Logo
DiscoverWavesDecks
Plus
Signup

ည

aprillay(40)
Published in
#esteem
Words
0
Reading
0 min
Listen
Play
2018-05-14 13:40

image
ညက မကောင်းဆိုးဝါးဆန်လွန်းသည်။
အိပ်လို့မရပါဘူးဆိုမှ ဘယ်ကမှန်းမသိတဲ့ကလေးတွေက
သစ်ပင်အောက်မှာကနေကြတာကိုမြင်နေရသည်။
သစ်ပင်တွေကလည်းအထပ်ထပ်မို့
သူတို့အဝတ်အစားတွေကိုမမြင်ရသည့်တိုင်
သူတို့မျက်လုံးတေစူးကနဲလက်လက်သွားတာမြင်နေရသည်။
နေစမ်းပါဦးကလေးတွေကနေကြတယ်သာပြောတာ
သူတို့လက်မြှောက်ကနေကြတာလား
စည်းချက်နဲ့အညီယိမ်းနွဲ့နေကြရုံလား
ဟင့်အင်း
သူတို့လက်မမြှောက်ပါ
စည်းချက်နဲ့အညီလည်းမယိမ်းနွဲ့နေကြပါ
သူတို့ကစည်းဝိုင်းတစ်ခုလိုမျိုး ပတ်ရင်းလမ်းလျှောက်နေကြခြင်းသာ
ဟုတ်တယ်
သူတို့လမ်းလျှောက်နေကြခြင်းသာ
ဒါပေမယ့် တူညီသည့်အချက်က
သည်နေရာကိုရောက်တိုင်း
ခေါင်းငုံ့ကာ လမ်းလျှောက်အကကနေသည့်ကလေးငယ်တိုင်းက
အမှောင်ထုထဲမှ ကိုယ့်ကိုလှည့်ကြည့်သွားကြခြင်းသာ
ပထမတော့လှည့်ကြည့်တိုင်းသွေးပျက်သွားခဲ့ရသူက
အခုတော့ ဟက်ဟက်ပက်ပက်ရီချင်လာခဲ့ပြီ
အော်ရီလို့မရသေးသည့်တိုင်မျက်လုံးကများကပြုံးရောင်သမ်းလာပြီး
နှုတ်ခမ်းကပြုံးယောင်သမ်းလာသည်
မျက်နှာပေါ်ရှိ ခပ်တင်းတင်းအကြောအချဉ်တစ်ချို့
လျှော့လာချိန်တွင်
မထင်မှတ်ပဲကိုယ်ပါသူတို့ဆီကိုလှမ်းလျှောက်မိနေခဲ့ပြီ
သူတို့စည်းဝိုင်းထဲရောက်မှ
သူတို့ကပုရစ်သံလို စီစီ စီစီအော်ခါ
လက်မြှောက်ခုန်ပေါက်ကနေခြင်းမှန်း သိလိုက်ရလေသည်။

esteem
life
writing
2018-05-14 13:40
aprillay(40)
via esteem
This post was published via esteem. Ecency is not the originator or editor of this content and displays it for discovery purposes only.
$ 0.000
1
ည