ဟင်္သာတမြို့မှာ နေဖြစ်ခဲ့စဥ်တုန်းက တစ်ရက် စျေး၀ယ်ထွက်တဲ့အခါ
ကြက်ဥ၊ ဘဲဥချည်းပဲသက်သက် ရောင်းတဲ့ ဆိုင်ကနေ ဘဲဥ ၅ လံုး
၀ယ်ဖြစ်ပါတယ်။
Google
အိမ်ပြန်ရောက်လို့ ချက်မယ်ပြုတ်မယ် လုပ်တော့ ၂ လံုးက အပုပ်။
ဒါနဲ့ နောက်တစ်ရက် စျေးထဲကို ရောက်ပြန်တော့ အဲသည့် ကြက်ဥ၊
ဘဲဥ ဆိုင်ကလေးရှေ့မှာရပ်ကာ အပြစ်တင်တဲ့ သဘောတို့၊ အစား
ပြန်ရလိုချင်တဲ့ သဘောတို့ ဘာတစ်ခုမှ မပါဘဲနဲ့ ရင်းကလည်း
ရင်နှီးနေတဲ့သူ ဖြစ်တာကြောင့် ဆိုင်ရှင်အပျိုကြီးကိို ပြောမိပါတယ်။
ဘဲဥ ၂ လံုး ပုပ်နေပါတယ်ပေါ့။ သူကလည်း ရယ်ရယ်မောမောနဲ့ကိုပဲ
တုံ့ပြန်ပါတယ်။
ကျွန်မဥတာ မဟုတ်ဘူး ဆရာ...တဲ့။
ရုတ်တရက်တော့ ၀ါးခနဲ ရယ်ချလိုက်ဖို့ ကောင်းတဲ့အဖြေပဲပေ့ါ။
သူဖြေပံုက ရယ်လည်း ရယ်စရာကြီးပါ။
ဒါပေမယ့် သေသေချာချာ စဥ်းစားလိုက်တော့ ဒါဟာ တာ၀န်ယူမှု၊
တာ၀န်သိမှုမရှိတဲ့ စကားပါ။ ရက်စပွန်ဇဘလတီ (Responsibility)
မရှိတာလို့ ဆိုရမှာပေါ့။
သည်လို စိတ်သဘောထားမျိုးကို ကျွန်တော်တို့ နိုင်ငံမှာ ကျယ်ကျယ်
ပြန့်ပြန့်ကြီးကိုပဲ တွေ့နိုင်ပါတယ်။
တစ်ခါက ဘတ်စ်ကားစီးသွားတဲ့အခါ ဖင်ထိုင်ခံုမှာ မသေမသပ်
ရိုက်ထားတဲ့ သံငုတ်က အမျိုးသမီးတစ်ယောက်ရဲ့ ထဘီကို
ပြဲသွားစေပါတယ်။
ယာဥ်နောက်လိုက်က စပ်ဖြဲဖြဲမျက်နှာနဲ့ ပြန်ပြောလိုက်ပံုက ထဘီ
အသစ်ရတာပေါ့ အစ်မရယ်တဲ့ ဘယ်လိုမှရယ်စရာမကောင်းပါဘူး။
Google
သငေ်္ဘာနစ်တော့လည်း တာ၀န်ယူမယ့်သူ မရှိ ကားမှောက်တော့
လည်း တာ၀န်ယူမယ့်သူ မရှိ။
ဓာတ်ကြိုးပြတ်ကျတော့လည်း တာ၀န်ယူမယ့်သူ မရှိ
ရေမြောင်းတွေပိတ်တော့လည်း တာ၀န်ယူမယ့်သူ မရှိ
အများပိုင်မြေတွေပေါ်မှာအနိုင်ကျင့်ဗိုလ်ကျ ပိတ်ဆို့ကြတာတွေကို
လည်း တာ၀န်ယူမယ့်သူ မရှိ။
ဟောသည့်ဘဲဥက ကျွန်မဥတာမဟုတ်ဘူးဆိုတာနဲ့ ပြီးသွားရောလား။