ကလေးများကိုု ပျိုးထောင်တဲ့နေရာမှာ အရှေ့တိုုင်းသားများနဲ့ အနောက်တိုုင်းသားများဟာ အလွန်ကွာခြားပါတယ်။ ဒီနေ့တော့ ကွာခြားပံုု အကြောင်းကိုု ဆွေးနွေးမှာ မဟုုတ်ပဲ ကျွန်တော်တိုု့ဆီမှာ ကလေးကိုု ပျိုးထောင်တာ မိဘတွေဘာကြောင့် လိုုအပ်တာထက်ပိုုပြီး စိတ်မောလူမော ဖြစ်ရတယ်ဆိုုတာကိုု ဆွေးနွေးပါမယ်။
Google
- ကလေးများအပေါ် မျော်လင့်ချက်ကြီးလွန်းခြင်း
ကျွန်တော်တိုု့ အရှေ့တိုုင်းမိဘများဟာ စီးပွားရေး အဆင်မပြေတဲ့ အချိန်မှာ ကလေးများကိုု လစ်လျူရူ့ နိုုင်လွန်းသလောက် နည်းနည်း အဆင်ပြေ ချမ်းသာလာတာနဲ့ ကလေးများကိုု ဖူးဖူးမူတ်ထားတတ်ပါတယ်။ ကလေးကိုု ချစ်လွန်းတော့ ကလေးအပေါ် ထားတဲ့ မျော်လင့်ချက်လည်း ကြီးလွန်းတတ်ပါတယ်။
သဘာ၀အရ ကလေးအသက် သံုုးနှစ်အောက် ဆိုုရင် ဘယ်လိုုပဲကြည့်ကြည့်၊ ဘယ်ဒေါင့်ကနေ ကြည့်ကြည့် ကိုုယ့်ကလေးက သူများကလေးထက် ချောလည်းချောတယ်၊ ဥာဏ်ရည်လည်း ကောင်းတယ်လိုု့ ခံစားထင်မြင်တတ်ကြပါတယ်။ ဒီလောက် ဥာဏ်ရည်ကောင်းပံုုထောက်ရင်တော့ ကြီးလာရင် အလွန်ထူးချွန်မယ်ဆိုုတာ စိတ်ထဲမှာ ကိန်းအောင်းပြီး ယံုုကြည်နေတတ်ပါတယ်။ မျော်လင့်ချက်ကြီးတော့၊ သင်ပေးချင်တဲ့ အရာက များပါတယ်။ အဲဒီတော့ လိုုတာထက် ပိုုမောပမ်းပါတယ်။
- မိဘ အပြင် ပါ၀င်ဆံုုးမသောသူ များလွန်းခြင်း
“ ဆရာများ၊ အသားသေ” ဆိုုတဲ့ စကားပံုုရှိပါတယ်။ ကလေးကိုု သင်ပြတဲ့ နေရာမှာလဲ ကလေးကိုု ဗဟိုုပြုသင့်ပါတယ်။ ကလေးဘာစိတ်၀င်စားတယ်၊ ဘယ်မှာအားသာတယ်။ ဆက်ဆံရေးမှာလား၊ ကိိ်န်းဂဏန်းမှာလား စသည်ဖြင့် စဥ်းစားအဖြေရှာသင့်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တိုု့က အဲလိုုမဟုုတ်ပါဘူး၊ အဖေက ငယ်ငယ်တုုန်းက အင်ဂျာနီယာ ဖြစ်ချင်ခဲ့ဖူးတယ်။ မဖြစ်လိုုက်ရလိုု့ သားကိုု အင်ဂျင်နီယာကြီး ဖြစ်စေချင်တယ်။ အမေက ဆရာ၀န် မဖြစ်လိုုက်ရလိုု့ သားကိုု ဆရာ၀န်ဖြစ်စေချင်တယ်။ အဒေါ်က ကွန်ဗျူတာပညာရှင်ကြီး ဖြစ်စေချင်တာ ပါသေးတယ်။ အဖိုုးအဖွားကတော့ အစိုုးရ ၀န်ထမ်း ရာထူးကြီးကြီး ဖြစ်စေချင်တယ်။
စဥ်းစားကြည့်ပါ။ ကလေးရော လူကြီးပါ မမောပဲ ရှိနိုုင်ရိုုးလား၊
- အပြိုင်အဆိုုင် များလွန်းခြင်း
ကိုုယ်အိမ်က ကလေးကိုု လူတန်းစေ့ထားချင်ပါတယ်။ မျက်နာမငယ်အောင်ထားချင်တယ်။ သူများစားသလိုု၊ သူများနေသလိုု အဆင့်မှီ နေထိုုင်စေချင်တယ်။
ဘယ်ကလေးတော့ ဘာသင်တန်းတက်ပြီ၊ ဘယ်အိမ်ကသားက ဘာကျူရှင်တက်တယ်။ အိမ်က သားလေးကိုု မထားလိုုက်ရရင်တော့ သူများထက် နောက်ကျသွားမှာပေါ့၊
ကျောင်းပညာဆိုုတာ ရှင်ပြိုင်ရတယ်။ စီးတဲ့ကား၊ နေတဲ့တိုုက်၊ အစားအသောက်၊ အ၀တ်အစား၊ ကစားစရာ၊ ပြိုင်စရာ များလွန်းလှပါတယ်။ သူများထက် မျက်နာမငယ်ရအောင် နေရထိုုင်ရတာ မောတာပေါ့။
