(၁) လက်ခံပေးလိုက်ပါ။
အချို့ပြဿနာတွေက မိမိကလည်း မခွဲနိုုင်၊ အပြစ်ပြောလို့
လည်း မရဆိုတော့လက်ခံပေးလိုက်ရပါတယ်။ လက်မခံနိုင်
ရင်တော့ အခြေအနေကို ပြောင်းလဲယူကြည့်ပါ။
photo google
(၂) ပြောင်းလဲယူကြည့်ပါ။
လူတွေ အကြာဆံုးကတော့ ဒီအဆင့်မှာပေါ့။ ပြဿနာက
သက်မဲ့အခြေအနေတစ်ခုခုဆိုရင်တော့ ပြောင်းလဲရတာ
နည်းနည်း ပိုလွယ်ကူပါတယ်။ ပြဿနာက သက်ရှိလူသား
ဆိုရင်တော့ပြောင်းလဲရတာ မလွယ်ပါဘူး။ ပြောင်းလဲနုိုင်
တယ်ထင်ပြီး ပေကာ ပြောင်းလဲဖို့ ကြိုးစားတတ်ကြပါတယ်။
နောက်ဆံုးမှ လက်လျော့သွားတတ်ကြပါတယ်။ ပြောင်းလဲ
ယူလို့မှမရရင်တော့ သင်လုပ်နိုုင်တာတစ်ခုပဲရှိတော့တယ်။
အဲ့ဒါကနံပါတ်(၃) နည်းလမ်းပါ။
photo google
(၃) ထားခဲ့လိုက်ပါ။ (သို့) လက်လွှတ်လိုက်ပါ။
လက်ခံပေးလို့လည်းမရဘူး။ ပြောင်းလဲယူကြည့်လို့လည်း
မရဘူးဆိုရင်တော့ ထားခဲ့ဖို့နည်းလမ်းပဲ ရှိပါတော့တယ်။
လက်ခံဖို့လည်း ရေကုန်ရေခမ်းကြိုးစားခဲ့တယ်။ ပြောင်းလဲ
ဖိုု့လည်း အတတ်နိုုင်ဆံုးကြိုးစားခဲ့တယ်။ အခြေအနေက
ဘာမှမထူးဘူး ဆိုရင်တော့ ထားခဲ့ဖို့၊မေ့ပျောက်ဖို့အပြင်
အခြားလုပ်နုိုင်တာ ဘာမှမရှိတော့ပါဘူး။ အသဲကွဲတဲ့သူ၊
စိတ်ညစ်တဲ့သူတွေဟာ ဒီအဆင့်မှာ ကန့်လန့်ကြီးဖြစ်နေ
သူတွေများပါတယ်။ ကန့်လန့်ကြီးတော့ အကြာကြီးဖြစ်
မနေနဲ့နော်။
ဘယ်နည်းလမ်းသံုုးမလဲဆိုတာတော့ ကိုယ့်ဘာသာပဲ
စဥ်းစားကြတော့။