
အရမ်းတော်ပြီး
တတ်သွားရင် သူတို့ဆီကနေ စွန့်ခွာသွားကြမှာ စိုးရိမ်တတ်ကြ
ပါတယ်။
တကယ်တော့ အဲ့ဒီအယူအဆက မမှန်ပါဘူး။
မိမိရဲ့
လက်အောက်ငယ်သားကို အရည်အချင်းတိုးတက်အောင်
သင်ပေးမှ မိမိရဲ့ Company အရည်အသွေးလည်း တိုးတက်
လာမှာ ဖြစ်ပါတယ်။
သူတို့ အရည်အသွေးတက်လာအောင်
Train ပေးကာမှ သူတို့ကြောင့် သင့်အလုပ်တွေ အများကြီး
တိုးတက်လာမှာ ဖြစ်ပါတယ်။
ဒါဆို သူတို့က ပညာတွေတတ်ပြီး
ထွက်သွားရင်ရော
သူတို့ သင့်Company သို့မဟုတ် သင့်အလုပ်က ထွက်ခြင်း
မထွက်ခြင်းကို သင်ထိန်းချုပ်လို့ မရပါဘူး။ ဒါပေမယ့် သူတို့
သင့် Company မှာ ဆက်နေချင်အောင်လုပ်လို့ရတာတစ်ခု
တော့ရှိပါတယ်။ အဲဒါက “Treat” လို့ခေါ်ပါတယ်။ သင်သူတို့
အပေါ်ဘယ်လို ဆက်ဆံလဲက အရမ်းအရေးကြီးပါတယ်။
ဝန်ထမ်းတစ်ယောက်ဟာ အလုပ်တစ်ခုမှာ သူ့ကိုယ်သူတန်ဖိုး
ရှိတဲ့သူတစ်ယောက် အဖြစ်ထင်မြင်နေရင်...Company အတွက်
သူ့ရဲ့ အမြင်တွေ အရေးပါနေတယ်လို့ထင်ရင်...Companyက
သူ့ကို ဂရုစိုက်တယ်လို့ ထင်ရင် အဲ့ဒီ Company က မထွက်
ချင်ပါဘူး။
လစာပိုပေးတဲ့ နေရာရှိရင်တောင် မပြောင်းချင်ကြ
ပါဘူး။
ဝန်ထမ်းတွေအတွက်က လစာတစ်ခုပဲ အရေးကြီးတာ
မဟုတ်ပါဘူး။
ဝန်ထမ်းတွေအတွက်က သူတို့ဘယ်လောက်
သင်ယူနိုင်လဲ...သူတို့ဘယ်လောက်တိုးတက်နိုင်လဲ...သူတို့ကို
ဘယ်လောက် အလေးထားလဲ...စတာတွေက အရေးကြီးပါ
တယ်။
အသိမိတ်ဆွေ တစ်ယောက်က ပြောဖူးတယ်။ လူတိုင်းကို
အလေးထား ဆက်ဆံပါတဲ့။
လူတွေဟာ အလေးထားဆက်ဆံ
ခံရတာ ကြိုက်ကြပါတယ်။
လူတွေရဲ့ ချစ်ခင်ခြင်းကို ရချင်ရင်
လူတွေကို အလေးထားဖို့လိုပါတယ်။
မိမိရဲ့ လုပ်ငန်း၊ မိမိရဲ့
Company တိုးတက်ချင်ရင် မိမိလက်အောက်ငယ်သားတွေ
ကို အရည်အချင်းတိုးတက်အောင် Train ပေးဖို့လိုပါတယ်။
မိမိရဲ့ ဝန်ထမ်းတွေကို မထွက်ခွာသွားစေချင်ရင် Treat လုပ်
တတ်ဖို့လိုပါတယ်။
Google
ဝန်ထမ်းတွေ တိုးတက်သွားပြီး ထွက်သွား
မှာစိုးလို့ Train မလုပ်ပေးဘူးဆိုရင်တော့ သင့်ရဲ့ လုပ်ငန်း
ဟာလည်း တိုးတက်လာဖို့ မရှိပါဘူး။ လေ့ကျင့်မှုနဲ့သင်ကြားမှု လုပ်တတ်ကြပါစေ။
“ဝန်ထမ်းတွေ
သင့်အလုပ်က ထွက်ပြီး နောက်ထပ် အလုပ်တစ်ခုလုပ်လို့
ရတဲ့ အထိ ပြုစုပြိုးထောင် လေ့ကျင့်ပေးပါ။ တစ်ချိန်တည်း
မှာပဲသူတို့ ထွက်ချင်စိတ်မပေါက်လောက်အောင် သူတို့ကို
ကောင်းကောင်းမွန်မွန်ဆက်ဆံပေးပါ”