တွေ့ဆုံခြင်းတွေ ရှိခဲ့ဖူးသလို
ခွဲခွာခြင်းတွေလည်း ရှိခဲ့ဖူးသည်
အမှတ်တရတွေ ရှိခဲ့ဖူးသလို
မေ့မရခဲ့တာတွေလည်း ရှိခဲ့ဖူးသည်
Photo google
ခင်မင်ခဲ့ကြတွေ ရှိခဲ့ဖူးသလို
စိမ်းကားသွားကြတွေလည်း ရှိခဲ့ဖူးသည်
ဆက်ဆံရေးတည်တံ့နေတာတွေ ရှိခဲ့ဖူးသလို
အများကြီးပြောင်းလဲသွားတဲ့သူတွေလည်း ရှိခဲ့ဖူးသည်
ဘာနဲ့မှ မလဲလှယ်နိုင်သည့်အချိန်တွေ ရှိခဲ့ဖူးသလို
ဘာနဲ့မှ အစားထိုးလို့မရသည့်အချိန်တွေလည်း ရှိခဲ့ဖူးသည်
ပြန်မရနိုင်တော့သည့်အချိန်တွေ ရှိခဲ့ဖူးသလို
ပြန်သွားချင်တဲ့စိတ်တွေလည်း ရှိနေသေးသည်
ယခုအချိန်ထိပါပဲ သတိနေတုန်းလေ
ယခုအချိန်ထိပါပဲ လွမ်းဆွေးတမ်းတမိနေတုန်းလေ
တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုထားခဲ့တယ်
တစ်ယောက်နဲ့တစ်ယောက် နားလည်းမှုအပြည့်ရှိခဲ့တယ်
တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်ဖြစ်တည်ခဲ့တယ်
တစ်ယောက်နဲ့တစ်ယောက် ခွင့်လွှတ်ပေးခဲ့တယ်
တစ်ယောက်နဲ့တစ်ယောက် စိတ်ရှည်သည်းခံခဲ့တယ်
တစ်ယောက်နဲ့တစ်ယောက် ကူညီဖေးမပေးခဲ့တယ်
တစ်ယောက်နဲ့တစ်ယောက် အတူမျှဝေခံစားခဲ့တယ်
ဂုဏ်ရွှေငွေစည်းစိမ်ဥစ္စာပစ္စည်းအသိုင်းအဝိုင်း ကင်းမဲ့၏
အားလုံးဟာ တန်းတူညီတူ ဆက်ဆံရေးတွေပဲ ရှိခဲ့သည်
ဆိုးအတူ၊အကောင်းဖက် စည်းလုံးမှုတွေပဲ ရှိခဲ့သည်
တစ်အိုးထဲက ထမင်းကို အများစားခဲ့ကြသည်မဟုတ်
အများထဲက ထမင်းကို တစ်စုတစည်းထဲ စားခဲ့ကြသည်
အဲ့လိုအချိန်အခိုက်အတန့်တွေ ရှိခဲ့ဖူးတာမို့
ဘယ်အခြေအနေပဲရောက်စေကာမူ အမှတ်ရနေပါ၏
ဒါပေမဲ့ ယခုအချိန်မှာတော့ အရာအားလုံးဟာ
အရင်ကနဲ့မတူတော့ပါဘူး အရောင်တွေအထိ
ပြောင်းလဲသွားခဲ့သည်မှာ အမှန်ဖြစ်သည်
တချို့တွေက ကိုယ်နဲ့မတူသလို မတန်သလိုနဲ့
ဆက်ဆံရေးတွေ တင်းမာလာကြ၏
တချို့တွေက အနေစိမ်း၍ လမ်းမှာ တွေ့ရင်တောင်
မျက်နှာလွှဲကာ အမူပျက်သွားကြ၏
တချို့တွေက အပြုံးတွေပျက်ပြီး နှာခေါင်းရှုံ့ သွားကြသည်
တချို့တွေက အမြင်မကြည်ရုံမက အမုန်းဓာတ်ပါနေသည်
အဲ့လို ပြောင်းလဲမှုကြီးတွေလည်း ဖြစ်တည်ခဲ့သည်
အဲ့ထဲမှာမှ မပြောင်းလဲဘဲ အရင်လိုရှိနေသူတွေလည်း
ရှိနေခဲ့သေးသည် ယခုအချိန်ထိပေါ့ ခင်မင်ကြတုန်းပါပဲ
Photo google
အဲ့ထက်အသေချာဆုံးစကားပြောမည်
ငါတို့ဟာ သူငယ်ချင်းထဲကမှ သူငယ်ချင်းကောင်းတွေပါပဲ
သူငယ်ချင်းဖြစ်ခဲ့ဖူးသူအားလုံး အလေးနက်ဆုံးပြောမည်
ယနေ့ထိတိုင် အားလုံးကိုလည်း သူငယ်ချင်းလို့ပဲ
သေသည့်တိုင်အောင် ထာဝရမှတ်သားထားပါ့မယ်