အလိုမကျတိုင်း ရန်ရှာနေရင်
လူမိုက်ဖြစ်သွားလိမ့်မယ်။
စိတ်ညစ်တိုင်း အရက်သောက်နေရင်
အရက်သမားဖြစ်သွားတတ်တယ်။
google
အခက်အခဲတွေ့တိုင်း
ညည်းတွားနေရင် အောင်မြင်မှု့ဆိုတဲ့လမ်း
ပျောက်သွားတတ်တယ်။
အရာရာကို မကောင်းမြင်နေရင်
အဆိုးမြင်ဝါဒီလို့ ခေါ်ခံရလိမ့်မယ်။
အကောင်းမြင်စိတ်ထားတာပါဆိုပြီး
မကောင်းတာကို အကောင်းလုပ်ပြောနေရင်လဲ ငပေါကြီးဖြစ်တတ်တယ်။
ကောင်းတာလေးတွေကို ချီးမွမ်းပြီး
မကောင်းတာတွေကို ဖုံးကွယ်ထားပြန်လဲ
မတရားသော ဘက်လိုက်သူလို့ ပြောခံရလိမ့်မယ်။
ငါလုပ်ဖို့ စောနေသေးတယ် အချိန်အများကြီးကျန်ပါသေးတယ် တွေးတဲ့အခါမှ နောက်ကျသွားတတ်တယ်။
အရာရာဟာ နောက်ကျသွားပြီ
ဘာမှမလုပ်နိုင်ဘူးခံယူလိုက်တာကလဲ
ဘဝကိုအရှုံးပေးလိုက်ရာကျတယ်။
google
ဘဝဆိုတာ ဝမ်းနည်းစရာပဲလို့ အမြဲထင်နေရင် ပျော်ရွှင်မှု့ကိုရှာတွေ့မှာမဟုတ်ပြန်ပါဘူး။
အရာရာဟာ ငါ့အတွက်ချည်းပဲဆိုရင်လဲ
အတ္တ္တကြီးရာကျတာပေါ့။
အရာရာဟာ ငါ့အတွက်မဟုတ်ပါဘူးဆိုပြီး
မှိုင်နေရုံပဲရှိတာပေါ့လို့ ထင်လိုက်တာနဲ့
စိတ်ကျဝေဒနာရှင် ဖြစ်သွားလိမ့်မယ်။
ဘဝဆိုတာ တစ်စုံတစ်ယောက်က သတ်မှတ်ပြဋ္ဌာန်းပြီးသား ဒါမှမဟုတ် အတိတ်ကံကသာ ချယ်လှယ်နေတယ် ယူဆလိုက်ရင် ပစ္စုပ္ပာန်မှာ ရှုံးနိမ့်သွားလိမ့်မယ်။
ဘဝပျက်တယ် ယူဆရင်တော့
ကံကံ၏အကျိုး ပယ်ရာကျပြီး တစ်ဘဝစာအတွက် မလုပ်သင့်တာတွေ လုပ်မိသွားတတ်တယ်။
ဘဝဆက်တယ် မြဲတယ်ဆိုပြီးစွဲလန်းနေရင်လဲ
နိဗ္ဗာန်နဲ့ဝေးသွားလိမ့်မယ်။
သူများပြောတိုင်းယုံနေရင်လည်း
အလိမ်ခံရတတ်တယ်။
ငါမြင်ရ ငါတွေ့ရမှု ငါကိုယ်တိုင်ကြုံဖူးမှ
လက်ခံမယ်ဆိုရင်လည်း ကိုယ့်အဖေအမေတောင် ဟုတ်ပါ့မလားလို့ သံသယ ဝင်သွားနိုင်တယ်။
ခန္ဓာကြီးက ဘာမှမဟုတ်ဖူး မုန်းစရာကြီးပါဆိုပြီး မစားမသောက် မပြုမပြင် ဂရုမစိုက်ပဲ ပစ်စလက်ခတ်နေလိုက်ရင်လည်း ဒုက္ခဖိစီးပြီး အကျိုးမများနိုင်ပြန်ဘူး။
ခန္ဓာကြီးတွယ်တာ မက်မောပြီး အိုဟောင်းသွားတာတွေကိုနှမြောနေပြန်ရင်လည်း စိတ်သောက ဖိစီးပါလိမ့်မယ်။
သော့လေးတစ်ချောင်းရှိတယ်
အဲ့ဒီ သော့လေးနာမည်က အလယ်အလတ်လမ်းစဥ်တဲ့။
