ကလေးများ၏ဦးဏှောက်ဖွံ့ဖြို့မှုသည်
မွေးစမှ အသက် ၆ နှစ်အထိ ဖွံ့ဖြိုးဆဲဖြစ်ပြီး
အသက် ၆ နှစ်ပြည့်မှာ ဖွံ့ဖြိုးမှုရပ်တံ့သွားသည်ဟု
ပညာရှင်များကဆိုထားပါသည်
ထိုသို့ မွေးစမှစတင်ဖွံ့ဖြို့ရာတွင်
အသက် ၁နှစ် ၂ နှစ်အရွယ်မှာ
စိတ်ခံစားမှုအရင်ဖွံ့ဖြိုးပါသည်
ထိုသို့စိတ်ခံစားမှုဖွံ့ဖြိုးရာတွင်
အကောင်းနှင့်အဆိုးနှစ်မျိုးရှိပါသည်
Photo google
ကောင်းသောစိတ်ခံစားမှု
ချစ်တတ်ခြင်း(မိမိကိုယ်မိမိသို့မဟုတ် အခြားသူများအပေါ်)ပျော်ရွှင်တတ်ခြင်း
ဂုဏ်ယူစိတ်ရှိခြင်း
ကိုယ်ချင်းစာတတ်ခြင်း
အကောင်းဘက်ကို မှေျာ်လင့်တတ်ခြင်း
ပျော်ရွှင်ခြင်း
မကောင်းသောစိတ်ခံစားမှု
မုန်းတီးစိတ်ဖြစ်ခြင်း(မိမိကိုယ်မိမိသို့မဟုတ် အခြားသူများအပေါ်)
ကြောက်ရွံ့ခြင်း
ဒေါသထွက်ခြင်း
ဝမ်းနည်းခြင်း
အပြစ်ရှိတယ်လို့ခံစားနေရခြင်း
ရှက်ရွံ့သိမ်ငယ်ခြင်း
နောင်တရခြင်း
ကောင်းသောစိတ်ခံစားမှုဖွံ့ဖြိုးလာစေရန်အတွက်
မကောင်းသောစိတ်ခံစားမှုဖြစ်ပေါ်စေနိုင်သော
အောက်ပါအပြုအမှုများကို
အတတ်နိုင်ဆံုးဆင်ခြင်ကြရပါမယ်
ကလေးများကိုမခံချင်အောင်စခြင်းကလေးကိုမခံချင်အောင်စတတ်ကြပါတယ်
ကလေးများကိုကြမ်းတမ်းသည့်စကားလံုးးများဖြင့်ဆံုးးမခြင်း
(ကလေးတွေကိုပြောစကားနားမထောင်ရကောင်းလား
ဆိုပြီး ကြမ်းတမ်းစွာအော်ဟစ်ဆံုးမပါက
ထိုကလေးမှာ ကြောက်ရွံ့စိတ်များဖွံ့ဖြိုးလာပြီး
အရွယ်မရောက်ခင် ကိုယ့်ကိုယ်ကို သိမ်ငယ်သွားနိုင်ပါတယ်)
ရိုက်ဆံုးမခြင်း
(ရိုက်ဆံုးမခံလို့ကြောက်တဲ့စိတ်ခံစားမှုတွေ
ဖွံ့ဖြိုးလာမယ်ဆိုရင် မိမိကိုယ်ကို ယံုကြည်မှုတွေ
အကောင်းဖက်ကိုမှေျာ်လင့်တတ်မှုတွေနည်းသွားတတ်ပါတယ် အကျိုးသင့်အကြောင်းသင့်ပြောတဲ့အခါ
လက်ခံနိုင်စွမ်းတွေနည်းသွားတတ်ပါတယ်
ရန်လိုတတ်လာပါတယ်)
ကလေးကိုအလေးထားမဆက်ဆံခြင်း
(ကလေးကို ဂရုတစိုက်မရှိပဲ ဦးစားမပေးပဲ ကိုယ့်အလုပ်ကိုပဲဦးစားပေးလုပ်နေမယ်ဆိုရင်
ထိုကလေးတွေမှာ အပြစ်ရှိတယ်လို့ခံစားရပြီး
ပျော်ရွှင်စွာနေလိုစိတ်တွေ ပျော်ရွှင်တတ်မှုစတဲ့စိတ်ခံစားမှုတွေနည်းသွား
တတ်ပါတယ်
ကိုယ်လုပ်ချင်ရာဇွတ်လုပ်တတ်တဲ့အပြုအမူတွေ
လုပ်ဆောင်တတ်ပါတယ်)
ဒါကြောင့်
မိမိရင်သွေးငယ်များကို ဆက်ဆံတဲ့အခါ
လေးစားစိတ်နဲ့ကိုယ်ချင်းစာတရားထားပြီး
မှန်ကန်နည်းလမ်းကျတဲ့ဆံုးမမှုသွန်သင်မှုနှင့်
ပြုစုပျိုးထောင်ပေးကြပါလို့တိုက်တွန်းလိုက်ပါတယ်