- ကလေးကိစ္စ ၀င်ပါတာ များလွန်းခြင်း
ကလေးက ကိုုယ့်ကိုုယ်ကိုု လုုပ်တတ်တဲ့ အရွယ်ရောက်လာပြီဆိုုပေမဲ့ စိတ်မချဘူးလေ၊ အ၀တ်အစားဆိုု မိဘကိုုယ်တိုုင် ၀တ်ပေးလိုုက်မှ၊ လွယ်အိတ်ထဲမှာ စာအုုပ်စံုုမစံုု၊ စစ်ဆေးပေးလိုုက်ရမှ၊ ကလေးထမင်းစားရင်တောင် ကိုုယ်က ခွန့်ကျွေးရမှ ကျေနပ်တတ်တယ်။ ကြာတော့ ကလေးက အကုုန်လံုုးလူကြီးကိုု အားကိုုးလာပါတော့တယ်။ အဲဒီတော့ မောတာပေါ့။
- ကိုုယ်ပိုုင်ရပ်တည်ချက် နည်းပါးခြင်း
အခုုခေတ်က အိုုင်တီခေတ်လေ၊ လူတိုုင်းက လက်ကိုုင်ဖုုန်းတစ်လံုုးနဲ့၊ ဘာသတင်းမဆိုု ချက်ချင်းရနိုုင်တယ်။ ပြသနာက သတင်းအချက်အလက်များလွန်းနေတယ်။ မီဒီယာထဲကသတင်း၊ ကြော်ငြာထဲက သတင်း၊ ဟိုုပြောဒီပြော သတင်း၊ မူကြိုထားတာကအစ ရွေးချယ်စရာ များလွန်းနေပါတယ်။ ဟိုုမှာကျောင်းထားရင် ကောင်းနူိးနိူး၊ ဒီကျူရှင်ဆရာမက ပိုုကောင်းနိူးနိူး၊ ဟိုုဘက်အိမ်က အမကြီး ပြောပြတာပဲ မှန်သလိုုလိုု၊ ဒီဘက်အမျိုးက ပြောပြတာပဲ ပိုုလက်တွေ့ကျသလိုုလိုုနဲ့ ဟိုုယောင်ယောင်၊ ဒီယောင်ယောင်၊ ဖတ်ဖတ်ကိုုမောနေတော့တာပါ။
- ဖခင်နေရာ ပျက်ကွက်ခြင်း
အရှေ့ တိုုင်းဖခင် အများစုုဟာ အိမ်ကိုု ပိုုက်ဆံရှာပေးနိုုင်ရင် တော်ပြီ၊ ကျန်တဲ့အပိုုင်း မိခင်တာ၀န်ဖြစ်တယ်ဆိုုတဲ့ အယူအဆမျိုး ရှိတတ်ပါတယ်။ သားသမီး တစ်ခုုခုု အဆင်မပြေတော့ဘူးဆိုုရင် မိခင်ကိုု အပြစ်ဖိုု့ပါတော့တယ်။ အမှန်တော့ သားသမီးများရဲ့ ပံုုမှန်ကြီးပြင်းမူနဲ့ ပညာရေးမှာ ဖခင်ရဲ့ ပါ၀င်မူဟာ အလွန်အရေးကြီးပါတယ်။ သားသမီးများဟာ အသက်ငယ်တုုန်းက မိခင်ကိုု ပိုုမိုုခင်တွယ်တတ်ပေမဲ့ ဆယ်ကျော်သက်၀င်လာပြီဆိုုရင် ဖခင်ရဲ့ အတွေးခေါ်များကိုု ပိုုမိုု အထင်ကြီး လိုုက်နာတတ်ကြပါတယ်။
- အသံုုးအဖြုန်းကြီးလွန်းခြင်း
ကလေးက ဘာပဲလိုုချင်လိုုချင်၊ အလိုုလိုုက်ပေးလိုုက်တဲ့ မိဘတော်တော်တွေ့ဖူးပါတယ်။ ချမ်းသာတဲ့မိသားစုုက သူေဋ္ဌးသားကိုု မွေးထုုတ်လိုုက်တာ သိပ်ပြီးအံ့သြစရာ မကောင်းလှပေမဲ့၊ စီးပွားရေး အသင့်အသင့် ဖြစ်တဲ့ မိသားစုု တော်တော်များများ သူေဋ္ဌးသားကိုု မသိမသာ မွေးထုုတ်ပေးနေတာကိုု အံ့သြစွာ သတိထားမိနေပါတယ်။
Google
အမှန်တော့၊ ကလေးကိုု ပျိုးထောင်တာ ပင်ပမ်းလား မပင်ပမ်းဘူးလားဆိုုတာ မိဘများရဲ့ ရွေးချယ်မူ ပေါ် မူတည်ပါတယ်။ မိဘများက မိရိုုးဖလာလမ်းစဥ်ကိုု မလိုုက်နာပဲ ကလေးပျိုးထောင်တဲ့ စာအုုပ်များကိုု ဖတ်ရူ့ မယ်။ ကလေးပျိုးထောင်တဲ့ ဗဟုုသုုတ များကိုု စုုဆောင်း အသံုုးချမယ်။ စိတ်နေစိတ်ထား မှန်မှန်ကန်ကန် ထားရှိနိုုင်မယ်ဆိုုရင် ကလေးကိုု လူတစ်လုုံုုးသူတစ်လံုုး ဖြစ်အောင်ပျိုးထောင်တဲ့ ကာလဟာ မိဘများအတွက် အလွန်ပျော်ရွှင်စရာ၊ ပီတိဖြစ်စရာ ဘ၀ခရီးစဥ် ဖြစ်ပါကြောင်း။