တကယ်တော့ ခန္ဓာကြီးကို မုန်းတီးနေရမှာ ရွံရှာနေရမှာ မဟုတ်ပါဘူး။
စွဲလန်းနေရမှာလဲ မဟုတ်ပါဘူး
ရုပ်တရားရဲ့ ဖြစ်ပျက်ပြောင်းလဲပြီး သူ့သဘောသူဆောင်နေတာလေးတွေ ရှု့မှတ်ပြီး အမြဲမရှိနိုင်ပါလားလို့ မြင်တတ်တာကမှ ဥာဏ်အလင်းပါ။
ဘဝပျက်တယ် ဆက်တယ်ဆိုပြီး တထစ်ချကြီး အစွန်းရောက်မနေပါနဲ့။
အတိတ်နဲ့ အနာဂတ်ကြားက ပစ္စုပ္ပာန်မှာသာ ကောင်းအောင်လုပ်ပါ။
အဲ့ဒီအခါ ကျန်ခဲ့တဲ့အတိတ်လဲကောင်းပြီး နောင်လာမယ့် ပစ္စုပ္ပာန်အလောင်းအလျာ အနာဂတ်ကလဲလှပနေမှာပါ။
သူများပြောတိုင်းခေါင်း ငြိမ့်နေဖို့မလိုသလို
ငါမဟုတ်ဖူးဆိုပြီး ခေါင်းခါဖို့ချည်းပဲမလိုပါဘူး။
အကြောင်းအကျိုးတွေ ဝေဖန်ဆန်းစစ်ပြီး ဟုတ်နိုင်သည် မဟုတ်နိုင်သည် ဆုံးဖြတ်ပါ။
အရာရာဟာ ငါ့အတွက် သူ့အတွက်ပါလားလို့ မြင်တတ်ပါစေ။
တရားသေသတ်မှတ်ပြီးသား မဟုတ်သလို
ကိုယ်ပြုတဲ့ ကံတိုင်းဟာ အရာမထင် အထောက်အပံမရှိတာမဟုတ်ပြန်ပါဘူး။
ပြုပြင်ပြောင်းလဲလို့ရတယ်ဆိုတာ နားလည်ပေးပါ။
နောက်ကျနေပြီ စောနေသေးတယ် မသတ်မှတ်ပါနဲ့ ကောင်းမယ်ဆိုရင် ထလုပ်လိုက်ပါ။
ကောင်းတာကိုလဲ မပစ်ပယ်ပါနဲ့။
မကောင်းတာကိုလဲ မဖုံးကွယ်ပါနဲ့။
ကောင်းတာကို ချီးမွမ်းပြီး
မကောင်းတာကို ထောက်ပြဝေဖန် ပြုပြင်ပေးပါ။
အခက်အခဲတွေ့တိုင်း စိတ်ပျက်အားလျော့စရာမလိုသလို
အခက်အခဲကိုလဲ အခက်အခဲ မဟုတ်ပါဘူးဆိုပြီး ပေါ့လျော့လို့မရပြန်ပါဘူး။
အခက်အခဲကို ဘယ်လိုကျော်လွှားရမလဲ ဖြေရှင်းဖို့လုပ်တာက အသင့်တော်ဆုံးပါ။
အရက်သောက်တိုင်း စိတ်ညစ်တာမပျောက်သလို စိတ်ညစ်တိုင်းအရက်သောက်ဖို့ တနည်းပဲရှိတာမဟုတ်ပါဘူး။
ဒီတစ်လမ်းပဲရှိတယ်လို့ ဆုပ်ကိုင်ထားလိုက်တာနဲ့ တခြားလမ်းတွေ မြင်နိုင်ဖို့မလွယ်တော့ပါဘူး။
စိတ်ညစ်တာကိုရင်ဖွင့်ဖို့ ကဗျာ သီချင်းလေးတွေ သီကုံးပြီးဖွင့်ဆိုလဲရပါတယ်။
အလိုမကျတိုင်း ရန်ရှာနေလို့ အလိုမကျမှု့ကို အောင်နိုင်မှာ မဟုတ်ပါဘူး။
အလိုမကျမှု့ကို သီးခံတတ်မှ ငြိမ်းချမ်းမှု့ဆိုတဲ့ အောင်မြင်မှု့ကို ရရှိမှာပါ။
ဘယ်တော့မှ အစွန်းမရောက်ပါနဲ့။
အစွန်းရောက်တဲ့ အရာတိုင်းဟာ
ပြုတ်ကျဖို့ ပိုနီးတယ်ဆိုတာ သတိထားမိပါစေ။